Monday 14 June 2010

အဖြေ


ဒီနေ.ဟာငါ.နေ.
မနက်ခင်းစောစော
ဆေးစစ်ကာ
သွေးချိန်ကြည်.တော.
၁၃၈း၈၈ တဲ.
သေချာအောင်သူက
(ဒါ.ရှိဟန်းဘွန်းဟဲ) မယ်တဲ.
ပိုသေချာတယ် ဒီလိုပါဘဲ
ဘာကြောင်.ဖြစ်လဲမမေးပါနဲ.
အကြောင်းအရာတွေလည်း
ထပ်မမေးပါနဲ.
ခန္ဓာနဲ. ၀ိညာဉ်
ယခုထိတည်မြဲခြင်းဟာ
ရှေးအရင်ပြု
ကုသိုလ်ထူးလို.
ပြောစရာအဖြေပဲ
ငါ.မှာရှိတယ်...
ဒါ.ရှိဟန်းဘွန်း= နောက်တကြိမ်

Sunday 13 June 2010

ဇတ်ဆရာ



တင်းကျပ်တဲ. စိတ်အစဉ်
မွန်းကျပ်တဲ့ နေ.တလူ
သိမ်ငယ်မှုတွေ
ဖျောက်ဖျက်ချင်လို.
ငါ.နေရာငါပြန်ခဲ့တယ်
နှစ်လိုဖွယ်အပြုံး
ဖေါ်ရွေသော ပျူ ငါမှု
စိတ်တိုင်းကျတုံ.ပြန်မှုတွေနဲ့
စိတ်ကျေနပ်လို့စွဲကျန်ရစ်အောင်
ဖန်တီးတယ်လို့ ပြောစမှတ်ဖြစ်တယ်
ဒီခရီးဖြစ်ဖို.ရာ
ငါကိုယ်တိုင် ဒါရိုက်တာ
ငါကိုယ်တိုင် သရုပ်ဆောင်
ငါ.ဇတ်ညွန်း ငါရေးလို.
ဇတ်လမ်းတစ်ခု ဖြစ်ခဲ.တယ်...
အခန်းဆက်နဲ.လား
အပိုင်းတွေနဲ့ လား
ယနေ.ထက်တိုင်
မပြီးနိုင်လို့
အကယ်ဒမီဆုနဲ.
ဝေးခဲ့ တယ်..........

Saturday 12 June 2010

နှောင်း.......


ဆိုလ်းမြို.တော်
လမ်းတွေပေါ်
တားဆီးမည်.သူမရှိ
အနှောက်အယှက်မရှိ
ခတ်မှီရုပ်ဝတ္တု
ဆန်းသစ်သောအရာ
သွားလာလှုပ်ရှား
လူအများလမ်းမှာ
ငါလည်းအမြဲသွားနေတာ
စိတ်ပျို၇င် ကိုယ်နု
စိတ်အိုရင် ကိုယ်...?
ဖြစ်လာတာသိပေမယ်.
သွားနေတဲ.ခန္ဓာ
စိတ်ကတစ်နေရာ
အတွေးနယ်ချဲ.
ငါပျော်တာ
ဒီနေရာမဟုတ်ပါ........

ဒါပေမယ်.


အိပ်မက်တွေ
အကောင်အထည်ဖေါ်
စိတ်ကူးတွေတောင်ပံဖြန်.
မင်းရှိတဲ.အရပ် စိတ်ကျေနပ်ဖို.
လုံးလကိုသုံးအားစိုက်ရုန်းလို.
ငါလှမ်းလို.လာခဲ.တယ်........
ငါ.မှာမရှိ..ငါသိပေမယ်.
သူတို.အကူအညီ..ယူခဲ.ပြီမို.
ငါ.ခရီးဖျောင်.ဖျူးတွင်ကျယ်တယ်..
ဇာတိချက်ကြွေ သောကဝေလို.
ခရီးဦိးကြို ပြု ကြ တယ်...
ငါ.ပတ်ဝင်းကျင် ငါ.ကိုမြင်
မေးကြ မြန်းကြ စပ်စုတယ်....
အပြီး မပြန်နိုင် အခြေလည်းမခိုင် လို.
ချက်ကြွေဒေသ မုန်းစာပြ ပြီး
အဝေးမှာ နေတာ ကောင်းပါတယ်...

အပူ


ဒီနှစ် နွေ
ပူပြင်းလိုက်တာ
အရင်နှစ်တွေထက်
ပိုပူပါတယ်...
ရေဗူးနဲ.ဖိနပ်မပါရင်
နွေခါမှသိမယ်ဆိုတဲ.
စကားပုံတွေကလည်း
မှန်တာတွေထက်
ပိုမှန်တယ်...
အေးမြတဲ.အရိပ်အာဝါသ
ရွှေတောင်ပြိုလို.မရှိပါတယ်
လောကဟာပူပြင်းသလို
သောကဟာလည်းပူလွန်းတယ်....

တွေ့ခွင့်


ပိတောက်ရယ်
မင်းနဲ.ဆုံဖို.
ငါရောက်အောင်
ကြိုးစားခဲ.တယ်...
မျော်လင်.လို.
လာ ခဲ.သူ
ရင်မောအောင်
မင်းအဝေးထွက်ပြေးတယ်
မင်းနေရာ ငုဝါတွေရောက်လို.
မင်းပွင်.လန်းဖို.
အေးမြတဲ.မိုးစက်
သနားလို.ရွာပေးဖို.ကို
တစက်တလေမှ
မရှိရှာလေတော.
မင်းနဲ.ကိုယ်
ပြန်ဆုံဖို. ဝေးခဲ.ရတယ်....