Thursday 30 September 2010

စိတ်


နှင်း မင်းထွက်သွားတော့
အေးမြမှုတွေအလိုလို
ပျောက်ခဲ့တယ်။
အစားထိုး
မရနိုင်ခဲ့ဘူး။
ပူလွန်းတဲ.နွေရောက်ခဲ.တယ်
ရံဖန်ရံခါ
မိုးအလည်ရွာတယ်။
သူကိုလည်း
နေ.စဉ်မျှော်လို့မရခဲ.ဘူး။
သူစိတ်ထဲရှိရင်လာမယ်
သူ့ရင်ထဲရှိရင်ရွာမယ်ပေါ.
အချိန်တန်ရင်
နှင်းပြန်လာမှာသိပေမယ်.
ရေခဲတမျှ အေးမြတာလည်း
မနှစ်သက်ဘူး
မီးတောက်လို ပူလောင်ရင်လဲ
မကြိုက်ဘူး
မဇ္ဈိမပဍိပဍာ လို
အလည်အလတ်သဘောကိုပဲ
လိုချင်တယ်.......။

Wednesday 29 September 2010

တစ္ဆေ


ရင့်ကျက်သွားတာလားတဲ့
မဟုတ်ပါဘူး
အစားထိုးစရာတွေရှိလို့တဲ.
လုံးဝမဟုတ်ပါဘူး
ထိချက်တွေကပြင်း
သိရက်နဲ.မငြင်းဘူးဆိုရင်
ငါဆိုတဲ့ ငါ
ခဲမှန်ဘူးတဲ့ စာ
ချစ်ရမှာကို
ကြောက်နေသူပါ.....။

Tuesday 28 September 2010

တမ်းချင်း


နေရစ်တော.
မြို.ရန်ကုန်
ငါက မထားခဲ.ပါဘူး
မင်းနှင်လို.
အဝေးလွှင်.သူက
ငါမှငါ တစ်ကိုယ်ပါ
“ရွှေဗဟိုစည်သံ
မကြားတဲ.အဝေးမှာ
တာဝန်လွယ်ကာ
စစ်ကြောင်းထွက်နေရ”
ကိုထီးဆိုင်
သီချင်းကိုညည်းလို.
တေးသွားတွေလည်း
ထပ်နေပြီ.......
“ပြည်တော်မပြန်နိုင်တဲ.
မင်းခယောက်ကျား
ကိုယ်ရယ်ပါ..ကိုယ်ရယ်ပါ..။

ဓါတ်ပုံကို နေနေနိုင်ဘလော.မှကူးယူဖေါ်ပြပါသည်

ခဏတာ


နွေဦးကိုကျော်
မိုးကိုမျော်လို့
မိုးမင်းသည်းကာ
လာချေပြီ....
တစ်ပေါက်စ
နှစ်ပေါက်စ
ရွာမည်.ဟန်လုပ်
မိုးမင်းအကြံ
မသိနိုင်....
မိုးခြိမ်းသံပေး
လင်းလက်စီးလို့
ထစ်ချုန်းမိုးပြေး
လာသွားသည်..။

Friday 3 September 2010

လိုအပ်ချက်


ထား ခဲ့ ပါ

ငါမပိုင်ပါဘူး

နေ့ နဲ့ ညအလှည်.အပြောင်းမှာ

ပြောင်းပြန်အဖြစ် ငါနေရစ်လို့

အခွင့်အေ၇း ငါ့ မှာ မရှိပါ။

မှားတဲ့ဘက် မလှည့်ပါဘူး

သွားတဲ့ဘက် အမှန်ထင်လို့

မှားလည်းသွားမြဲ သွားမှာပါ။

ပြောရေးမရှိ ဆိုရေးမသိ

ကိုယ့်အကြိုက်မရှိ

အများအကြိုက်သိလို့

ငါ့ အတွက် ဆိုတာ

မ ရှိ ခဲ့ ပါ.......။