Monday 29 November 2010

ငါ့အဖြစ်


ကောင်းကင်မှာကြယ်တွေလက်

လမင်းက ထိန်ထိန်သာ

ဒီအချိန်..ဒီနေရာ

မတည်ငြိမ်ပါ..စိတ္တဇ နဲ့

ရင်ခွင်မှာ အပူမီးကထွက်

ရင်မှာသာမအေးတယ်

အပြင်မှာကပိုအေးတယ်

ဆောင်းတွင်းအိပ်မက်

ဂယောက်ဂယက် လို့ပြော

မနှောက်ယှက်ပါနဲ့ ဆိုလည်း

ရောက်ဆဲသက္ကရာဇ် ခုချိန်တိုင်

မပြောင်းလဲတဲ့ အိပ်မက်တွေ

ထပ်တ လဲ လဲ မက်ခဲ့တယ်...။

Thursday 11 November 2010

ငါနဲ့အတူ


လက်ရှိ ငါ့နေရာ

မနက်ခင်းလူသူမကွဲ

ဝိုးတစ်ဝါးအမြင်ဖန်တီးစေတဲ့

မြူတွေမစဲ ရှိနေတယ်..။

သုညအမှတ်အအေးဓါတ်နဲ့

ဟီတာဖွင့်လို့ စောင်ခြုံတယ်..။

စပါးရိတ်ချိန်ပြီးကာနေလို.

ကွင်းပြင်မှာရေဘဲတွေမြူးကြတယ်..။

မျက်နှာထားတင်းေ၇မျက်နှာပြင်က

တင်းကာခဲလို့ အစပြုတယ်....။

မငြိမ်းချမ်း သွင်ပြင်

ငါ့ ရင်ခွင်ဟာ

ဝေဒနာ မစဲရှိနေတယ်....။

သုံးရာသီ


အေးမြတဲ့ဆောင်းရာသီ

သူ့အလိုလိုရောက်ခဲ့ပြန်ပြီ

အော်..ဘာလိုလိုနဲ့

၂၀၁၀ ဆိုတာကလည်း

နောက်လဆိုပြီးဆုံးတော့မည်။

ရွက်ဟောင်းတွေကြွေ

ရွက်သစ်တွေမဝေနိုင်သေး

သွေးခဲမတတ်အအေးဓါတ်ကို

လူးလဲကာဒဏ်ခံလို့

ပင်စည်မှာ၇ိုးတံတွေနဲ့သာ

နွေကိုမျှော်ငေး.........