Thursday 30 June 2011

အနားသတ်ကမ်းစပ်


ငါသွားတဲ့လမ်း
စမ်းတ၀ါးဝါးနဲ့
နှစ်ရှည်လများ
လျှောက်ကာသွားခဲ့ပေါ့
ပျော်စရာနေ့တွေလည်း
တချို.တ၀က်ရှိခဲ့တယ်...
တမ်းတစရာ
လွမ်းခဲ့တဲ့အရာတွေလည်း
ငါကိုယ်ပိုင်ဖြစ်ခဲ့ပါတယ်...
သိသိသာသာနဲ့
အောင်မြင်မှုဆိုတာ
တိုးတက်မလာပေမယ့်
ဒီ့အပြင်လမ်းထပ်ကာငါလှမ်းလို့
ရွေးဖို့အတွက် မရှိခဲ့ပါ....
သက်ေ၇ာက်မှုရှိတဲ့
တုန့်ပြန်မှုတွေနဲ့
ငါ့ဆီေ၇ာက်ရှိ
နူးညံတဲ့အချစ်ကိုလည်း
သိမ်ငယ်မှုတွေနဲ့
တုန့်ပြန်မှု ဆိုတာ
မတတ်စွမ်းခဲ့ပါ....
သံယောဇဉ်အရင်းအနှီး
တန်ဖိုးရယ်ကြီးလေတော့
အပြင်လူမသိ
ဒီလူသာ ရင်ထဲထိခဲ့တာပါ..
လွမ်းတတ်တာ ၀ါသနာလို့
ငါ့ဟာငါပြောငါ့ဇတ်မျောမှာ
အဆန်မရှိစုန်ကာဆင်းပြီး
သမုဒ္ဓရာေ၇စီးကြောင်း
မျောပါပြောင်းလို့
အနားသတ်မဲ့ ကမ်းစပ်
ငါ့ဆီတစ်နေ့
ေ၇ာက်လာပါလို့သာ.....

Tuesday 28 June 2011

မိုးသည်းနေ့



ဥတုနွေခုလိုအချိန်မှာ

အိုက်ခါပူ နွမ်းလျှနဲ့

အေးစက်မည့်အေ၇း

တွေးကာနေတယ်..

မုန်တိုင်းရယ်ထန်

မိုးရယ်ပြန်ကာရွာလေတော့

အပြင်မှာအေးရင်မှာဆွေးပြန်တယ်

ခဏတာစဲ ပြန်ကာသည်းပြီး

ညှိုးကာမစဲ ဆိုလ်းမှာ

မိုးတွေသည်းနေတယ်

မှိုင်းညို့ ကာအုံ.ဆိုင်း

တစိမ့်စိမ့်နဲ့အေး

လွမ်းဆွေးကာတွေးရင်း

အပြင်မှာမိုး မစဲ

ငါ့ရင်မှာမိုးသည်းတယ်....

လေပြင်းတွေတိုက်မိုးကထန်

မူမမှန်မတည်ငြိမ်ပြန်တော့

ကောက်ခါငင်အတွေးတွေနဲ့

ကဗျာတွေေ၇းဖြစ်ပြန်တယ်....

Thursday 23 June 2011

ထာဝရအတွက်


အချစ်ကိုလေ

ဆိုလိုချက်အမျိုးမျိုး

ဖွင့်ဟမှုအသွယ်သွယ်နဲ့

စီကာပါတ်ကုံးသီကာသုံးပြီး

ချစ် တတ်ကြပါတယ်...

သူ့မှာ နောက်ဆက်တွဲအနေနဲ့

သ၀န်တို၊အမြင်ပို၊အလွမ်းအဆွေး

သောကဗျာပါတွေလဲ ရှိတယ်

ဒီ့ထက်ပိုကာအဆုံးသတ်

အမုန်းဇတ်တွေနဲ့ ပြီးတယ်

ဒီလိုမဖြစ်အောင်

နားလည်မှုကိုဆောင်

စာနာကာတွက်ဆ

ညှာတာကာယုယပြီး

မာနတွေခ၀ါချ

သဒ္ဒါတွေတိုး

အကြင်နာ မိုးလို့

ကြည်ဖြူစွာ ချစ်ကြစို့....

Tuesday 21 June 2011

ဒါဟာအချစ်

ချစ်သူ

ငါတမ်းတစွာ သတိရမိပါရဲ့

ပိုင်ဆိုင်မှုမရှိတဲ့ နေရာ

လွတ်လပ်မှုမရှိတဲ့အဖြစ်

၂း၃၀ ဆိုတဲ့အချိန်အပိုင်းအခြား

ဝေးကွာစွာ ဒို့တတွေကို

ပိုင်းခြားကာ ထားလေသလား

နူးညံတဲ့ စကားလုံးတွေ

ညင်သာတဲ့ အတွေ့ အထိ

သောက်လေငတ်မပြေဆားငန်ေ၇

ရင်ထဲဆူးညိ မတွေ့စဖူး

အတွေ့ထူးလို့

နှလုံးသားကျွမ်းအောင်

ဖြစ်ခဲ့ရတယ်ဆိုရင်

ဒါဟာအချစ်လို့ ဆိုနိုင်မလား

Thursday 9 June 2011

နားခိုရာ


စာေ၇းလိုက်ပါတယ် ချစ်သူ

မင်း ကို လွမ်း တဲ့ ရက် တွေ

အမြင့်ပျံငှက်တစ်ကောင်လို

တောင်ပံဖြန့်အားခွန်စိုက်လို့

ငါ ပျံ သန်း နေ ပါ တယ်.....

နားခိုရာဘယ်ဝယ်ဘယ်ဆီ

ငါ့ ခ ရီး တကယ် မနီးလို့

ညောင်း ကျ တောင် ပံ

ဆက် မ ပျံ နိုင် လည်း

နောက် ဆုံး ထွက် သက်

ချစ် သူ ရှိ တဲ့ ခို နားရင်ခွင်

နှ လုံး သား သ ခင် ဆီ

ေ၇ာက် အောင် ပျံ ဖို့

ကြိုး စား မယ်.................။