Monday 20 February 2012

တန်ကြေး

နေ့စဉ်လှုပ်ရှား
ရုန်းကန်အားနဲ့
အသပြာငွေအတွက်
စွန့်ကာစားလို့
ပြောမကုန်တဲ့
လောကကျယ်မှာ
အပေးအယူ
အရင်းအနှီး
မကြားရက်အောင်
ရှိခဲ့ကြားမှာ
တွယ်ကာနှောင်ဖွဲ့
သံယောဇဉ်လည်း
တဖွဖွပြောတဲ့
အချစ် ဆိုတာလည်း
နှလုံးသားသက်သက်
ခံစားမှုတွေလည်း
ဒီ အသပြာအတွက်
လဲ ခဲ့ ကြ တယ်.........

Wednesday 15 February 2012

အမေ ထံသို့

မသိတာ မဟုတ်ခဲ့ဘူးအမေ
မရှိတာကို ထုတ်ပြောဖို့ခက်တာပါ
စွန့်ခွာတာကြာခဲ့တော့
အမေ့ရင်ကိုသတိရပါတယ်

လမ်းတွေကခက်တယ်အမေ
အလှမ်းတွေလည်းကွာဝေးတော့
အမေ့သားအသိတွေက
ပြင်ဖို့ကြိုးစားရင်း
ခက်သထက်ခက်
နက်သထက်နက်ပါတယ်

အမေ့ဆီကပို့သမေတ္တာတွေလေ
သား ကျေနပ်စွာခံယူရင်းနဲ့
သားမပျော်တဲ့ ဒီလိုနေရာတွေမှာ
ဝမ်းစာအတွက်ကြိတ်မှိတ်ငြိမ်ခံရင်း

တာဝန်မကျေတဲ့ သားအပြစ်တွေအတွက်
ခွင့်လွှတ်ပါလို့ တောင်းပန် ကန်တော့ရင်း
အမေ ကျန်းမာချမ်းသာပါစေလို့သာ.......





                   

Wednesday 8 February 2012

လွမ်း တဲ့အခါ

လွမ်းတဲ့အခါ
စာရွက်ပေါ်ချမေ၇းဖြစ်တဲ့
နှလုံးသားမှစကားတွေလဲ
ငါ့စိတ်ထဲဖွင့်အံထွက်လို့
ချစ်သူဆီအေ၇ာက်
သွားခဲ့တယ်.....

လွမ်းတဲ့အခါ
ကျမျက်ရည်တစက်နှစ်စက်
မျက်ဝန်းမှာခိုစီးကာစိုလို့
လူမသိအောင်လဲ
ဖြစ်ခဲ့တယ်.....

လွမ်းတဲ့အခါ
ချစ်သူ၇ှိတဲ့ဆီ
နှစ်ယောက်ဆုံခွင့်
ချစ်တင်းနှီးနှော
မြူးကာပျော်လို့
အိပ်မက်ခါခါ
မက်ခဲ့တယ်.....

လွမ်းတဲ့အခါ
အိုးအိမ်ထူထောင်
သူ့ရဲ့ဘ၀မြင့်မားလှပ
အခြေကျဖို့  
ကြိုးစားအားသွန်
မကြာခင်နီးဖို့
ကိုယ့်အားကိုယ်ပေး
နှစ်သိမ့်ရင်းသာ
နေပါတယ်....