Friday 7 December 2012

ပကတိ

ဒီဇင်ဘာ
အေးစက်မည့်လ
သွေးခဲမည့်လ
အရင်ကသည်နေရာ
အနေမတတ်
ရင်ခွင်လှိုက်ဆွေး
တစ်ထောင့်တစ်ည
ပုံပြင်လေးပေါ့လေ
ရင်ခွင်ကအနွေးဓါတ်
အပြင်မှာအရှိန်ပြင်း
ခုများတော့ပကတိ
အလွမ်းရယ်မရှိ
အကျွမ်းတ၀င်
မညီညွတ်လို့
ခံစားချက်တွေ
ချပြဖို့တောင်
ငါရင်လေးနေတယ်...........