Tuesday 7 December 2010

သိသင့်ပြီ


ရောင်စုံမီးတွေကြား

ငါဟာလမ်းသလားလို့

မြို.ပြရဲ့ ညသင်္ကေတတွေလှ

ငေးမောကာလျှောက်လှမ်း

တွေးတောကာလွမ်းပြီး

ငေးမောကာသွားနေတယ်။

အချိန်တန်အိမ်ပြန်ဖို့

ဘယ်အချိန်မှတန်မလဲလို့

အဖြေမရှိတဲ့ ပုစ္ဆာ

ငါလေ တကယ်မသိလို့ပါ...

Monday 29 November 2010

ငါ့အဖြစ်


ကောင်းကင်မှာကြယ်တွေလက်

လမင်းက ထိန်ထိန်သာ

ဒီအချိန်..ဒီနေရာ

မတည်ငြိမ်ပါ..စိတ္တဇ နဲ့

ရင်ခွင်မှာ အပူမီးကထွက်

ရင်မှာသာမအေးတယ်

အပြင်မှာကပိုအေးတယ်

ဆောင်းတွင်းအိပ်မက်

ဂယောက်ဂယက် လို့ပြော

မနှောက်ယှက်ပါနဲ့ ဆိုလည်း

ရောက်ဆဲသက္ကရာဇ် ခုချိန်တိုင်

မပြောင်းလဲတဲ့ အိပ်မက်တွေ

ထပ်တ လဲ လဲ မက်ခဲ့တယ်...။

Thursday 11 November 2010

ငါနဲ့အတူ


လက်ရှိ ငါ့နေရာ

မနက်ခင်းလူသူမကွဲ

ဝိုးတစ်ဝါးအမြင်ဖန်တီးစေတဲ့

မြူတွေမစဲ ရှိနေတယ်..။

သုညအမှတ်အအေးဓါတ်နဲ့

ဟီတာဖွင့်လို့ စောင်ခြုံတယ်..။

စပါးရိတ်ချိန်ပြီးကာနေလို.

ကွင်းပြင်မှာရေဘဲတွေမြူးကြတယ်..။

မျက်နှာထားတင်းေ၇မျက်နှာပြင်က

တင်းကာခဲလို့ အစပြုတယ်....။

မငြိမ်းချမ်း သွင်ပြင်

ငါ့ ရင်ခွင်ဟာ

ဝေဒနာ မစဲရှိနေတယ်....။

သုံးရာသီ


အေးမြတဲ့ဆောင်းရာသီ

သူ့အလိုလိုရောက်ခဲ့ပြန်ပြီ

အော်..ဘာလိုလိုနဲ့

၂၀၁၀ ဆိုတာကလည်း

နောက်လဆိုပြီးဆုံးတော့မည်။

ရွက်ဟောင်းတွေကြွေ

ရွက်သစ်တွေမဝေနိုင်သေး

သွေးခဲမတတ်အအေးဓါတ်ကို

လူးလဲကာဒဏ်ခံလို့

ပင်စည်မှာ၇ိုးတံတွေနဲ့သာ

နွေကိုမျှော်ငေး.........

Saturday 23 October 2010

တစ်ခုတည်းသာ


ကဗျာေ၇းမယ်စာေ၇းမယ်

ခဏလေးကွယ် ငါ့ဘေးဝယ်

ထိုင်ပေးသူ အဖေါ်မဲ့လို့

မှိုင်ငေးမယ် ထိုင်ဆွေးမယ်

လွမ်းလို့စာစီ တွေးလို့သီကုံး

့ခံစားချက်ထုတ်ဖေါ်

အမှန်တရားအတွက်

သရုပ်ဖေါ်လို့

ငါ့စာမျက်နှာ ငါပိုင်တယ်။

Friday 22 October 2010

လူ့အလို


အေးမြတဲ့ လေနုအေးတွေမလာခင်

ထစ်ကာချုန်းမိုးတွေသည်းလို့

လေပြင်းတွေပွေလီခဲ့သည်။

အပူကြီးလို့အိုက်စပ်ကာနှုံး

သည်တိုင်းပြည်နွေရာသီမှာ

မိုးကိုမျော်သူရောက်လာလို့

ွှအပူလည်းလျော.လူလည်းကျော့

နေလို့ကောင်းအောင်ဖြစ်ခဲ့သည်။

များမကြာမီဆောင်းရာသီ

ေ၇ာက်ခါရယ်နီးနေပြီ

ချမ်းလို.ရယ်ခိုက်ခိုက်တုန်

အေးခါေ၇ခဲနှင်းထုထဲမှာ

အနွေးဓါတ်မျှော်သွေးမခဲစေဖို.

မမျှတတဲ့ဒီလောကမှာ

တရားရကာနေလေပြီ....။

သို့သော်လည်း


မြန်မာပြည်မှာမွေး

မြန်မာပြည်မှာကြီး

ဒီမြေဒီရေ ဒီသဘာဝနဲ့

စိတ်ထဲကျေနပ်ပျော်ခဲ့သည်။

ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုး

သောကအထွေထွေ

အမျိုး မျိုး ပွေလို့

စွန့်စားလမ်းခ၇ီးထွက်ကြသည်။

သူတို့ရေမြေ သူတို့ငွေနဲ့

လောက်ငကာသူတို့ပျော်ကြသည်။

ဒို့တိုင်းပြည် ဒို့ လူမျိုး

ဒို့ဝင်ငွေ အဖတ်မတင်လေတော့

ကိုယ့်ရွာပြန်ဖို့ ခက်ပါပြီ...။

ကျန်ရစ်


သူ့နေရာနဲ့သူ
မူယာတွေပို
ကြည်သာကာဆိုဖွဲ့စကား
နားဝမှာကြားလို.ထား
ဖျက်လို့ကွယ်တားမရဘူး
အမျက်ဖို့တယ်ကြားတစ်ယောက်က
ဖျက်လို့၇ယ်တားဆီးထားတော့
ခက်လို့ရယ်အခြားတစ်ယောက်မှာ
ဝေးလို.ကွယ် ထားခဲ့ တယ်...။

လပြည်.အလွန်


လပြည့်ညမစဲတဲ့မိုး

ဝိုင်းစက်လဘယ်နေရာပုန်းလို.

ေ၇ာက်နေဆဲ ဒီအချိန်မျိုးမှာ

ငြိုးမာန်ဖွဲ့ သွန်းကာဖြိုးတော့

နွေခေါင်ခေါင်အပူတောမှာ

ေ၇လည်ခေါင်ေ၇ာက်သလိုမျိုး

ဖြစ်ခဲ့ရပြန်တယ်....။
တော်သလင်းလပြည်.ညအမှတ်တရ

Thursday 7 October 2010

ညလူ


ဟိုင်းဝေးလမ်းပေါ်က
ကားသံတွေကြားပါရဲ.
အမြင်ကမကွဲပြားဘူး
နှင်းထုကပိတ်လို.မှောင်
မြူမှောင်ကပိတ်လို.ဆင်း
နီယွန်မီးလဲမတိုးနိုင်ဘူး
ဝိုးတ၀ါးနှင်းတွေကြားမှာ
နိုးကြားစွာအသိရှိလို.
ခိုင်းတာတွေအကုန်ပြီးအောင်
အိပ်ချင်စိတ်ဖျောက်
ကော်ဖီသောက်လို.
ငါ.အလုပ်ငါလုပ်
ငါ.အကြောင်းငါတွေး
တစ်ကြောင်းနှစ်ကြောင်း
စာတွေရေးပြီး
မိုးလင်းမှငါအိပ်ရမယ်...။

Thursday 30 September 2010

စိတ်


နှင်း မင်းထွက်သွားတော့
အေးမြမှုတွေအလိုလို
ပျောက်ခဲ့တယ်။
အစားထိုး
မရနိုင်ခဲ့ဘူး။
ပူလွန်းတဲ.နွေရောက်ခဲ.တယ်
ရံဖန်ရံခါ
မိုးအလည်ရွာတယ်။
သူကိုလည်း
နေ.စဉ်မျှော်လို့မရခဲ.ဘူး။
သူစိတ်ထဲရှိရင်လာမယ်
သူ့ရင်ထဲရှိရင်ရွာမယ်ပေါ.
အချိန်တန်ရင်
နှင်းပြန်လာမှာသိပေမယ်.
ရေခဲတမျှ အေးမြတာလည်း
မနှစ်သက်ဘူး
မီးတောက်လို ပူလောင်ရင်လဲ
မကြိုက်ဘူး
မဇ္ဈိမပဍိပဍာ လို
အလည်အလတ်သဘောကိုပဲ
လိုချင်တယ်.......။

Wednesday 29 September 2010

တစ္ဆေ


ရင့်ကျက်သွားတာလားတဲ့
မဟုတ်ပါဘူး
အစားထိုးစရာတွေရှိလို့တဲ.
လုံးဝမဟုတ်ပါဘူး
ထိချက်တွေကပြင်း
သိရက်နဲ.မငြင်းဘူးဆိုရင်
ငါဆိုတဲ့ ငါ
ခဲမှန်ဘူးတဲ့ စာ
ချစ်ရမှာကို
ကြောက်နေသူပါ.....။

Tuesday 28 September 2010

တမ်းချင်း


နေရစ်တော.
မြို.ရန်ကုန်
ငါက မထားခဲ.ပါဘူး
မင်းနှင်လို.
အဝေးလွှင်.သူက
ငါမှငါ တစ်ကိုယ်ပါ
“ရွှေဗဟိုစည်သံ
မကြားတဲ.အဝေးမှာ
တာဝန်လွယ်ကာ
စစ်ကြောင်းထွက်နေရ”
ကိုထီးဆိုင်
သီချင်းကိုညည်းလို.
တေးသွားတွေလည်း
ထပ်နေပြီ.......
“ပြည်တော်မပြန်နိုင်တဲ.
မင်းခယောက်ကျား
ကိုယ်ရယ်ပါ..ကိုယ်ရယ်ပါ..။

ဓါတ်ပုံကို နေနေနိုင်ဘလော.မှကူးယူဖေါ်ပြပါသည်

ခဏတာ


နွေဦးကိုကျော်
မိုးကိုမျော်လို့
မိုးမင်းသည်းကာ
လာချေပြီ....
တစ်ပေါက်စ
နှစ်ပေါက်စ
ရွာမည်.ဟန်လုပ်
မိုးမင်းအကြံ
မသိနိုင်....
မိုးခြိမ်းသံပေး
လင်းလက်စီးလို့
ထစ်ချုန်းမိုးပြေး
လာသွားသည်..။

Friday 3 September 2010

လိုအပ်ချက်


ထား ခဲ့ ပါ

ငါမပိုင်ပါဘူး

နေ့ နဲ့ ညအလှည်.အပြောင်းမှာ

ပြောင်းပြန်အဖြစ် ငါနေရစ်လို့

အခွင့်အေ၇း ငါ့ မှာ မရှိပါ။

မှားတဲ့ဘက် မလှည့်ပါဘူး

သွားတဲ့ဘက် အမှန်ထင်လို့

မှားလည်းသွားမြဲ သွားမှာပါ။

ပြောရေးမရှိ ဆိုရေးမသိ

ကိုယ့်အကြိုက်မရှိ

အများအကြိုက်သိလို့

ငါ့ အတွက် ဆိုတာ

မ ရှိ ခဲ့ ပါ.......။

Tuesday 24 August 2010

အားဆေး


တည လုံးတွေးခဲ.တဲ.အတွေး
မိုးလင်းအာရုံလာပြီရပ်ပါတော.လား
ဒီတစ်၇က်ထဲပြီးသွားတာမှမဟုတ်တာ
နောက်နေ.လဲလာနေမှာပဲလေ
ရောင်နီလာလို.လင်းရောင်သန်း
မနက်ခင်းကြက်သရေရှိအောင်
အတွေးကိုရပ်အဆွေးကိုသတ်ပြီး
ပရိတ်တရားလေးကိုဖွင်.
စိတ်အားလေးကိုမြှင်.ပြီး
တစ်နေ.တာအချိန်တွေ
ကျော်ဖြတ်ရအောင်......

မကြာခင်


အေးမြတဲ.လေနုအေးတွေ
အပြင်ဘက်တိုက်ခတ်နေဆဲ
ရွာမည်.မိုးကိုမျော်ကာနေ
ကောင်းကင်မှာတိမ်ညိုမဲ
ပြည်.လုနီး လစန္ဒာကို
ဖုံးကွယ် နေမြဲ
မနက်ဖြန် ဆို
တစ်ခါလပြည်.ပြီမို.
ရာသီတွေပြောင်းလည်း
အချိန်တွေပြောင်းလည်း
လပြည်.ညအချိန်တွေဆိုရင်
လမင်းကိုမော.ကာကြည်.လို.
သီချင်းဟောင်းတစ်ပုဒ်ကို
ညဉ်းကာနေမြဲ.......

Sunday 1 August 2010

မရှိတဲ.အရာ


နေ. သူ့အတိုင်းပုံမှန်ရှိနေတယ်။
ည သူ့အချိန်နဲ့ သူမပြောင်းလဲဘူး
ဝိုင်းစက်တဲ.လမင်း
သူ့အချိန်နဲ.သူပါ။
ပုံမှန်အတိုင်းသွားနေတဲ.
ရထားတွေ၇ှိတယ်...။
အချိန်မှန်ဖြတ်နေတဲ.
ကားတွေရှိတယ်....။
စိမ်းလန်းတဲ.
လယ်ကွင်းစိမ်းတွေ၇ှိတယ်..။
မှိုင်းညို.ညို.
တောင်တန်းတွေ၇ှိတယ်..။
အချိန်မှန်ပုံမှန်အလုပ်ရှိတယ်
အများအကြိုက်
များလိုက်တဲ.အရာတွေ
သူ့နေ၇ာသူရှိနေတယ်...။
ငါ့အကြိုက်
သာယာမှု
ဒီမှာမရှိဘူး...............။

Tuesday 20 July 2010

နှစ်သိမ်.


မနှစ်ကဒီလိုအချိန်
ပျော်ရွှင်ခြင်းဆိုတဲ.
သတ်မှတ်ချက်တစ်ခု
ရင်ထဲမှာဗလပွနဲ.ပေါ.
ပူလွန်းလှတဲ.နွေဂိမာန်
ဖြတ်ကျော်ခဲ.တယ်...
စွေလွန်းတဲ.မိုးသည်းကိုမမှုဘဲ
ရေခဲမှတ်ကျော်ဆီးနှင်းထူမှာလည်း
အားတင်းလို.နေခဲ.ပါတယ်....
အချိန်ကာလတစ်ခု
ပြီးဆုံးလို.အိပ်တန်းပြန်ချိန်
ထပ်တိုးလို.ကျလာတဲ.
အကျဉ်းစံအကျဉ်းသားအတွက်
လျော.ရက်မဟုတ်၇တောင်
လွပ်ငြိမ်းချမ်းသာခွင်.လေးတော.
ရှိသင်.ပါတယ်.........။

အရှုံး


အောက်.မေ.လို. မတမ်းတတော.ဘူး
စွဲလမ်းလို. အသည်းမကျွမ်းဘူး
သေချာဆုံးအဖြေတစ်ခုပေးဖို.
နုတ်ဖျုားကဆွံအ
ရင်ဝကဒဏ်ရာဗလပွနဲ.
ခံရသူ ကိုယ်တိုင်မှာ
ပြောဖို.ရာခက်
မေ.ဖို.ရာမလွယ်တဲ.အတွက်
ချည်နှောင်တဲ.ကြိုး
ဆက်ထုံးများနဲ.မုန်းဖို.
ပြောရင်လည်းခံမည်.သူပါ
ထားရင်လည်းနေခဲ.ရသူပါ...............

july


တစ်ခုသော july
ငါမမေ.နိုင်
အိမ်ကစထွက်
july 10 ရက်
2006 ရဲ.နေ.တရက်
သက္ကရာဇ်ကိုကျော်
ယနေ.အဖြစ်တွေရယ်
မတော် လို.
နှစ်ကြာကာမက်တဲ.
အိမ်မက်သာ ဆိုခဲ.ရင်
အမြန်နိုးလို.
အရင်အတိုင်း
ရှိပါစေတော့...........

Saturday 17 July 2010

နေ.စဉ်အတွေး


ည မိုးစက်မိုးပေါက်တွေ
ကျဆင်းနေလေရဲ.
အချိန်ကိုကြည့်တော့
သန်းခေါင်ကိုကျော်လို.
နောက်နေ.ရဲ.မနက် ၃ နာရီလေ
အချို.သောသူတွေ
နှစ်ခြိုက်စွာ အိပ်ပျော်လို.
အိပ်မက်တွေဖလှယ်နေဆဲ
အံမ၀င် ဂွင်မကျတဲ.
ဖြစ်သမျှ ဒသနအစုံကို
မိုးအေးလို. အညှိုးအတေးတွေနဲ.
အရိုးဆွေးအောင်အမှတ်ရှိခဲ.သူမှာ
ညမှာအအိပ်ခက် နေ.မှာနိုးတ၀က်နှင်.
မျက်မပြေ သူ.ခရီး သူနှင်ပြီး
ဝေးသောအရပ်မှာ မပျော်ရှာ...........

လောဘ

အချစ်နဲ.ပါတ်သက်လို.
တစ်ခါတစ်ရံပြောချင်စိတ်တွေဖြစ်လာပေမယ်.ပြောဖို.အရာတွေကလည်း
ဆွံအနေလို...တေမိဖြစ်ခဲ.ရပြန်တယ်..အချစ်ဆိုတာကိုယ်ကလည်းမပေးနိုင်ဘဲနဲ.
လိုချင်ဆန္ဒတစ်ခုတည်းအတွက်ဖြစ်ပေါ်လာတာတွေအတွက်တော.မလွန်ဘူးလား

“တကယ်ဆိုအချစ်ဘဲလိုတယ်တဲ.” နားထောင်ကြည်.ကြပါအုံး.............

Monday 14 June 2010

အဖြေ


ဒီနေ.ဟာငါ.နေ.
မနက်ခင်းစောစော
ဆေးစစ်ကာ
သွေးချိန်ကြည်.တော.
၁၃၈း၈၈ တဲ.
သေချာအောင်သူက
(ဒါ.ရှိဟန်းဘွန်းဟဲ) မယ်တဲ.
ပိုသေချာတယ် ဒီလိုပါဘဲ
ဘာကြောင်.ဖြစ်လဲမမေးပါနဲ.
အကြောင်းအရာတွေလည်း
ထပ်မမေးပါနဲ.
ခန္ဓာနဲ. ၀ိညာဉ်
ယခုထိတည်မြဲခြင်းဟာ
ရှေးအရင်ပြု
ကုသိုလ်ထူးလို.
ပြောစရာအဖြေပဲ
ငါ.မှာရှိတယ်...
ဒါ.ရှိဟန်းဘွန်း= နောက်တကြိမ်

Sunday 13 June 2010

ဇတ်ဆရာ



တင်းကျပ်တဲ. စိတ်အစဉ်
မွန်းကျပ်တဲ့ နေ.တလူ
သိမ်ငယ်မှုတွေ
ဖျောက်ဖျက်ချင်လို.
ငါ.နေရာငါပြန်ခဲ့တယ်
နှစ်လိုဖွယ်အပြုံး
ဖေါ်ရွေသော ပျူ ငါမှု
စိတ်တိုင်းကျတုံ.ပြန်မှုတွေနဲ့
စိတ်ကျေနပ်လို့စွဲကျန်ရစ်အောင်
ဖန်တီးတယ်လို့ ပြောစမှတ်ဖြစ်တယ်
ဒီခရီးဖြစ်ဖို.ရာ
ငါကိုယ်တိုင် ဒါရိုက်တာ
ငါကိုယ်တိုင် သရုပ်ဆောင်
ငါ.ဇတ်ညွန်း ငါရေးလို.
ဇတ်လမ်းတစ်ခု ဖြစ်ခဲ.တယ်...
အခန်းဆက်နဲ.လား
အပိုင်းတွေနဲ့ လား
ယနေ.ထက်တိုင်
မပြီးနိုင်လို့
အကယ်ဒမီဆုနဲ.
ဝေးခဲ့ တယ်..........

Saturday 12 June 2010

နှောင်း.......


ဆိုလ်းမြို.တော်
လမ်းတွေပေါ်
တားဆီးမည်.သူမရှိ
အနှောက်အယှက်မရှိ
ခတ်မှီရုပ်ဝတ္တု
ဆန်းသစ်သောအရာ
သွားလာလှုပ်ရှား
လူအများလမ်းမှာ
ငါလည်းအမြဲသွားနေတာ
စိတ်ပျို၇င် ကိုယ်နု
စိတ်အိုရင် ကိုယ်...?
ဖြစ်လာတာသိပေမယ်.
သွားနေတဲ.ခန္ဓာ
စိတ်ကတစ်နေရာ
အတွေးနယ်ချဲ.
ငါပျော်တာ
ဒီနေရာမဟုတ်ပါ........

ဒါပေမယ်.


အိပ်မက်တွေ
အကောင်အထည်ဖေါ်
စိတ်ကူးတွေတောင်ပံဖြန်.
မင်းရှိတဲ.အရပ် စိတ်ကျေနပ်ဖို.
လုံးလကိုသုံးအားစိုက်ရုန်းလို.
ငါလှမ်းလို.လာခဲ.တယ်........
ငါ.မှာမရှိ..ငါသိပေမယ်.
သူတို.အကူအညီ..ယူခဲ.ပြီမို.
ငါ.ခရီးဖျောင်.ဖျူးတွင်ကျယ်တယ်..
ဇာတိချက်ကြွေ သောကဝေလို.
ခရီးဦိးကြို ပြု ကြ တယ်...
ငါ.ပတ်ဝင်းကျင် ငါ.ကိုမြင်
မေးကြ မြန်းကြ စပ်စုတယ်....
အပြီး မပြန်နိုင် အခြေလည်းမခိုင် လို.
ချက်ကြွေဒေသ မုန်းစာပြ ပြီး
အဝေးမှာ နေတာ ကောင်းပါတယ်...

အပူ


ဒီနှစ် နွေ
ပူပြင်းလိုက်တာ
အရင်နှစ်တွေထက်
ပိုပူပါတယ်...
ရေဗူးနဲ.ဖိနပ်မပါရင်
နွေခါမှသိမယ်ဆိုတဲ.
စကားပုံတွေကလည်း
မှန်တာတွေထက်
ပိုမှန်တယ်...
အေးမြတဲ.အရိပ်အာဝါသ
ရွှေတောင်ပြိုလို.မရှိပါတယ်
လောကဟာပူပြင်းသလို
သောကဟာလည်းပူလွန်းတယ်....

တွေ့ခွင့်


ပိတောက်ရယ်
မင်းနဲ.ဆုံဖို.
ငါရောက်အောင်
ကြိုးစားခဲ.တယ်...
မျော်လင်.လို.
လာ ခဲ.သူ
ရင်မောအောင်
မင်းအဝေးထွက်ပြေးတယ်
မင်းနေရာ ငုဝါတွေရောက်လို.
မင်းပွင်.လန်းဖို.
အေးမြတဲ.မိုးစက်
သနားလို.ရွာပေးဖို.ကို
တစက်တလေမှ
မရှိရှာလေတော.
မင်းနဲ.ကိုယ်
ပြန်ဆုံဖို. ဝေးခဲ.ရတယ်....

Sunday 30 May 2010

အရှိ


တစ်နေ.တစ်ရက်
ရက်လကြာရှည်
တွက်ရေးကစက်သူဋ္ဌေး
တွက်ကြည်.မှစက်မရှိ
နေ.စဉ်ဝင်ငွေ
အဝေးမှာရှာဖွေ
ကိုယ့်ရပ်ဋ္ဌာနေ
ဘယ်လိုရှာမလေ
ဒီအသိ ဒီအရှိ
အမြတ်အစွန်းမရှိ
ထပ်တွန်းလို.သိ.....

ဓါတ်ပုံကိုwww.hzaw.blogspot.comမှကူးယူဖေါ်ပြပါသည်။

မိုးနှင်.အတူ

တောင်ပြာတန်းက
မှိုင်းအုံ့အုံ့
ဝိုးတ၀ါးအမြင်
မပီကွဲပြား
မြူတွေအလား
မိုးမင်းမကြာ
လာတော.မှာ
မိုးစက်မိုးပေါက်
တစ်ဖျောက်ဖျောက်နှင့်
ဝန်းကျင်တခွင်
အေးစက်စက်ပင်
လွမ်းသူ.ရင်မှာ
ညိုးဖွဲ့ဆင်.....

တန်ပြန်


တစ်ယောက်သောသူက
တွေ.ချင်တယ်......
တစ်ယောက်သောသူက
မေ.ချင်တယ်
တစ်ယောက်သောသူက
အိပ်မက်တယ်.....
တစ်ယောက်သောသူ
နှိပ်စက်တယ်
တွေ.ချင်သူလဲရှိ
မေ.ချင်သူလဲရှိ
အိပ်မက်သူလဲရှိ
နှိပ်စက်သူလဲရှိ
ဘယ်လိုပင်ရှိပါစေ
ကိုယ်.ရဲ.ရင်မှာ
ထားရှိမေတ္တာ
ကိုယ်သာသိ...........

Wednesday 26 May 2010

ဧည်.သည်နဲ.အိမ်ရှင်

ဧည်.သည်ဆိုတာ
ခဏတာတည်းခိုလို.
မကြာခင်ပြန်မှာပါ။
ခဏတာအလည်လာသူကို
ဧည်.၀တ်ကျေရမှာ
ဓမ္မတာပါလေ...။
အိမ်ရှင်ကတော.
အမြဲတစေ၊အမြဲနေသူ
ဒီနေရာ၊ဒီဋ္ဌာနေမှာ
ထာဝရနေမယ်.သူပါ။
အခုတော.
အိမ်ရှင်ကပြောင်းပြန်
ဧည်.သည်ပြန်ဖြစ်
ကိုယ်.နေရာ
ခဏပြန်သူကို
ဧည်.၀တ်လည်းမကျေကြ
ငြိုငြင်ကာညူစူပြလို.
ဝေးရပ်ကိုမကြာ
အိမ်ရှင်ပြန်မှာပါ.....။

Thursday 1 April 2010

တွယ်ရာ မဲ.


အချစ်ကိုလိုချင်
အပြစ်ပိုညို ညင် လို.
ခံစားချက်သက်မဲ.
နှလုံးသား
ငါတစ်ဦးတည်းမှာပါ..။
လမ်းခုလပ်ကျန်
အလွမ်းပြုစုရန်အတွက်
ကမ်းဆိုတာလဲ
ဘယ်ဆီမသိသူပါ..။
အတွေးပိုကာငေး
အဆွေးပိုကာဝေးလို.
မဆုံးသောခရီးရှည်
သွားနေသူပါ..........

Friday 26 March 2010

ထပ်ခါတလဲ


အချစ်ဆိုတဲ့
နှေင်ကြိုး
ထပ်ကာတိုးလို့
သံယောဇဉ်
အရင်းစစ်တော့
အခြေခံ
မေတ္တာဆိုတဲ့
ေ၇သောက်မြစ်
ရှိရင်းစွဲ
အကြင်နာတွေနဲ့
ဖြတ်မရတဲ့ကြိုး
ငါ.ကိုယ်လေ
တဖန် တိုးပြန်တယ်.....

Thursday 25 March 2010

သူ့ကြောင့်


တွေ့ချင်မြင်ချင်
သံယောဇဉ်ဖြင့်
မြင်ခွင့်မရှိ
ကြင် ခွင်.မသိသော
သက်ထားသခင်
ကျော့မှုးခင်အား
သူ့အတွက်မျော်မှန်း
လွမ်းဆွတ်တိုင်းလည်း
ကဗျာ တွေ သီ
စာတွေစီ ခဲ့တယ်...။

တကယ်ပါ


ဥတုက
အေးလိုက်တာ
ပြုစုမယ်.သူ
အနားမရှိဘူး
မှီတွယ်ရာ
ခိုကာလွမ်းလို.
အခန်းမှာ
ငါတစ်ယောက်တည်း
only one ပါ......
ကမ္ဘာအရပ်ရပ်
ဆက်သွယ်ဖို.ရာ
အင်တာနက်ဆိုတဲ.
အဖိုးတန်လက်နက်
ငါ.မှာရှိတယ်....
ငါ.အကြောင်း..ငါ
စာရေးမယ်...
လွမ်းဆွတ်မှုကို
မှတ်တမ်းပြု လို.
သက်သေထူ မယ်
သေချာတာတစ်ခုက
ယနေ.ချိန်ထိ
အချစ်ကိုတန်ဖိုးထားလို.
ချစ် တယ် လို.
မပြောမိဘူး...........!

Wednesday 24 March 2010

ဆွေး

မကြာခင်မှာ
ချယ်ရီတွေ
ဖြာဝေတော.မယ်။
တောင်ပေါ်မှာ
အအေးပေါ.လို.
မြေပြန်.မှာ
အပူတိုး ပြီလေ....
ပိတောက်ပွင်.ချိန်
နွေရာသီ
မင်းနဲ.ကိုယ်
တစ်နေရာစီ
အဖြေရှာပြီ
ဘယ်ဆီတွေး
မသေချာပြီ
တနယ်ဆီဝေး။

နှစ်သစ်

သင်္ကြန်ပိုး
ရွကာထိုးလို.
တူးပို.အသံ
ကြားမိတယ်..။
လူတိုင်းကိုယ်စီ
ပြုံးပျော်ရွှင်ကာ
အတာတန်ခူး
ပျော်ရွှင်မြူးလို.
နှစ်ဟောင်းရယ်ကုန်
နှစ်သစ်ကိုကြို
မကောင်းတာအကုန်
ပေါင်းကာစုံလို.
နှစ်ဟောင်းမှာဘဲ
ထားခဲ.မယ်။

မကြာမီ

သင်္ကြန်တေးသံ
ပလူပျံ
အတာတန်ခူး
ပျော်ကာမြူးဖို.
မကြာခင်တန်ခူး
ရောက်တော.မည်။
သင်္ကြန်လက်ဆေး
မိုးအေးအေးကြောင်.
ပွင်.ဖို.တာစူ
ဖူးတံသီလို.
ပိတောက်သခင်
ပြုံးကာရွှင်
နွှဲကာဆင်ဖို.
အသင်.ပြင်.....။

အလှ ကိုယ်စီ

ငု လဲအ၀ါ
ပိတောက်လဲ အ၀ါ
သူလဲ. သူ.အလှ
ကိုယ်လည်းကိုယ်.အလှ
နွေဦးရဲ.အစ
ပဏာသင်.လိုက်ကြ
ပြိုင်ဘက်လို.မရှိကြ
စိတ်ကြိုက်ဝေဆာ
ထင်တိုင်းလှ......

အသိပေးပါရစေ

သင်္ကြန် ချိန်ခါရောက်ခါနီးလို.
သင်္ကြန်ကဗျာတွေရေးပါတယ်
ပိတောက်လဲပါတယ်
ငုဝါလဲပါတယ်
တူးပို.အသံလဲကြားမယ်
စိတ်ဆန္ဒမြူးဖို.
သင်္ကြန်ကဗျာတွေ
ရေးလိုက်မိတယ်...........

Thursday 18 March 2010

ဆန္ဒ

သူ.နေရာ
သူ.ဒေသ
သူ.အထာ
သူကျနေပြီမို.
သူ.ဘာသာသူ
လွမ်းပါစေ။
လွမ်းတဲ.အခါ
ကပ်ပါလာတဲ.
ပုလဲရည်ဥ
မျက်ရည်စုတို.
ရွဲကာစိုလို.
ရှိပါစေ။
သူလည်.သူ့အကြောင်း
ကိုယ်လည်းကိုယ့်အကြောင်း
အကြောင်းရယ်စု
ပေါင်းကာပြုလို.
ကောင်းတာတစ်ခု
ဖြစ်ပါစေ..........။

Sunday 7 March 2010

အလွမ်း


သူ လည်းလွမ်းတယ်
ကိုယ်လည်းလွမ်းတယ်
လွမ်းမိတဲ.အခြေခံ
မြစ်ဖျားခံဆန်းစစ်တော.
အချစ်ကစ
အမုန်းမှာဆုံး
အရှုံး ကို အပြုံး နဲ.ဘဲ
ရင်ဆိုင်ကာ နေတော.မယ်......

Tuesday 2 March 2010

အချစ်

အချစ် ကို
ငါလေ...
တခါတရံလဲ..သတိရချင်ပါတယ်
တခါတလေလဲမေ.ပြစ်လိုက်ချင်တယ်
ငါလေ...
အချစ်ကိုကိုးကွယ်လို.
တရှိုက်မက်မက်
နမ်းရှိုက်ခွင်.ရ ချင်လည်း
အခွင်.ရယ်မရှိ
အပြစ်ရယ်သာရှိသူမို.
ခံစားမိတိုင်း
ရင်နာတယ်......

Thursday 25 February 2010

ကိုယ်တွေ.

နုတ်ဆက်ပါတယ်
ဆောင်းရာသီ
ရိုင်းစိုင်းစွာအေးမြခြင်းကိုလည်း
ခါးစီးစွာငါခံခဲ.ပါတယ်...
ဖြေးညင်းစွာအေးစက်တဲ.
ခြောက်သွေ.မှုအသိကိုလဲ
ငါရရှိခဲ.ပါတယ်....
ကမ်းကုန်အောင်အေးလို.
ခဲနေတဲ.ရေတွေကြားမှာလည်း
နှင်းကျုံးလို့ ဖြစ်ချင်တာတွေ
ဆုတောင်းခဲ.တယ်....
ဖြစ်လာတာ...
ဖြစ်မလာမှာ.....
ငါမသိပေမယ့်
လက်ရှိငါ.မှာဘာမှမရှိတာ
ငါ့အကြောင်းငါဘဲ
သိပါတယ်.................

အမြတ်


မင်းပြောလို.ရတဲ.အသိ
မင်းပေးလို.ခံစားခဲ.ရဝေဒနာ
မင်းသနားမှရရှိမဲ.အကြင်နာ
ငါအခုနေတဲ.နေရာ
နွေဦးအစမှာ
မိုးတွေရွာတယ်..
ဆောင်းလည်ကလည်း
မိုးရွာပါတယ်...
ပူရင်လည်း
အလွန်ပူ
အေးရင်လည်း
ခိုက်ခိုက်တုန်
ဥတုကမှုမမှန်
ငါ.စိတ်တွေလဲ
တမူပြန်
ပုံမှန်မဟုတ်တာတော.
သေချာပါတယ်..........

Tuesday 23 February 2010

အရင်လို

အိမ်ကထွက်တော.
ဘ၀ကိုလေ
နားမလည်ခဲ.ဘူး
တစ်ခါပြန်ရင်
အရင်လိုဘဲ
မပြောင်းဘူးလို.
ငါထင်တယ်။
လွမ်းတဲ.စိတ်
ဂိတ်ဆုံးအောင်
ငါဖြစ်ခဲ.တယ်။
တစ်ခါပြန်တော.
အရင်နေရာ
မရှိပါဘူး
ဝါးအစည်းပြိုသလို
ဖြစ်ကုန်တယ်။
ရှာဖွေရင်းလမ်းပျောက်
နေအထွက်မှာအနေခက်ပြီ
ပြင်ဆင်ဖို.အချိနှ်
နှောင်းခဲ.ပြီ......။

ရက်ချိန်း

တစ်နေ.တာ
ပြီးခါနီး
မနက်ဖြန်
စပြန်ပြီ
တနင်္လာ
သောကြာ
ပြီးခဲ.ပြန်ပြီ
နောက်တစ်ခါ
အရောက်လာ
ပြီးဆုံးမည်.
ရက်စွဲတစ်ခု
မျှော်လင်.ပါသည်။

ယခုခတ်

ဆောင်းတွင်းမှာလဲ
မိုးရွာပါတယ်။
နွေဆိုပေမယ်.
မိုးရွာချင်ရွာတယ်။
ဖေါက်ပြန်တဲ.ဥတု
ဖျောင်.မှန်တဲ.
စည်းတစ်ခု
နွယ်မျက်သစ်ပင်
ဆေးဖက်ဝင်၏
ဆိုရိုးစကား
အချိန်ရွေ.လျား
ပျောက်ပြီလား။

အမှန်

ပြောင်းလဲခြင်းကို
နားမလည်လို.
မဟုတ်ခဲ.ပါ။
မွေးဖွားရာကနေ
ရောက်ဆဲသက္ကရာဇ်
အထိုင်ကျလို့
နေတဲ့နေရာ
နောက်တစ်ခါ
နောက်နေရာ
နေရာအသစ်
တစ်ခါပြန်ဖြစ်လို့
ွှအရင်နေရာဘဲ
ငါလိုချင်တယ်.....။

Monday 8 February 2010

သို.သော်လည်း


လူ.ဘ၀သက်တမ်း
၈၀ကျော်၉၀နေဖို.
လွန်စွာခက်ပါပြီ...
၆၅..၇၀ဆိုတာ
တော်လှပြီ....
သက်တမ်းတိုလို.
ချမ်းသာဖို.စိတ်
သောကကိုဖယ်
အပူအပင်ကိုထုတ်
မသေခင်အချိန်မှာ
အေးချမ်းစွာ
နေကြပါစို......

ကောင်း သင်. ညံ=?


တကယ်တော.
ငါဟာလေ
အကျဉ်းကျခံနေတဲ.
အကျဉ်းသားတစ်ဦးပါ။
ဘယ်နေ.ဘယ်ရက်
လွတ်မြောက်မလဲ
သိဖို.လဲခက်ပါတယ်
ငါ.စိတ်၊ငါ.ကိုယ်
ချက်ခြင်း
လွတ်မြောက်အောင်
လုပ်လိုက်လဲ
ရပါတယ်....
စခဲ.ပြီးမှ
ဆုံးဖို.ခက်လို.
ရှေ.တိုးနောက်ဆုတ်
နှစ်ခုသာရှိလို.
လမ်းမှန်တစ်ခုတော.
ရွေးသင်.ပြီ.....

ဗလာ


အခုအချိန်မှာ
ငါပိုင်ဆိုင်တဲ.
အရာဝတ္တုဆိုလို.
လက်ညှိုးထိုးစရာ
ရှိသလား...
ပိုင်ဆိုင်တာ
ရှိခဲ.ရင်တောင်မှ
စိတ်ကြိုက်လိုသလို
ပြုပြင်လို.ရလား
ငါမပိုင်လို.
မရခဲ.တာကို
ပိုင်ဆိုင်တယ်ဆိုပြီး
ငါမှငါလို.
ငါဆုံးဖြတ်ဖို.
ခက်နေပြီ.....

Friday 29 January 2010

ဒွိဟ


စာနာမှုကို
အပြစ်ဖို.ပြီး
မညှာမတာဖြစ်လို.
နေမှာလား....
သာယာမှုကို
အချစ်ဆိုပြီး
မဝေခွဲနိုင်အောင်
ဖြစ်နေလား...
ဆင်ချင်တွေးတော
ဝေဖန်ပြီး
မျိုသိပ်ကြိတ်ခါ
သူခံစား........?

ချစ်လို.ပါ


ခဲနေတဲ.ရေ
ဘယ်အချိန်အထိ
ကာလရှည်ကြာ
ခဲနိုင်မလဲ..
ဝေးနေတဲ. အချိန်
ဘယ်တိုင်းတာထိ
ခန်.မှန်းရခက်အောင်
ဖြစ်နေမလဲ....
မမေ. နိုင်တဲ.သူ
ထိုးနှက်တိုက်ခိုက်နေလဲ
သူ.ရင်ထဲပထမဆုံးမို.
ဝဋ်ကြွေးတွေကြေတဲ.အထိ
ပေးဆပ်နေမှာပါဘဲ....

ရင်တွင်းစကား

ဒီကနေ.မိတ်ဆွေတစ်ဦးက သူရဲ.ခံစားချက်ကဗျာတစ်ချို.ကိုဖေါ်ပြပေးပါဆိုပြီးပေးပို.
လာပါတယ်...သူ.အရေးအသားတွေကမဆိုးလှပါဘူး...ဘာအတွက်ရေးလဲလို.မေးတော.
သူကမပြောပါဘူး.....ကဗျာလေးက(၁)(၂)ဆိုပြီးခွဲထားပါတယ်......မျှဝေခံစားပေးကြပါလို.
(၁)ကဗျာ (၂)ကဗျာ

သူရေးတဲ.စာ သူ.စာတွေ
သူရေးတဲ.ကဗျာ သူ.ကဗျာတွေ
အခါခါဖတ်မိငါ... ခံစားမှုတွေအသက်ဝင်လို.
ဖတ်ကြသူ ရင်ခုန်သောအရာတွေ
...... ဖြစ်ခဲ.တယ်....
အများသူငါ သူ.အကြောင်းတွေ
ဖတ်ပြီးရင် သူ.အဟောင်းတွေ
ပြီးလွယ်ပေမယ်. ဘယ်လိုပင်ရှိပါစေ
မပြီးနိုင်တဲ.ငါ သိချင်တယ်...
မဆုံးနိုင်ခဲ.ပါ မမြင်ဘူးပါစေ
တစ်ခုခုကျန်ခဲ.တာ မတွေ.ဖူးပါစေ....
ငါကိုယ်ငါ ရှေးဘ၀အတိတ်ကံ
အပြစ်တင်မိတယ်..... ဖန်လာလို.ခင်မင်မှုတွေ
ဖြစ်လာတယ်....

အမှတ်မရှိ


နေ.ရက်အချိန်တွေ
ငါတွက်လို.
မှေးစက်အအိပ်ခက်လဲ
ငါဖြစ်ခဲ.တယ်...
နိုးတစ်ဝက်အိပ်မက်
အချိန်တွေမှာလဲ
ဖြစ်ချင်တဲ.အရာတွေ
မဖြစ်ခဲ.တယ်...
မင်းအတွက်ချစ်တဲ.
အရာတွေဟာလည်း
ဘ၀နဲ.ရင်းလို.
ဖြစ်ခဲ.ပါတယ်....
ငါ.အတွက်ရတဲ.
သင်ခန်းစာက
အမှတ်မရှိတော.
တ၀ဲလည်လည်
ခက်ပါတယ်.......။

Wednesday 20 January 2010

တမ်းတ


ဒီဇင်ဘာပြီးတော.
ဇန်န္ဒ၀ါရီ
ရေတွေခဲလို.
အေးပါသည်..
အမြင်တွေလွဲလို.
ဆွေးပါသည်....
မျှော်လင်.သော
အရာတွေလည်း
ပျက်ပါပြီ....
တွေး၇င်းဆွေးရင်း
အဝေးတစ်နေရာဆီ....

Friday 1 January 2010

၂၀၁၀ အတွက်


ကျနော်.ကဗျာ တခါတရံ ကာရံမရှိ ဖတ်လို.မကောင်း ဘာတွေလဲလို. ထင်ချင်ထင်ကြ ကျနော်အကြောင်း ကျနော်သိလို. ခံစားမှုဖြစ် ပွင်.ထွက်လို.ရေမိ ဖတ်ကြတဲ.မိတ်ဆွေအပေါင်း ၂၀၁၀နှစ်သစ်ဝယ်ကိုယ်ရော စိတ်ပါကျန်းမာချမ်းသာပို.သ မေတ္တာထာဝရပါ.......