နေပူမှ စိမ်းလန်း
စိုပြေတဲ့ ပန်းအလှတွေနဲ့
ပနံသင့်လို့ကဗျာဆန်
ပင်ပျိုတွေရွက်နုဖြာလို့
ပင်အိုတွေကြား
လှနေတယ်.......
ပင်မြင့်က ပန်းတော်ဝင်အလား
အသွင်တင့်စွာ အလှဆင်ရင်း
မာနတံခွန်လွှင့်ကာထူလို့
သူလိုကိုယ်အရွယ်တူတွေကို
မတူကာမတန်ဘူးရယ်လို့
ဘ၀င်မြင့်လှချည်လား
ပန်းသခင်ရယ်..
၇နံကထုံကာသင်း
၇ှုရှိုက်ယစ်မူး အလှထူးလို့
စွဲဆောင်ရာတပ်မက်နေရင်း
အတန်ကြာမှ သိလိုက်တာက
မင်းဟာလေ....
အဆိပ်ပန်း တစ်ပွင့်
ဖြစ်ကာနေတယ်.......