Saturday 23 April 2011

ချည်တိုင်


စနေညခရီးနှင်

တနင်္ဂနွေမနက်ခရီးဆက်Add Video

တပါတ်မှာဒီတစ်ရက်

စိတ်ထွက်ပေါက်ဟဲ့လို့

နှစ်နဲ့ချီကာသွားခဲ့တယ်...။

ချေရာတွေလည်းထပ်

နေရာတွေလည်းနှံ့လို့

ကြိုးမပါလွှတ်လိုက်တဲ့

အချိန်တန်ပြန်လာခဲ့လို့

မပြောလည်းသိနေတာမို့

တနင်္ဂနွေည

မတတ်သာမှိုင်တွေစွာနဲ့

ချည်တိုင်ကိုပြန်ခဲ့တယ်...။

1 comment:

  1. မတတ်သာမှိုင်တွေစွာနဲ့
    ချည်တိုင်ကိုပြန်ခဲ့တယ်...။

    ခံစားသွားပါတယ်ရှင့်ကဗျာကောင်းလေးကို

    ReplyDelete