Sunday 21 August 2011

ငါ့ ရဲ့ အချစ်


အပြစ်မဖို့ ပါနဲ့တော့

နှစ်ချို.ခဲ့တာလည်းကြာပါပြီ

မနက်ခင်းအတွေး

လေညှင်းလေးတွေတောင်

အားနာမိပါတယ်....

သန်းခေါင်ယံအတွေး

အမှောင်ယံမှာလည်း

ဆွေးခဲ့ဘူးပါတယ်...

မျက်ရည်တွေအခါခါကျလို့

ကြိတ်ကာမျိုသိပ်

စိတ်ဆန္ဒတွေကလည်း

မပြည့်ခဲ့ပါတယ်...

မကျေမလည်

မပြေလည်တဲ့ဘ၀နဲ့

မသေမသပ်နဲ့

ကျေနပ်စွာချစ်နေဆဲပါ

အချစ်ဆုံးသူရယ်......


1 comment:

  1. ဆွတ်ပျံ့စရာ ကဗျာလေးကို ဖတ်ရင်း ချစ်သူနဲ့ ဆုံးဆည်းနိုင်ပါစေလို့ ဆုတောင်းပေးမိပါတယ် ကိုသံယောဇဉ်ရေ...

    ReplyDelete