Saturday 23 October 2010

တစ်ခုတည်းသာ


ကဗျာေ၇းမယ်စာေ၇းမယ်

ခဏလေးကွယ် ငါ့ဘေးဝယ်

ထိုင်ပေးသူ အဖေါ်မဲ့လို့

မှိုင်ငေးမယ် ထိုင်ဆွေးမယ်

လွမ်းလို့စာစီ တွေးလို့သီကုံး

့ခံစားချက်ထုတ်ဖေါ်

အမှန်တရားအတွက်

သရုပ်ဖေါ်လို့

ငါ့စာမျက်နှာ ငါပိုင်တယ်။

Friday 22 October 2010

လူ့အလို


အေးမြတဲ့ လေနုအေးတွေမလာခင်

ထစ်ကာချုန်းမိုးတွေသည်းလို့

လေပြင်းတွေပွေလီခဲ့သည်။

အပူကြီးလို့အိုက်စပ်ကာနှုံး

သည်တိုင်းပြည်နွေရာသီမှာ

မိုးကိုမျော်သူရောက်လာလို့

ွှအပူလည်းလျော.လူလည်းကျော့

နေလို့ကောင်းအောင်ဖြစ်ခဲ့သည်။

များမကြာမီဆောင်းရာသီ

ေ၇ာက်ခါရယ်နီးနေပြီ

ချမ်းလို.ရယ်ခိုက်ခိုက်တုန်

အေးခါေ၇ခဲနှင်းထုထဲမှာ

အနွေးဓါတ်မျှော်သွေးမခဲစေဖို.

မမျှတတဲ့ဒီလောကမှာ

တရားရကာနေလေပြီ....။

သို့သော်လည်း


မြန်မာပြည်မှာမွေး

မြန်မာပြည်မှာကြီး

ဒီမြေဒီရေ ဒီသဘာဝနဲ့

စိတ်ထဲကျေနပ်ပျော်ခဲ့သည်။

ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုး

သောကအထွေထွေ

အမျိုး မျိုး ပွေလို့

စွန့်စားလမ်းခ၇ီးထွက်ကြသည်။

သူတို့ရေမြေ သူတို့ငွေနဲ့

လောက်ငကာသူတို့ပျော်ကြသည်။

ဒို့တိုင်းပြည် ဒို့ လူမျိုး

ဒို့ဝင်ငွေ အဖတ်မတင်လေတော့

ကိုယ့်ရွာပြန်ဖို့ ခက်ပါပြီ...။

ကျန်ရစ်


သူ့နေရာနဲ့သူ
မူယာတွေပို
ကြည်သာကာဆိုဖွဲ့စကား
နားဝမှာကြားလို.ထား
ဖျက်လို့ကွယ်တားမရဘူး
အမျက်ဖို့တယ်ကြားတစ်ယောက်က
ဖျက်လို့၇ယ်တားဆီးထားတော့
ခက်လို့ရယ်အခြားတစ်ယောက်မှာ
ဝေးလို.ကွယ် ထားခဲ့ တယ်...။

လပြည်.အလွန်


လပြည့်ညမစဲတဲ့မိုး

ဝိုင်းစက်လဘယ်နေရာပုန်းလို.

ေ၇ာက်နေဆဲ ဒီအချိန်မျိုးမှာ

ငြိုးမာန်ဖွဲ့ သွန်းကာဖြိုးတော့

နွေခေါင်ခေါင်အပူတောမှာ

ေ၇လည်ခေါင်ေ၇ာက်သလိုမျိုး

ဖြစ်ခဲ့ရပြန်တယ်....။
တော်သလင်းလပြည်.ညအမှတ်တရ

Thursday 7 October 2010

ညလူ


ဟိုင်းဝေးလမ်းပေါ်က
ကားသံတွေကြားပါရဲ.
အမြင်ကမကွဲပြားဘူး
နှင်းထုကပိတ်လို.မှောင်
မြူမှောင်ကပိတ်လို.ဆင်း
နီယွန်မီးလဲမတိုးနိုင်ဘူး
ဝိုးတ၀ါးနှင်းတွေကြားမှာ
နိုးကြားစွာအသိရှိလို.
ခိုင်းတာတွေအကုန်ပြီးအောင်
အိပ်ချင်စိတ်ဖျောက်
ကော်ဖီသောက်လို.
ငါ.အလုပ်ငါလုပ်
ငါ.အကြောင်းငါတွေး
တစ်ကြောင်းနှစ်ကြောင်း
စာတွေရေးပြီး
မိုးလင်းမှငါအိပ်ရမယ်...။