Monday 30 December 2013

နောက်ဆုံးစကား

ငါ့ ၀မ်းစာငါသာသိ
ငါ့လွမ်းနာငါသာသိလို့
အချိန်ရယ်မတန်
ချစ်ခွင့်ကိုသိမ်း
တွေ့ခွင့်ကိုငြိမ်းပြီး
ငါ့ဇတ်ကိုငါ ဖျက်ခဲ့တာပါ။
ကာရံကျမှလှပမယ့် ကဗျာလိုလို
ပြည့်စုံမှလုံလောက်တဲ့ဘဝ
အာခံတွင်းမှာငုံထားလို့လို့မရ
ချစ်တာတစ်ခုနဲ့မလှတော့
မချစ်တတ်အောင်နေ
မလွမ်းတတ်အောင်ထား
သံယောဇဉ်တွေလည်း
ချစားပလေ့စေတော့......။


Friday 3 May 2013

လက်ကျန်

တကယ်တော့
ငါ့နေရာ အချိန်မတန်ခဲ့ပါဘူး
ရင်ခွင်ရက်ကျန် လွမ်းအသိနဲ့
ဘ၀င်မချိအောင်လွမ်းစာဖွဲ့
အသိပေးဖို့မဆိုထား
အရှိလေးကိုတောင်ပြောမထား
ငါမှတ်မိ အချိန်လေးများ
အနေဝေးတုန်းကအသိတရား
စာကညစ်ပေမှာခြစ်လို့
မှတ်တမ်းတွေ သိမ်းထားခဲ့တယ်
ခုအချိန်မှာ ပြန်ခံစား...........

Friday 15 March 2013

ကျပျောက်တဲ့ ည

နိုးချိန်တိတ်ဆိတ်
စိုးရိမ်စိတ်အပြည့်
ရှိခဲ့တယ်.....
ရက်တွေကြာညောင်း
နှစ်တွေကပြောင်း
ပူပန်စိတ်တွေ
ဖြစ်ပြန်တယ်.....
လွမ်းမောရင်းသာ
တောင်တွေးမြောက်တွေး
စိတ်ရယ်မအေး
ဘယ်မလဲ ငါပိုင်တဲ့ည.......

Saturday 26 January 2013

မေ၇းချင်တဲ့ကဗျာ

သူများတွေ သီကာဖွဲ့
ကာ၇ံတွေ လှခဲ့
အချစ်အကြောင်းတွေလဲပါ
နူးညံတာတွေအပုံအပင်
ချစ်ခွန်းတွေစာစီကြ
တင်စားလို့ နေရာကျ
ဖတ်သူလဲပျော်
ထိသူတွေလဲဆွေး
သိမ်းထားချင်အောင်
ေ၇းတတ်သည်.....
ငါ့ေ၇းတဲ့ ကဗျာက
သတ်ပုံမှားနေတာကစ
ငိုချင်းတွေကများ
လွမ်းသမားလည်းမဟုတ်
စုန်ချည်ဆန်ချီ
ဟိုဟိုဒီဒီနဲ့
စာဖတ်သူတွေလည်း
အားနာ၇ဲ့
ဒါတွေပဲေ၇းသလား
ပြောင်းလဲစရာမရှိသလား
တွေဝေစွာ စီးကာဆင်းရင်း
ကဗျာမေ၇းချင်တော့ပါ.......

Wednesday 2 January 2013

အရှိ

သံစဉ်စာသား
ယုံမှတ်မမှားဘူး
ဆုံမှတ်များလို့အစချီ
ကြုံတတ်သလားလို့
မြင်မိတယ်.....
ငါေ၇းတဲ့စာ
ငါဟာငါဖတ်
မကောင်းလဲငါ့အကြောင်း
ကောင်းကွက်ကိုတွက်လို့
ရတက်မပွေတဲ့ရက်ေ၇တွက်လဲ
မရှိဘူးဆိုသလောက်ဖြစ်ခဲ့တယ်
ဘ၀ဘ၀ ဘကုံးနဲ့ ၀ လို့
ေ၇မျောကမ်းတင်
ရင်မောတာနဲ့ အကျွမ်းတ၀င်
အစဉ်မချော အဖတ်မတင်
ဒီသဘောတွေနဲ့ရှိနေတယ်။