Monday 30 May 2011

ငါ့ ရဲ့ စာ


မသိမသာနဲ့
ရှိတာတွေဖေါ်ကာထုတ်ပြီး
ခံစားမှုသဏ္ဍန်
ထပ်တူမှန်တာတွေ
တစ်ကြောင်းစနှစ်ကြောင်းစနဲ့
တွေး ရင်း ရေး ၇င်း
စာသားကဗျာအင်္လကာတွေ
သန္ဓေတည်ပေါက်ဖွား
ရှင်သန်တယ်......
တစ်ချို.တစ်လေ
ဖတ်မိရာကစ
ရင်ဘတ်တူ ပုံစံတူလို့
ကောမန့်မှာေ၇း
အားဆက်ပေးပြီး
ငါ့စာသားတွေ တိုးလာတယ်။
စိတ်ခံစားမှုတွေေ၇းတယ်
လက်တွေ့ကျတာတင်ပြတယ်
အလွန်အကျူးလင်္ကာမြောက်
တမ်းခြင်းလွမ်းခြင်းလည်းရှိတယ်။
တန်ဖိုးရယ် မသတ်မှတ်ပါ
အခမဲ့လို့လဲ မပြောဝံပါ
အချိန်ကုန်အလေလိုက်
ပေါက်ပေါက်ရှာရှာတွေး
ကမောက်ကမအရာတွေ
မေ၇းခဲ့ ပါ ဘူး....
စံ တင် အောင်
မသတ်မှတ်နိုင်ပေမယ့်
အ မှန်မြင်အောင်
ရင် တွင်း ဖြစ် တွေ
ငါေ၇း အုံး မယ်..............။

Friday 27 May 2011

ယုံပါ့မလား


အ၀တ်စုတ် လက်ကကိုင်

မရှိရှိတဲ့ဖုန် ပြောင်အောင်သုတ်

လှည်း၇တဲ့ တမျက်စည်း

ကြမ်းပြင်က မှန်သားအသွင်

ဆေးလိုက်ရတဲ့ အိမ်သာ

ဖွေရှာကာ အချိန်ကုန်စေဖို့

စက်ရုံကား သူဋ္ဌေးကား

ပြောင်နေအောင် ဆေးလိုက်တယ်

ဒီနိုင်ငံက အလုပ်မရှိတဲ့ ရက်တွေ

Wednesday 25 May 2011

ရင်ခွင်ဟောင်း

တို့ငယ်ငယ်
အရွယ်တွေတုန်းက
ကဗျာစာပေ
ခံစားချက်မှသရုပ်သဏ္ဍန်
ဖေါ်ကာသီကျူး
ရင်တွင်းရူးလို့
ခေါ်ရလောက်အောင်
ရှိခဲ့တယ်....။
ပန်းနုေ၇ာင်အိပ်မက်တွေ
အလွမ်းဒဿနတွေ
ဟန်ဆောင်မဲ့
ချစ်ခြင်းတရားတွေ
ဒါတွေလည်းရှိခဲ့တယ်...။
သောကခြေရာစာစုကဗျာတွေ
ဆရာမောင်စိန်ဝင်းရေးခဲ့တယ်
နွယ်ဂျာသိုင်းဝတ္တုတွေ
လူဖတ်များတယ်....။
ကာရံလည်းညီတယ်
စာစုတွေကအနှစ်ရှိတယ်...။
အနှစ်၂၀တမ်းခြင်းလို့ပြော
ကုန်လွန်တဲ့ရက်စွဲတွေလောက်
ခုအချိန်အနှစ်မရှိတာတွေ
ပြန်ကာတမ်းပြီး
လွမ်းရတယ်...........

Tuesday 24 May 2011

အသစ်


အသစ်အသစ်တွေဖြစ်လို့

အချစ် အချစ်တွေ တိုးလာတာပါ

ဟောင်းမသွားဘူးဘယ်ခါ

ငါနေထိုင်တာဒီနေရာ....

ပျော်မွေ့လို့နေတာမဟုတ်ပါ

မဖြစ်လို့နေ အပြစ်မဖို့ပေ

စိတ်ဆန္ဒအာရုံတွေမှာ

အရင်တိုင်းမပြောင်းလဲပါဘူး..

အသစ်တွေ့လည်းမပြောင်းဘူး..

အချစ်တွေလည်းမဟောင်းဘူး....

Sunday 22 May 2011

မစိမ်းပါနဲ့

ချစ်သူ
ငါ့ဝင်းကျင်မှာ
လေပြင်းတွေတိုက်ခတ်
မိုးတွေစွေရွာသွန်း
အုံ့ကာဆိုင်းမှိုင်းညို့ညို့
အရွက်အခက်စိမ်းကာစိုပြီး
အေးစက်စက်အငွေ့အသက်နဲ့
တမ်းတသသလွမ်းရအောင်
ဖြစ်နေတယ်.....
အချိန်တွေတိုင်း သတိရမှုက
တက်နေပမာခက်ဝေဖြာပြီး
ထွန်းလင်းတောက်ပနေပါတယ်
စပါးခင်းစိမ်းတောင်တန်းကစိမ်း
အစိမ်းသက်သက်ကုန်လွန်ရမယ့်
အစိမ်းေ၇ာင်နေ့စွဲရက်တွေထဲမှာ
ချစ်သူရယ်..ငါ့ကိုလေ
စိမ်းမသွားပါနဲ့..............