Tuesday 17 November 2009

ဝါတာရှီမို နိဟွန်း အိချီကိုက်


ဟိုး...
အဝေးက သူ
ဝေးတယ်ဆိုပေမယ်.
စံတော်ချိန်တူပါတယ်။
မင်းဆီက
လာရလွယ်ပေမယ်.
ငါ.ဆီက
လာဖို.ခက်ပါတယ်
မတူညီတာက
မင်းဆီမှာ
၈၅၀၀က
၁၀၀၀၀၀ဖြစ်ပေမယ်.
၁၀၀၀၀၀ဆိုတာဖြစ်ဖို.
ငါဆီမှာ
၁၃၀၀၀၀ရှိမှလေ
ပြီးခဲ.တဲ.နှစ်တွေ
သန်းခေါင်ကျော်
ညအချိန်က
ငါ.ကိုလေ
လှောင်ပြောင်နေကြတယ်
ဒဏ်ရာပျောက်ပေမယ်.
အမာရွတ်ကျန်ခဲ.တယ်။

ကိုယ်ပိုင်


ပြင်းထန်လွန်းတဲ.
လေပြင်းတွေရယ်
ငါ.ကိုလေ...
ငြိမ်းချမ်းတဲ.
တစ်နေရာကို
ခေါ်ဆောင်သွားပါလား
မင်းတို.ရဲ.
အေးမြမှုဟာ
ငါ.အတွက်တော.
မအေးမြနိုင်ဘူး
မပြေလည်တဲ.
နေ.တွေအတွက်
ဥတုရာသီ
ပိုအေးပေမယ်.
ရင်ထဲပူလောင်နေတာ
အမြန်ဆုံးအေးချမ်းမှုကို
မျှော်လင်.နေလေရဲ.။

Thursday 12 November 2009

အကျိုးပြု


၂၀၀၉
မင်းသိအောင်ပြောမယ် များမကြာခင်ရက်တွေမျာ မင်းနိဂုံးချုပ်တော.မယ် မကြာတော.ဘူးနော် မင်းနေရနောက်၄၅ရက်ပေါ. မင်းဘာတွေအကျိုးပြုခဲ.လဲ လူသားတွေအပေါ် ဘာကောင်းခဲ.သလဲ ပြန်စဉ်းစားပါကွာ အကျိုးပြုဖို. ကျန်တဲ.ရက်တွေမှာ မင်းကြိုးစားလိုက်ပါ ခွဲနေ၇တဲ.မိသားစုတွေ အတူနေရဖို. ငွေအတွက် ရတက်မအေးသူတွေ လုံလောက်စွာရလာဖို. စစ်မက်ဖြစ်တာတွေ ငြိမ်းချမ်းမှုရဖို. ဆင်းရဲနေသူတွေ ချမ်းသာကြွယ်ဝဖို. အဆင်မပြေသူတွေ ပြေလည်ကြဖို. အတတ်နိုင်ဆုံး မင်းလုပ်ပေးလိုက်ပါ။

တကယ်လို.များ


ချစ်သူ
မလွမ်းနဲ.လို. ငါမပြောပါဘူး ချစ်လို.ဖြစ်တာ ငါသိပါတယ်။ ဟိုးတစ်ချိန် ငါဒီလိုဖြစ်တုန်းက ဟားတိုက်ရယ်(ရီ) လို. လူတကာကိုပြောလို. ဖြစ်ခဲ.တယ်လေ။ အပြစ်လို.မဆိုပါဘူး
ငါ.စိတ်ကိုငါပြင်လို.
ဆန္ဒကိုထိန်းချုပ်
မျက်ရည်ကိုတမံတုပ်
ကုစားလို.နေချိန်
ကြမ္မာရဟတ်
တဖန်လှည်.လို.
ငါ.လိုခံစားရတဲ.အခါ
ငါ.လိုမဖြစ်ပါစေနဲ.လို.
ဆုတောင်းလိုက်ပါတယ်။

ခွင်.ပြုပါ


ကဗျာတွေစာတွေ
စီကာရေးလို.
ဒီနေရာလေးမှာဘဲ
အမြဲရှိတယ်။
ကြင်နာသူ၊တွယ်တာသူ
ဟိုး...အဝေးမို.
ဖွေရှာကာဆွေရင်း
ရေးမိတယ်။
စာနာပါ၊ယုံကြည်ပါ
တွယ်တာလှယ်.ပါလို.
ဝေဒနာအပြည်.နဲ.
ခွင်.ပန်တယ်....။

အမှန်


ထင်ချင်သလို
မထင်ပါနဲ.
သူဘယ်မှာနေတယ်
ဘာတွေလုပ်တယ်
သူ.ရင်ထဲဘာရှိတယ်
ခံစားချက်ဘယ်လိုရှိမယ်
နားလည်ကာစာနာလို.
ဖေးမကာညှာတာလို.
တွက်ဆသင်.တယ်။

Tuesday 10 November 2009

အဖေါ်


လွမ်းတတ်တဲ.သူမှာ
အလွမ်းသီချင်းကြားရင်
နုနယ်တဲ.စိတ် ပင်ကိုသဘာဝ ရှိတတ်သူမို. မျက်ရည်ဆိုတာ လည်လာတယ်... မလာပါနဲ.လို. မတားပါဘူး ၀မ်းသာ ၀မ်းနည်း သူအမြဲမို. ထာဝရသူ.ကို တမ်းတတယ်...။

ဆန္ဒ


မနက်သွားရင်
ညရောက်ပါတယ်
ညသွားရင်
မနက်ရောက်ပါတယ်။
ကိုယ်.နေရာကိုယ်.ဒေသ
စွဲလမ်းတဲ.စိတ်က
တစ်ပါတ်တစ်ခါ
ရောက်လို.လာချင်တာ
တမ်းတမိဒီပြသနာ
နွမ်းလျှမိ ရင်ထဲမှာ....

Monday 9 November 2009

အချိန်


တစ်နေ.တစ်ခါ
ပြီးဆုံးလို.လာ
တစ်ပါတ်တစ်ခါ
ပြီးဆုံးသွားတာ
သွားလာလှုပ်ရှား
လူသားများစွာ
မြေကမ္ဘာတည်သရွေ.
ဘယ်နေ.ဘယ်မှာ
ရပ်မလဲလို.
ကြိုတင်ကာမသိသလို
ကြိုမြင်ကာမတားနိုင်လို.
လုံးလ၊၀ီရိယစိုက်လို.
ကြိုးစားကြပါစို.။

Tuesday 3 November 2009

လိုအပ်ချက်


ချစ်သူ
လွမ်းရမယ်.အရာဟာ
ငါနဲ.အတူအမြဲရှိခဲ.တယ်
သွားအတူ၊လာအတူ
အိပ်အတူ၊နေအတူ
ဟိုးတစ်ချိန်က
ဒီလိုအကြောင်းတွေ
ဖြစ်မယ်လို.မထင်ခဲ.ဘူး
တမ်းတတဲ.ဒီစိတ်
အိပ်စက်လို.
အိပ်မက်ဆိုတဲ.
နေရာမှာတောင်
သူဟာနေရာယူလာခဲ.
ကုစားပေးမယ်.
အချိန်ဆိုတဲ.
သမားယောင်
ငါ.အတွက် ဆေးမရှိဘူး။

အရသာ


ကြေးအိုးနဲ.ဆုံထဲဂု
အခေါက်ကင်နဲ.ဆန်ကစ်စာ
ငပိ၊တို.စရာနဲ.ကင်မ်ချီ
ဆီပြန်နဲ.ရေပေါလော
ပဲပြုတ်ဆီဆမ်း နဲ. မုန်.ဟင်းခါး
ကင်ဘတ်၊ချဉ်ဖတ်နဲ.ခေါက်ဆွဲပြုတ်
မတူညီတဲ.အရသာ
လျှာ အရင်းမမျက်ပေမယ်.
လာ ရင်း အလှမ်းဝေးလို.
ဘာဟင်းလဲ မမေးနဲ.
ကြိတ်မှိတ်ကာ
မျိုသာချ..။

Monday 2 November 2009

တစ်ခါတစ်လေ

သတိရမိတဲ.သီချင်းလေး
01 - Dar Har A Chi...

Sunday 1 November 2009

အခွင်.အရေး


ခင်မင်မှုတွေ
အရောင်မဆိုးပါဘူး
လွပ်လပ်စွာနေခွင်.
ရှိပါတယ်။
မတူညီတဲ.လောက
ကိုယ်ပိုင်တဲ.
အချိန်လေးတွေ
ကိုယ်စီအတွေးတွေနဲ.
စိတ်ကြိုက်ပြောဆို
နိုင်ပါတယ်။
ဆန္ဒရှိရင်ခေါ်ပါ
စိတ်ထဲရှိရင်ပြောပါ
သတိရရင် မေးပါ။
လွပ်လပ်ခွင်.
အရာမှန်သမျှ
ရှိ ပါ တယ် ။

သူတို.မသိပါ

ကျွန်တော်ရှိတဲ.နေရာ
ရောက်နေတဲ.အရပ်
မနက်ဖန်၊မနက်ဖန်နဲ.
မနက်ဖန်ပေါင်းများစွာကို
ရင်ဆိုင်ခဲ.ပါတယ်။
ဖြတ်ကျော်လို.လဲ
လာခဲ.ပါတယ်။
ပြီးခဲ.တာတွေ
အတိတ်မှာထားခဲ.လို.
ဆွေနွေးရင်ကြားရတဲ.စကား
သူတို.လေ..ကိုယ်.ထက်ပိုပြီး
သိနိုင်ကြပါ.မလား။

အပြစ်


သိနေရက်နဲ.
လွမ်းမိနေတာ
အပြစ်လား
ရှိမနေတဲ.သူအတွက်
သတိရမိနေတာ
အချစ်လား
အပြစ်ဖို.နေသူအတွက်
တမ်းတမိတာ
အကြင်နာလား
ရှိနေချိန်မှာတောင်
အေးချမ်းမှု
မပေးသူကို
စွဲလမ်းမိတာ
အကြင်နာလား။

ဓါတ်ပုံဆရာ


ပုံကောင်းတစ်ကွက်ရဖို.
ဘယ်နေရာဘယ်လို
ဘယ်ပုံ.စံ၊ဘယ်အနေအထား
ရှုထောင်.တွေစုံလို.
အမူအရာညွန်ပြ
အလင်းအမှောင်တွက်ဆ
ကွာဝေးမှုချိန်ဆ
ရိုက်ချက်တွေဗလပွနဲ.
သူ.အတွက်ဓါတ်ပုံ
ရှိမလာခဲ.။

ကြိုသိပါ

လာဖို.ကြိုးစားကြတယ်
ပြန်ဖို.စဉ်းစားကြတယ်
မရောက်ခင်ကသိမထားဘူး
ရောက်ပြီးမှအဖြေမရှိဘူး
ဝိညာဉ်ပျောက်သူလည်းရှိတယ်
စိတ္တဇဖြစ်သူလည်းရှိတယ်
သံသယာလည်သူလည်းရှိတယ်
အတောမတတ်နိုင်သူလည်းရှိတယ်
အသပြာတစ်ခုအတွက်
သီးခံမှုဆိုတဲ.အရာ
နုတ်တိုက်ကာရေရွတ်မှ
တော်ရုံကြမယ်။

ဝေးလွင်.လိပ်ပြာ


လမင်းကြီး
ဝိုင်းစက်ဖို.
နည်းနည်းသာ
လိုတော.သည်။
အော်..ဘာရယ်နဲ.
တစ်လဆိုတဲ.အချိန်
မကြာခင်ပြီးဆုံးတော.မယ်
လပြည်.ညဆိုတာလည်း
မကြာခင်ရောက်တော.မယ်
ဝေး လွှင်.နေတဲ.လိပ်ပြာ
နေရာဆိုတဲ.အသိ
ခဏနားဖို.
သူ. မှာ မ ရှိ။