Friday 25 December 2009
မမြင်နိုင်သော
အတွေးတွေမှာ
လွင်.မျောနေခဲ.
အိပ်စက်ချိန်မှာ
ဝိညာဉ်ခွာထွက်
သူလိုရာကို
ခရီးနှင်ခဲ.
အချိန်တန်ရင်
ပြန်ရောက်လာခဲ.
နိုးစက်မလိုဘူး
ရင်.ကျက်မှုလဲ
မရှိပါဘူး...
ဒါတွေအားလုံး
အသိသက်သေ
ပြဖို.လိုရင်
အနာမကျက်တဲ.
နှလုံးသားတစ်စုံ
ငါ.ရင်တွင်းမှာ
ရှိပါတယ်.........
အတိတ်မမေ.သူ
အေးလိုက်တာနော်
မထချင်သေးဘူး
ကွေးလိုက်အုံးမယ်
တမှေးလောက်တော.
အိပ်လိုက်အုံးမယ်....
ဟုတ်ကောဟုတ်ရဲ.လား
အခုအိပ်နေတာလား
အာရုံတက်နေပြီ
လင်းကြက်တွန်နေပြီ
သံဃာတွေ
ဆွမ်းခံကြွနေပြီ
လ္ဘက်ရည်ဆိုင်တွေမှာ
ကြာနီကံတရားခွေ
ဖွင်.လို.နေပြီ....
သြော်..ရောက်နေတာ
တစ်နေရာ
လုပ်နေတာညဆိုင်း
အိပ်ရမှာမနက်မှ....
သြော်..ငါပြန်သတိရပြီ....
Thursday 24 December 2009
အစွဲ
ဆောင်းတွင်းအိပ်မက်
ဂယောက်ဂယက်တဲ.
ဆိုရိုးစကားပုံ
ရှိခဲ.ပါတယ်။
မှေးစက်လို.အိပ်မက်
မက်ခဲ.တဲ.အချိန်မှာ
ဆောင်းတွင်.မို.
ဂယောက်ဂယက်
ဆိုပေမယ်.
မပျောက်မပျက်
အစဉ်မက်တဲ.နေရာ
ကိုယ်.တိုင်းပြည်ပါ.......
ဒီဇင်ဘာ
နှစ်တနှစ်ရဲ.
နောက်ဆုံးလ
အေးမြတဲ.လ
ပွဲတော်တွေရှိတဲ.လ
ခရီးသွားဖို.ကောင်းတဲ.လ
ခရစ်တော်မွေးတဲ.လ
ဒီလိုဒီဇင်ဘာရဲ.
ပျော်ရွှင်စေဖို.
သဘာဝပေးတဲ.
စွမ်းအားတွေကို
ကိုယ်.ပြည်ကိုယ်.ရွာ
ကိုယ်.ဒေသမှာ
ပြန်လည်ခံစား
နေလိုက်ချင်တယ်.....
နောက်ဆုံးလ
အေးမြတဲ.လ
ပွဲတော်တွေရှိတဲ.လ
ခရီးသွားဖို.ကောင်းတဲ.လ
ခရစ်တော်မွေးတဲ.လ
ဒီလိုဒီဇင်ဘာရဲ.
ပျော်ရွှင်စေဖို.
သဘာဝပေးတဲ.
စွမ်းအားတွေကို
ကိုယ်.ပြည်ကိုယ်.ရွာ
ကိုယ်.ဒေသမှာ
ပြန်လည်ခံစား
နေလိုက်ချင်တယ်.....
Tuesday 17 November 2009
ဝါတာရှီမို နိဟွန်း အိချီကိုက်
ဟိုး...
အဝေးက သူ
ဝေးတယ်ဆိုပေမယ်.
စံတော်ချိန်တူပါတယ်။
မင်းဆီက
လာရလွယ်ပေမယ်.
ငါ.ဆီက
လာဖို.ခက်ပါတယ်
မတူညီတာက
မင်းဆီမှာ
၈၅၀၀က
၁၀၀၀၀၀ဖြစ်ပေမယ်.
၁၀၀၀၀၀ဆိုတာဖြစ်ဖို.
ငါဆီမှာ
၁၃၀၀၀၀ရှိမှလေ
ပြီးခဲ.တဲ.နှစ်တွေ
သန်းခေါင်ကျော်
ညအချိန်က
ငါ.ကိုလေ
လှောင်ပြောင်နေကြတယ်
ဒဏ်ရာပျောက်ပေမယ်.
အမာရွတ်ကျန်ခဲ.တယ်။
ကိုယ်ပိုင်
ပြင်းထန်လွန်းတဲ.
လေပြင်းတွေရယ်
ငါ.ကိုလေ...
ငြိမ်းချမ်းတဲ.
တစ်နေရာကို
ခေါ်ဆောင်သွားပါလား
မင်းတို.ရဲ.
အေးမြမှုဟာ
ငါ.အတွက်တော.
မအေးမြနိုင်ဘူး
မပြေလည်တဲ.
နေ.တွေအတွက်
ဥတုရာသီ
ပိုအေးပေမယ်.
ရင်ထဲပူလောင်နေတာ
အမြန်ဆုံးအေးချမ်းမှုကို
မျှော်လင်.နေလေရဲ.။
Thursday 12 November 2009
အကျိုးပြု
၂၀၀၉
မင်းသိအောင်ပြောမယ် များမကြာခင်ရက်တွေမျာ မင်းနိဂုံးချုပ်တော.မယ် မကြာတော.ဘူးနော် မင်းနေရနောက်၄၅ရက်ပေါ. မင်းဘာတွေအကျိုးပြုခဲ.လဲ လူသားတွေအပေါ် ဘာကောင်းခဲ.သလဲ ပြန်စဉ်းစားပါကွာ အကျိုးပြုဖို. ကျန်တဲ.ရက်တွေမှာ မင်းကြိုးစားလိုက်ပါ ခွဲနေ၇တဲ.မိသားစုတွေ အတူနေရဖို. ငွေအတွက် ရတက်မအေးသူတွေ လုံလောက်စွာရလာဖို. စစ်မက်ဖြစ်တာတွေ ငြိမ်းချမ်းမှုရဖို. ဆင်းရဲနေသူတွေ ချမ်းသာကြွယ်ဝဖို. အဆင်မပြေသူတွေ ပြေလည်ကြဖို. အတတ်နိုင်ဆုံး မင်းလုပ်ပေးလိုက်ပါ။
တကယ်လို.များ
ချစ်သူ
မလွမ်းနဲ.လို. ငါမပြောပါဘူး ချစ်လို.ဖြစ်တာ ငါသိပါတယ်။ ဟိုးတစ်ချိန် ငါဒီလိုဖြစ်တုန်းက ဟားတိုက်ရယ်(ရီ) လို. လူတကာကိုပြောလို. ဖြစ်ခဲ.တယ်လေ။ အပြစ်လို.မဆိုပါဘူး
ငါ.စိတ်ကိုငါပြင်လို.
ဆန္ဒကိုထိန်းချုပ်
မျက်ရည်ကိုတမံတုပ်
ကုစားလို.နေချိန်
ကြမ္မာရဟတ်
တဖန်လှည်.လို.
ငါ.လိုခံစားရတဲ.အခါ
ငါ.လိုမဖြစ်ပါစေနဲ.လို.
ဆုတောင်းလိုက်ပါတယ်။
မလွမ်းနဲ.လို. ငါမပြောပါဘူး ချစ်လို.ဖြစ်တာ ငါသိပါတယ်။ ဟိုးတစ်ချိန် ငါဒီလိုဖြစ်တုန်းက ဟားတိုက်ရယ်(ရီ) လို. လူတကာကိုပြောလို. ဖြစ်ခဲ.တယ်လေ။ အပြစ်လို.မဆိုပါဘူး
ငါ.စိတ်ကိုငါပြင်လို.
ဆန္ဒကိုထိန်းချုပ်
မျက်ရည်ကိုတမံတုပ်
ကုစားလို.နေချိန်
ကြမ္မာရဟတ်
တဖန်လှည်.လို.
ငါ.လိုခံစားရတဲ.အခါ
ငါ.လိုမဖြစ်ပါစေနဲ.လို.
ဆုတောင်းလိုက်ပါတယ်။
ခွင်.ပြုပါ
ကဗျာတွေစာတွေ
စီကာရေးလို.
ဒီနေရာလေးမှာဘဲ
အမြဲရှိတယ်။
ကြင်နာသူ၊တွယ်တာသူ
ဟိုး...အဝေးမို.
ဖွေရှာကာဆွေရင်း
ရေးမိတယ်။
စာနာပါ၊ယုံကြည်ပါ
တွယ်တာလှယ်.ပါလို.
ဝေဒနာအပြည်.နဲ.
ခွင်.ပန်တယ်....။
အမှန်
ထင်ချင်သလို
မထင်ပါနဲ.
သူဘယ်မှာနေတယ်
ဘာတွေလုပ်တယ်
သူ.ရင်ထဲဘာရှိတယ်
ခံစားချက်ဘယ်လိုရှိမယ်
နားလည်ကာစာနာလို.
ဖေးမကာညှာတာလို.
တွက်ဆသင်.တယ်။
မထင်ပါနဲ.
သူဘယ်မှာနေတယ်
ဘာတွေလုပ်တယ်
သူ.ရင်ထဲဘာရှိတယ်
ခံစားချက်ဘယ်လိုရှိမယ်
နားလည်ကာစာနာလို.
ဖေးမကာညှာတာလို.
တွက်ဆသင်.တယ်။
Tuesday 10 November 2009
အဖေါ်
လွမ်းတတ်တဲ.သူမှာ
အလွမ်းသီချင်းကြားရင်
နုနယ်တဲ.စိတ် ပင်ကိုသဘာဝ ရှိတတ်သူမို. မျက်ရည်ဆိုတာ လည်လာတယ်... မလာပါနဲ.လို. မတားပါဘူး ၀မ်းသာ ၀မ်းနည်း သူအမြဲမို. ထာဝရသူ.ကို တမ်းတတယ်...။
အလွမ်းသီချင်းကြားရင်
နုနယ်တဲ.စိတ် ပင်ကိုသဘာဝ ရှိတတ်သူမို. မျက်ရည်ဆိုတာ လည်လာတယ်... မလာပါနဲ.လို. မတားပါဘူး ၀မ်းသာ ၀မ်းနည်း သူအမြဲမို. ထာဝရသူ.ကို တမ်းတတယ်...။
ဆန္ဒ
မနက်သွားရင်
ညရောက်ပါတယ်
ညသွားရင်
မနက်ရောက်ပါတယ်။
ကိုယ်.နေရာကိုယ်.ဒေသ
စွဲလမ်းတဲ.စိတ်က
တစ်ပါတ်တစ်ခါ
ရောက်လို.လာချင်တာ
တမ်းတမိဒီပြသနာ
နွမ်းလျှမိ ရင်ထဲမှာ....
Monday 9 November 2009
အချိန်
တစ်နေ.တစ်ခါ
ပြီးဆုံးလို.လာ
တစ်ပါတ်တစ်ခါ
ပြီးဆုံးသွားတာ
သွားလာလှုပ်ရှား
လူသားများစွာ
မြေကမ္ဘာတည်သရွေ.
ဘယ်နေ.ဘယ်မှာ
ရပ်မလဲလို.
ကြိုတင်ကာမသိသလို
ကြိုမြင်ကာမတားနိုင်လို.
လုံးလ၊၀ီရိယစိုက်လို.
ကြိုးစားကြပါစို.။
Tuesday 3 November 2009
လိုအပ်ချက်
ချစ်သူ
လွမ်းရမယ်.အရာဟာ
ငါနဲ.အတူအမြဲရှိခဲ.တယ်
သွားအတူ၊လာအတူ
အိပ်အတူ၊နေအတူ
ဟိုးတစ်ချိန်က
ဒီလိုအကြောင်းတွေ
ဖြစ်မယ်လို.မထင်ခဲ.ဘူး
တမ်းတတဲ.ဒီစိတ်
အိပ်စက်လို.
အိပ်မက်ဆိုတဲ.
နေရာမှာတောင်
သူဟာနေရာယူလာခဲ.
ကုစားပေးမယ်.
အချိန်ဆိုတဲ.
သမားယောင်
ငါ.အတွက် ဆေးမရှိဘူး။
အရသာ
ကြေးအိုးနဲ.ဆုံထဲဂု
အခေါက်ကင်နဲ.ဆန်ကစ်စာ
ငပိ၊တို.စရာနဲ.ကင်မ်ချီ
ဆီပြန်နဲ.ရေပေါလော
ပဲပြုတ်ဆီဆမ်း နဲ. မုန်.ဟင်းခါး
ကင်ဘတ်၊ချဉ်ဖတ်နဲ.ခေါက်ဆွဲပြုတ်
မတူညီတဲ.အရသာ
လျှာ အရင်းမမျက်ပေမယ်.
လာ ရင်း အလှမ်းဝေးလို.
ဘာဟင်းလဲ မမေးနဲ.
ကြိတ်မှိတ်ကာ
မျိုသာချ..။
Monday 2 November 2009
Sunday 1 November 2009
အခွင်.အရေး
ခင်မင်မှုတွေ
အရောင်မဆိုးပါဘူး
လွပ်လပ်စွာနေခွင်.
ရှိပါတယ်။
မတူညီတဲ.လောက
ကိုယ်ပိုင်တဲ.
အချိန်လေးတွေ
ကိုယ်စီအတွေးတွေနဲ.
စိတ်ကြိုက်ပြောဆို
နိုင်ပါတယ်။
ဆန္ဒရှိရင်ခေါ်ပါ
စိတ်ထဲရှိရင်ပြောပါ
သတိရရင် မေးပါ။
လွပ်လပ်ခွင်.
အရာမှန်သမျှ
ရှိ ပါ တယ် ။
သူတို.မသိပါ
ကျွန်တော်ရှိတဲ.နေရာ
ရောက်နေတဲ.အရပ်
မနက်ဖန်၊မနက်ဖန်နဲ.
မနက်ဖန်ပေါင်းများစွာကို
ရင်ဆိုင်ခဲ.ပါတယ်။
ဖြတ်ကျော်လို.လဲ
လာခဲ.ပါတယ်။
ပြီးခဲ.တာတွေ
အတိတ်မှာထားခဲ.လို.
ဆွေနွေးရင်ကြားရတဲ.စကား
သူတို.လေ..ကိုယ်.ထက်ပိုပြီး
သိနိုင်ကြပါ.မလား။
ရောက်နေတဲ.အရပ်
မနက်ဖန်၊မနက်ဖန်နဲ.
မနက်ဖန်ပေါင်းများစွာကို
ရင်ဆိုင်ခဲ.ပါတယ်။
ဖြတ်ကျော်လို.လဲ
လာခဲ.ပါတယ်။
ပြီးခဲ.တာတွေ
အတိတ်မှာထားခဲ.လို.
ဆွေနွေးရင်ကြားရတဲ.စကား
သူတို.လေ..ကိုယ်.ထက်ပိုပြီး
သိနိုင်ကြပါ.မလား။
အပြစ်
သိနေရက်နဲ.
လွမ်းမိနေတာ
အပြစ်လား
ရှိမနေတဲ.သူအတွက်
သတိရမိနေတာ
အချစ်လား
အပြစ်ဖို.နေသူအတွက်
တမ်းတမိတာ
အကြင်နာလား
ရှိနေချိန်မှာတောင်
အေးချမ်းမှု
မပေးသူကို
စွဲလမ်းမိတာ
အကြင်နာလား။
ဓါတ်ပုံဆရာ
ပုံကောင်းတစ်ကွက်ရဖို.
ဘယ်နေရာဘယ်လို
ဘယ်ပုံ.စံ၊ဘယ်အနေအထား
ရှုထောင်.တွေစုံလို.
အမူအရာညွန်ပြ
အလင်းအမှောင်တွက်ဆ
ကွာဝေးမှုချိန်ဆ
ရိုက်ချက်တွေဗလပွနဲ.
သူ.အတွက်ဓါတ်ပုံ
ရှိမလာခဲ.။
ကြိုသိပါ
လာဖို.ကြိုးစားကြတယ်
ပြန်ဖို.စဉ်းစားကြတယ်
မရောက်ခင်ကသိမထားဘူး
ရောက်ပြီးမှအဖြေမရှိဘူး
ဝိညာဉ်ပျောက်သူလည်းရှိတယ်
စိတ္တဇဖြစ်သူလည်းရှိတယ်
သံသယာလည်သူလည်းရှိတယ်
အတောမတတ်နိုင်သူလည်းရှိတယ်
အသပြာတစ်ခုအတွက်
သီးခံမှုဆိုတဲ.အရာ
နုတ်တိုက်ကာရေရွတ်မှ
တော်ရုံကြမယ်။
ပြန်ဖို.စဉ်းစားကြတယ်
မရောက်ခင်ကသိမထားဘူး
ရောက်ပြီးမှအဖြေမရှိဘူး
ဝိညာဉ်ပျောက်သူလည်းရှိတယ်
စိတ္တဇဖြစ်သူလည်းရှိတယ်
သံသယာလည်သူလည်းရှိတယ်
အတောမတတ်နိုင်သူလည်းရှိတယ်
အသပြာတစ်ခုအတွက်
သီးခံမှုဆိုတဲ.အရာ
နုတ်တိုက်ကာရေရွတ်မှ
တော်ရုံကြမယ်။
ဝေးလွင်.လိပ်ပြာ
လမင်းကြီး
ဝိုင်းစက်ဖို.
နည်းနည်းသာ
လိုတော.သည်။
အော်..ဘာရယ်နဲ.
တစ်လဆိုတဲ.အချိန်
မကြာခင်ပြီးဆုံးတော.မယ်
လပြည်.ညဆိုတာလည်း
မကြာခင်ရောက်တော.မယ်
ဝေး လွှင်.နေတဲ.လိပ်ပြာ
နေရာဆိုတဲ.အသိ
ခဏနားဖို.
သူ. မှာ မ ရှိ။
Friday 30 October 2009
ဥတုနဲ.သောက
အပြင်ကိုကြည်.တော.
မြူတွေဆိုင်း
အေးမြခြင်းအတွေ.အထိက
ပြင်းပြနေလေရဲ.
ဆောင်းတွင်းဆိုတဲ.ရနံ
နွေထက်တော.
အေးမြပေမယ်.
ရင်မှာ၇ှိတဲ.
ပူပင်သောက
ထိုထိုသမျှကို
သူမထိုးဖေါက်နိုင်တာ
အံသြမိပါရဲ.။
မြူတွေဆိုင်း
အေးမြခြင်းအတွေ.အထိက
ပြင်းပြနေလေရဲ.
ဆောင်းတွင်းဆိုတဲ.ရနံ
နွေထက်တော.
အေးမြပေမယ်.
ရင်မှာ၇ှိတဲ.
ပူပင်သောက
ထိုထိုသမျှကို
သူမထိုးဖေါက်နိုင်တာ
အံသြမိပါရဲ.။
စက်ဝိုင်း
ကိုယ်.စိတ်နဲ.ကိုယ်.ကိုယ်
မနေရသရွေ.
ပျော်မွေ.မယ်ထင်ပါသလား
သူများစိတ်နဲ.ကိုယ်
စားဆိုစား
လုပ်ဆိုလုပ်
နေဆိုနေ
ထိုင်ဆိုထိုင်
တပတ်တာရဲ.အချိန်
ကုန်ခဲလိုက်တာ
ကုန်ပြန်တော.လဲ
နောက်တစ်ခါ...
တစ်ပါတ်အစ
ရင်ဆိုင်ကြ။
မနေရသရွေ.
ပျော်မွေ.မယ်ထင်ပါသလား
သူများစိတ်နဲ.ကိုယ်
စားဆိုစား
လုပ်ဆိုလုပ်
နေဆိုနေ
ထိုင်ဆိုထိုင်
တပတ်တာရဲ.အချိန်
ကုန်ခဲလိုက်တာ
ကုန်ပြန်တော.လဲ
နောက်တစ်ခါ...
တစ်ပါတ်အစ
ရင်ဆိုင်ကြ။
စိတ္တဇ
အချိန်ကိုကြည်.တော.
မနက်၂နာရီ
ဝန်းကျင်မှာလူသူမရှိ
ကောင်းကင်ကမှောင်အတိ
မြို.ပြလမ်းများထိန်ထိန်သာ၏
ဟိုင်းဝေးလမ်းကရှည်လျား၏
ဦးဒဟိုကားများသွားနေ၏
စိတ်တွေကဦးတည်ရာမဲ.
သွားချင်တာကတစ်နေရာကွဲ.
ရောက်နေတာကအစွန်းတဖက်
လုပ်နေတာကညဘက်တဲ.
သတိရနေတာသူအတွက်
နွမ်းလျမိလဲ ကာရံမဲ.
မနက်၂နာရီ
ဝန်းကျင်မှာလူသူမရှိ
ကောင်းကင်ကမှောင်အတိ
မြို.ပြလမ်းများထိန်ထိန်သာ၏
ဟိုင်းဝေးလမ်းကရှည်လျား၏
ဦးဒဟိုကားများသွားနေ၏
စိတ်တွေကဦးတည်ရာမဲ.
သွားချင်တာကတစ်နေရာကွဲ.
ရောက်နေတာကအစွန်းတဖက်
လုပ်နေတာကညဘက်တဲ.
သတိရနေတာသူအတွက်
နွမ်းလျမိလဲ ကာရံမဲ.
ဆန္ဒ
ဟိုတုန်းကရက်တွေ
လိုချင်လိုက်တာ..
ပြန်မရတော.တာ
သိနေပေမယ်.
တမ်းတတတ်တဲ.ဒီစိတ်
ဆုံးရှုံးခဲ.တာများတော.
အခုဖြစ်နေတာ
အိမ်မက်သာဆိုရင်
လန်.နိုးလိုက်ပါတော.။
လိုချင်လိုက်တာ..
ပြန်မရတော.တာ
သိနေပေမယ်.
တမ်းတတတ်တဲ.ဒီစိတ်
ဆုံးရှုံးခဲ.တာများတော.
အခုဖြစ်နေတာ
အိမ်မက်သာဆိုရင်
လန်.နိုးလိုက်ပါတော.။
တကယ်ပါ
အချစ်တဲ.
မခံစားဖူးလို.လဲမဟုတ်ပါ... နက်နက်နဲနဲကြုံဖူးပါတယ်။ ခက်ခက်ခဲခဲယူခဲ.ပါတယ်။ မက်မက်မောမောချစ်ဖူးပါတယ်။ ရက်ရက်ရောရော လွမ်းခဲ.ဖူးတယ်......။
Friday 9 October 2009
တန်ဖိုး
တစ်နေ.တာရဲ.
ရှစ် နာရီ
ဝင်ငွေ ၃၀၀၀၀ ရှိခဲ.သည်။
တစ် နာရီပိုလုပ်
၆၀၀၀ရပြီမို.
မက်လောက်စရာအတိ
ဖြစ်ကြသည်။
ရင်ပူစရာမရှိ
အချိန်ကုန်မှန်းမသိ..
ခံစားမှုမရှိ
နေ၀င်ချိန်မြန်၏..
သောကမရှိ
အမောကသက်သာ၏..
ပြောမပြတတ်တဲ.ဝေဒနာ
ဘ၀မမောကမသေချာ
ပူပင်စရာကများ
ခံစားမှုကရှည်လျားလို.
နေထွက်ကနေ၀င်
မကောင်းနိုင်တဲ.စိတ်
အစိုးမရတဲ. အဖြစ်တွေမို.
ရလာတဲ.ငွေ..တန်ဖိုးအနဂ္ဂ
များသလေ.....။
ရှစ် နာရီ
ဝင်ငွေ ၃၀၀၀၀ ရှိခဲ.သည်။
တစ် နာရီပိုလုပ်
၆၀၀၀ရပြီမို.
မက်လောက်စရာအတိ
ဖြစ်ကြသည်။
ရင်ပူစရာမရှိ
အချိန်ကုန်မှန်းမသိ..
ခံစားမှုမရှိ
နေ၀င်ချိန်မြန်၏..
သောကမရှိ
အမောကသက်သာ၏..
ပြောမပြတတ်တဲ.ဝေဒနာ
ဘ၀မမောကမသေချာ
ပူပင်စရာကများ
ခံစားမှုကရှည်လျားလို.
နေထွက်ကနေ၀င်
မကောင်းနိုင်တဲ.စိတ်
အစိုးမရတဲ. အဖြစ်တွေမို.
ရလာတဲ.ငွေ..တန်ဖိုးအနဂ္ဂ
များသလေ.....။
ဘယ်တော.လဲ
မသွားခင်က
ကြိုသိပါတယ်...
ဒီနေရာကိုပြန်လာဖို.
မပြန်ခင်ကတည်းက
သိခဲ.တယ်....
အရင်လိုပြန်ပြီး
လွမ်းရဖို....
ညဆိုအိပ်ရင်း
ရောက်ပါတယ်..
ကိုယ်တမ်းတတဲ.နေရာ သို.
မနက်ဆိုပြန်ပြီး
တွေးမိတယ်...
မသေချာ၊မရေရာ
ရက်တွေ သို. ။
အများနဲ.တစ်ယောက်
တစ်ယောက်က
အများကိုထားခဲ.တယ်..
ခဏတာတော.လွမ်းကြပေါ.
ကိုယ်.နေရာကိုယ်.ဒေသ
တူညီတဲ.ဓလေ.ရှိလို.
လွမ်းကြရင်လဲ ။။။။
တခဏပေါ.။။။။
အများကို
တစ်ယောက်ကခွဲသွားတယ်
မတူတဲ.နေရာ
ကျဉ်းကျပ်တဲ.စိတ်တွေနဲ.
အများကိုသာ
သူသတိ၇နေမှာ
သွားလာ၊စားသောက်
ပြုမှု၊နေထိုင်
တမ်းတတဲ.စိတ်တွေနဲ.
အများ၇ှိရာ၊သူ.ဒေသ
လွမ်းချင်းရှိတဲ.ဝေဒနာကို
အများကတော.မသိ
တစ်ယောက်သာသိ။
အများကိုထားခဲ.တယ်..
ခဏတာတော.လွမ်းကြပေါ.
ကိုယ်.နေရာကိုယ်.ဒေသ
တူညီတဲ.ဓလေ.ရှိလို.
လွမ်းကြရင်လဲ ။။။။
တခဏပေါ.။။။။
အများကို
တစ်ယောက်ကခွဲသွားတယ်
မတူတဲ.နေရာ
ကျဉ်းကျပ်တဲ.စိတ်တွေနဲ.
အများကိုသာ
သူသတိ၇နေမှာ
သွားလာ၊စားသောက်
ပြုမှု၊နေထိုင်
တမ်းတတဲ.စိတ်တွေနဲ.
အများ၇ှိရာ၊သူ.ဒေသ
လွမ်းချင်းရှိတဲ.ဝေဒနာကို
အများကတော.မသိ
တစ်ယောက်သာသိ။
လောကဓံ
ကောင်းကင်ကလမင်း
ထိန်ထိန်သာနေ
လပြည်.ညမို.လေ...
သစ်ရွက်တွေ
အရောင်ပြောင်း
ဥတုဒဏ်ကြောင်.
ကြွေဆင်းရတော.မယ်လေ....
စပါးခင်းတွေဝါ၀ါထိန်
ရိတ်သိမ်းချိန်ေ၇ာက်ပြီမို.
အရောင်အသွေးတွေကစိုပြေ
ပြောင်းလဲတဲ.အရာတွေ
မတည်မြဲတာ ထာဝရမို.
ကိုယ်.စိတ်ကိုလေ
ကြိတ်မှိတ်ကာဖြေ....။
ထိန်ထိန်သာနေ
လပြည်.ညမို.လေ...
သစ်ရွက်တွေ
အရောင်ပြောင်း
ဥတုဒဏ်ကြောင်.
ကြွေဆင်းရတော.မယ်လေ....
စပါးခင်းတွေဝါ၀ါထိန်
ရိတ်သိမ်းချိန်ေ၇ာက်ပြီမို.
အရောင်အသွေးတွေကစိုပြေ
ပြောင်းလဲတဲ.အရာတွေ
မတည်မြဲတာ ထာဝရမို.
ကိုယ်.စိတ်ကိုလေ
ကြိတ်မှိတ်ကာဖြေ....။
အားပေးပါတယ်
ရာသီပြောင်းပြီ
နေရာပြောင်းပြီ
မပြောင်းလဲတဲ.ဒီစိတ်
မကောင်းဘူးဟဲ.လို. ပြောရက်မလား
လွမ်းတတ်တာကို.....မကြော်ငြာပါဘူး
မမှားချင်ရင် အရင်ကတည်းကပြင်ဆင်ပေါ.
နောက်ကျမှမရနဲ. နောင်တဟဲ.လို.
နှောင်းမှသိခဲ.မရေရာတဲ.ဘ၀တွေအတွက်
အေးရင်လဲခံ....ပူရင်လဲခံ...ကျွန်ဖြစ်လည်းခံ
မတူညီလည်းခံ....ခံဘက်ကချည်းဘဲလို.
တွေးတောငေးမောမနေနဲ.
သီးခံခြင်း ဟာ အမြတ်ဆုံးမို.
ခံနိုင်ရည် ရှိအောင်လို.သာ
အားတင်းလိုက်ပါ... သူငယ်ချင်း.......
Monday 28 September 2009
မိုင်တိုင်များနှင်.
ညကသတ်ပုံမှားနေတာမဟုတ်ဘူး
နေ.ဆိုကတည်းကစာလုံးပေါင်းမတတ်ခဲ.တာ။
ကိုယ်.ကိုယ်ကိုယ်ပြန်ကြည်.တော.
ဘောင်ဘင်ခတ်သံတွေဘဲထွက်လာတယ်၊
အနည်တွေထလို.ဘာမှလည်းသုံးမ၇ပါဘူး။
ငှက်မသိလို.သာဇရက်ကိုချိုးထင်နေခဲ.တာ
နွားခြေရာခွက်ကိုရှာနေတဲ.ဖားတစ်ကောင်ရဲ.အဖြစ်နဲ.
ရှင်သန်ချိန်အတွက်တော.အတွေ.အကြုံရှာနေခဲ.။
ရင်ထဲမှာခံစားကြည်.တော.ရင်နှင်.အမျှတဲ.
ခေါင်းထဲမှာခံစားကြည်.လိုက်တော.
အတ္တ၊မာနနဲ.ဒေါသတွေဘဲ
ခေါင်းကိုက်သွားမယ်
သွေးတိုးသွားမယ်
အခန်.မသင်.ရင်လေပါဖြတ်သွားမယ်၊
ကျွန်တော်.ရဲ.ကဗျည်းမတတ်တဲ.မိုင်တိုင်များရယ်
လက်ညှိုးထိုးလွဲအောင် ခပ်လှမ်းလှမ်း မှာ
ထားခဲ.ပေးပါအုံး။ ။
copy by...http://www.zawzaw.com
ကိုယ်.ကိုယ်ကိုယ်ပြန်ကြည်.တော.
ဘောင်ဘင်ခတ်သံတွေဘဲထွက်လာတယ်၊
အနည်တွေထလို.ဘာမှလည်းသုံးမ၇ပါဘူး။
ငှက်မသိလို.သာဇရက်ကိုချိုးထင်နေခဲ.တာ
နွားခြေရာခွက်ကိုရှာနေတဲ.ဖားတစ်ကောင်ရဲ.အဖြစ်နဲ.
ရှင်သန်ချိန်အတွက်တော.အတွေ.အကြုံရှာနေခဲ.။
ရင်ထဲမှာခံစားကြည်.တော.ရင်နှင်.အမျှတဲ.
ခေါင်းထဲမှာခံစားကြည်.လိုက်တော.
အတ္တ၊မာနနဲ.ဒေါသတွေဘဲ
ခေါင်းကိုက်သွားမယ်
သွေးတိုးသွားမယ်
အခန်.မသင်.ရင်လေပါဖြတ်သွားမယ်၊
ကျွန်တော်.ရဲ.ကဗျည်းမတတ်တဲ.မိုင်တိုင်များရယ်
လက်ညှိုးထိုးလွဲအောင် ခပ်လှမ်းလှမ်း မှာ
ထားခဲ.ပေးပါအုံး။ ။
copy by...http://www.zawzaw.com
Sunday 20 September 2009
ဗေဒင်
လောကမှာ
ကောင်းသတင်း
ဆိုးသတင်း
၇ှိကြတယ်.......
ကောင်တာလုပ်လဲ
မကောင်းတာဖြစ်တယ်..
ဆိုးတာလုပ်ပေမယ်.
ကောင်းတာဖြစ်သွားတယ်....
နိမ်.တလှည်.၊မြင်.တစ်လှည်.
ဆိုပေမယ်.
အနိစ္စ ၀ရ..သင်္ခါရ မို.
ဘယ်အရာမှအကြာကြီး
မတည်မြဲဘူး..........
ကောင်းသတင်း
ဆိုးသတင်း
၇ှိကြတယ်.......
ကောင်တာလုပ်လဲ
မကောင်းတာဖြစ်တယ်..
ဆိုးတာလုပ်ပေမယ်.
ကောင်းတာဖြစ်သွားတယ်....
နိမ်.တလှည်.၊မြင်.တစ်လှည်.
ဆိုပေမယ်.
အနိစ္စ ၀ရ..သင်္ခါရ မို.
ဘယ်အရာမှအကြာကြီး
မတည်မြဲဘူး..........
Sunday 13 September 2009
၃၃ ( သို.မဟုတ်) ကာရံမဲ.
လတွေနှစ်ပေါင်း
ရက်ကြာညောင်းလို.
အသက်တွေ ထပ်ပြီး
ကြီးခဲ.သည်......
ဆုံးရှုံးမှုပမာဏ
လက်ဝယ်မှာ
ဗလာနတ္ထိမို.
ကုန်ခဲ.တဲ.အချိန်တွေအတွက်
အရင်းလေးဘဲ
ပြန်ပေးပါ.............
Sunday 6 September 2009
ချစ်ခြင်းဖွဲ.ဘဝ
ငါ အချစ်တွေကြားမှာ မွေးဖွားခဲ.
အချစ်တွေကြားမှာကြီးပြင်းခဲ.
အချစ်တွေကြားမှာသေဆုံးခဲ.
ငါ.ရဲ. သံယောဇဉ် ချိန်ခွင်လျှာ
သမုဒယ ဘက်မှာ အလေးသာခဲ.
လူ. ဘ၀ဆိုတာ
သံယောဇဉ်ကွန်ယက်ထဲက
ရုန်းထွက်နိုင်တဲ. ဘုံလား ......။
အချစ်တွေကြားမှာကြီးပြင်းခဲ.
အချစ်တွေကြားမှာသေဆုံးခဲ.
ငါ.ရဲ. သံယောဇဉ် ချိန်ခွင်လျှာ
သမုဒယ ဘက်မှာ အလေးသာခဲ.
လူ. ဘ၀ဆိုတာ
သံယောဇဉ်ကွန်ယက်ထဲက
ရုန်းထွက်နိုင်တဲ. ဘုံလား ......။
တောင်းပန်စကား
၂လနီးပါးမျှမရေးဖြစ်ခဲ.သောခံစားမှုများကို
ယနေ.စတင်ရေးခဲ.ပါတယ်။မတည်ငြိမ်နိုင်
သောစိတ်တွေကိုတည်ငြိမ်အောင်ထိန်းချုပ်ဖို.
ကြိုးစားနေပါတယ်။စိတ်ချမ်းသာမှုမရှိသော
အချိန်ကာလမို.ရေးသားမှုများဟာပျော်ရွှင်စရာ
ကောင်းမှာမဟုတ်တဲ.အတွက်အချိန်ပေးပြီးဖတ်
ကြတဲ.မိတ်ဆွေများကို တောင်းပန်ပါတယ်လို.
Monday 6 July 2009
အိမ်အပြန်
သူတို.တွေလည်းပြန်
ကိုယ်လည်းပြန်
ပြန်တာချင်းတူပေမယ်.
မြတ်တာချင်းမတူကြဘူး
အချိန်မတိုင်ခင်ပြန်သူလည်းရှိ
အချိန်စေ.လို.ပြန်သူလည်းရှိ
တိုးတက်တာတွေနဲ.နေခဲ.လို.
ဒို.မြေမှာ မတိုးတက်ပေမယ်.
ကိုယ်.ပြည်ကိုတော.
ချစ်သင်.တယ်။ ၂၀၀၉ တစ်ပေါင်းလပြည်.ကျော်၁ရက် အင်္ဂါနေ.
မနက်၂နာရီ၂၀မိနစ်
ကိုယ်လည်းပြန်
ပြန်တာချင်းတူပေမယ်.
မြတ်တာချင်းမတူကြဘူး
အချိန်မတိုင်ခင်ပြန်သူလည်းရှိ
အချိန်စေ.လို.ပြန်သူလည်းရှိ
တိုးတက်တာတွေနဲ.နေခဲ.လို.
ဒို.မြေမှာ မတိုးတက်ပေမယ်.
ကိုယ်.ပြည်ကိုတော.
ချစ်သင်.တယ်။ ၂၀၀၉ တစ်ပေါင်းလပြည်.ကျော်၁ရက် အင်္ဂါနေ.
မနက်၂နာရီ၂၀မိနစ်
Friday 19 June 2009
မကြာမီ
နောက်လာမယ်.
၁၀ရက်
ကြာတယ်လို.ထင်ခဲ.
အရင်တုန်းက၇က်တွေ.
မင်းမေ.နေလား.......
တန်ဖိုးကြီးတာတွေ
ဆုံးရှုံးခဲ.တာကော
မင်းသတိမရတော.ဘူးလား
ဘ၀ရဲ.တစိတ်တစ်ဒေသမှာ
မင်းအနေကျခဲ.လို.လား
မင်းကိုတကယ်ချစ်တဲ.သူတွေကော
မင်းဘ၀မှာရှိသေးလား........
အရမ်းတော.မပြောလိုက်ပါနဲ.
အရင်ဘ၀ကိုလည်းမမေ.ပါဘူး
လက်ရှိဘ၀မှာလဲ
အဆင်မပြေပါဘူး
ပြန်တောင်.တမိတဲ.အရာတွေလဲ
ငါမရတော.ပါဘူး
ငါကချစ်မိလို.
ငါ.အပြစ်တွေလို.
ပုံချလိုက်ပါတော.
စိတ်ကိုဖြေလို.၊ကျင်လည်နေတဲ.
သံသရာခရီးမို.
နေ.စဉ်ပုံမှန်လည်ပတ်ဖို.
မရူးယုံတမယ်။
ငါ.ကိုယ်ငါလေ
အားတင်းလို.နေခဲ.တယ် ဆိုတာ
မင်းသိသင်.တယ်.............
၁၀ရက်
ကြာတယ်လို.ထင်ခဲ.
အရင်တုန်းက၇က်တွေ.
မင်းမေ.နေလား.......
တန်ဖိုးကြီးတာတွေ
ဆုံးရှုံးခဲ.တာကော
မင်းသတိမရတော.ဘူးလား
ဘ၀ရဲ.တစိတ်တစ်ဒေသမှာ
မင်းအနေကျခဲ.လို.လား
မင်းကိုတကယ်ချစ်တဲ.သူတွေကော
မင်းဘ၀မှာရှိသေးလား........
အရမ်းတော.မပြောလိုက်ပါနဲ.
အရင်ဘ၀ကိုလည်းမမေ.ပါဘူး
လက်ရှိဘ၀မှာလဲ
အဆင်မပြေပါဘူး
ပြန်တောင်.တမိတဲ.အရာတွေလဲ
ငါမရတော.ပါဘူး
ငါကချစ်မိလို.
ငါ.အပြစ်တွေလို.
ပုံချလိုက်ပါတော.
စိတ်ကိုဖြေလို.၊ကျင်လည်နေတဲ.
သံသရာခရီးမို.
နေ.စဉ်ပုံမှန်လည်ပတ်ဖို.
မရူးယုံတမယ်။
ငါ.ကိုယ်ငါလေ
အားတင်းလို.နေခဲ.တယ် ဆိုတာ
မင်းသိသင်.တယ်.............
Monday 8 June 2009
မှတ်ဥာဏ်
အိပ်ပျက်တဲ.ည
ကုန်လွန်တဲ.အချိန်
နာရီလက်တံအနှေးအမြန်
မြန်မြန်ကုန်ပါစေဆိုတဲ.ဆုတောင်း
တစ်နေ.တာပြီးလို.
နောက်တစ်နေ.အတွက်
ပြင်ဆင်လို.အားခဲ
အသိစိတ်ကအသေအချာ
မသိစိတ်ရဲ.အဖြေကိုရှာ.........?
ကုန်လွန်တဲ.အချိန်
နာရီလက်တံအနှေးအမြန်
မြန်မြန်ကုန်ပါစေဆိုတဲ.ဆုတောင်း
တစ်နေ.တာပြီးလို.
နောက်တစ်နေ.အတွက်
ပြင်ဆင်လို.အားခဲ
အသိစိတ်ကအသေအချာ
မသိစိတ်ရဲ.အဖြေကိုရှာ.........?
Sunday 7 June 2009
ပရင်တာ
နှလုံးသားရင်တွင်း
ဖြစ်တည်ခြင်း
ဝမ်းနည်းဝမ်းသာ
ဖြစ်လာသမျှ
ထိုကိစ္စကိုချက်ခြင်းလက်ငင်း
မှတ်တမ်းတင်ဖို.
ကိုယ်နဲ.မခွာ
ရှိသင်.တဲ.အရာ.......?
ဖြစ်တည်ခြင်း
ဝမ်းနည်းဝမ်းသာ
ဖြစ်လာသမျှ
ထိုကိစ္စကိုချက်ခြင်းလက်ငင်း
မှတ်တမ်းတင်ဖို.
ကိုယ်နဲ.မခွာ
ရှိသင်.တဲ.အရာ.......?
Thursday 4 June 2009
အမှတ်တရ
မေတ္တာ ထုကြီး
ဖြစ်လာဖို.
သေးငယ်တဲ.
သာမန်အသေးအမွှားကိစ္စ
အပြုအမူ၊အမှတ်တရတွေကဘဲ
စုခဲ.ရတယ်မဟုတ်ပါလား.........။
နိုင်းနိုင်းစနေ
ဖြစ်လာဖို.
သေးငယ်တဲ.
သာမန်အသေးအမွှားကိစ္စ
အပြုအမူ၊အမှတ်တရတွေကဘဲ
စုခဲ.ရတယ်မဟုတ်ပါလား.........။
နိုင်းနိုင်းစနေ
အတိသရ၀ုတ္တိ
မမြင်နိုင်ဘဲ
လွန်ခိုင်မြဲသည်
ရင်မှာနှောင်ဖွဲ.
ကြိုးတမျှင်........?
ဆွဲငင်ရစ်ပတ်
အထပ်ထပ်မို.
ဖြတ်နိုင်ခဲသော
ကြိုးကလေး.....?
ဒီစာပိုဒ်လေးနှစ် ခုရဲ.ဆိုလိုချက်ကိုသိကြပါသလား၊ယခုမှဖြစ်ပေါ်လာသော
စာသားတွေမဟုတ်ပါဘူး။လွန်ခဲသောနှစ်ပေါင်း၃၀ လောက်ကတည်းကရှိခဲ.သော
စာသားလေးတွေပါ။ယခုထိမှတ်မိနေခြင်းကတော. လူသားအားလုံး(နှလုံးသားရှိသူ)
ကင်းကွာလို.မရ၊လုပ်ယူလို.မရတဲ. ဆိုလိုချက် အဓိပါယ် တစ်ခုကြောင်.ပါဘဲ။
လွန်ခိုင်မြဲသည်
ရင်မှာနှောင်ဖွဲ.
ကြိုးတမျှင်........?
ဆွဲငင်ရစ်ပတ်
အထပ်ထပ်မို.
ဖြတ်နိုင်ခဲသော
ကြိုးကလေး.....?
ဒီစာပိုဒ်လေးနှစ် ခုရဲ.ဆိုလိုချက်ကိုသိကြပါသလား၊ယခုမှဖြစ်ပေါ်လာသော
စာသားတွေမဟုတ်ပါဘူး။လွန်ခဲသောနှစ်ပေါင်း၃၀ လောက်ကတည်းကရှိခဲ.သော
စာသားလေးတွေပါ။ယခုထိမှတ်မိနေခြင်းကတော. လူသားအားလုံး(နှလုံးသားရှိသူ)
ကင်းကွာလို.မရ၊လုပ်ယူလို.မရတဲ. ဆိုလိုချက် အဓိပါယ် တစ်ခုကြောင်.ပါဘဲ။
Monday 1 June 2009
လောကဓံ
ခံစားချက်တွေ
အသက်ဝင်လာတော.
ကဗျာ ဆိုတာ တွေ
ဖြစ်လာတယ် ။
အလွမ်းတွေ
ရင်.ကျက်လာတော.
တမ်းတမှုတွေဖြစ်ပြန်တယ်။
အတွေးတွေ
ခိုင်မာလာတော.
မျှော်လင်.ချက်တွေရှင်သန်တယ်။
ဆုံးရှုံးမှုတွေ
များလာတော.
ခဲ မှန် ဖူးတဲ. စာသူငယ်..............?
အသက်ဝင်လာတော.
ကဗျာ ဆိုတာ တွေ
ဖြစ်လာတယ် ။
အလွမ်းတွေ
ရင်.ကျက်လာတော.
တမ်းတမှုတွေဖြစ်ပြန်တယ်။
အတွေးတွေ
ခိုင်မာလာတော.
မျှော်လင်.ချက်တွေရှင်သန်တယ်။
ဆုံးရှုံးမှုတွေ
များလာတော.
ခဲ မှန် ဖူးတဲ. စာသူငယ်..............?
Tuesday 26 May 2009
ဒီလိုနဲ.ဘဲ
တစ်နေ၀င်တစ်နေထွက်
သံပတ်ပေးတဲ.စက်ရုပ်တွေလို
ရပ်တည်နေရ လက်ရှိ ဘ၀မှာ
မဆုံးသောဇတ်လမ်း
အခန်းဆက်ဝတ္တုရှည်
စပြီးမှတော.
ကိုယ်ထိုက်နဲ.ကိုယ်ကံသာ
ရှိစေတော. ...........
သံပတ်ပေးတဲ.စက်ရုပ်တွေလို
ရပ်တည်နေရ လက်ရှိ ဘ၀မှာ
မဆုံးသောဇတ်လမ်း
အခန်းဆက်ဝတ္တုရှည်
စပြီးမှတော.
ကိုယ်ထိုက်နဲ.ကိုယ်ကံသာ
ရှိစေတော. ...........
Friday 22 May 2009
ဆည်းဆာမေးလ်း
တခုသောညနေ
တစ်ယောက်သောဆီက
သံစဉ်စာသား
လေလှိုင်းလွင်.ကာ
ကိုယ်.ဆီရောက်လာ.......
ခံစားမှုအထွတ်အထိပ်
ရင်ထဲဝင်ရောက်
ပူကာဆူပွက်
ဘယ်လိုဖြစ်သလဲဆိုတာ
မင်းသိမှာပါ..........
တစ်ယောက်သောဆီက
သံစဉ်စာသား
လေလှိုင်းလွင်.ကာ
ကိုယ်.ဆီရောက်လာ.......
ခံစားမှုအထွတ်အထိပ်
ရင်ထဲဝင်ရောက်
ပူကာဆူပွက်
ဘယ်လိုဖြစ်သလဲဆိုတာ
မင်းသိမှာပါ..........
Wednesday 20 May 2009
ခြောက်ခမ်းသွားတဲ.အိမ်မက်မြစ်
မင်းနဲ.ငါ တွေ.စတုန်းက
အပြုံးတွေဟာ
ကိုကာကိုလာထက်
ချို မြခဲ.တယ်...။
အဲဒီတုန်းက
မိုးကုတ်စက်ဝိုင်းရဲ.
ခရီးအဆုံးဟာ
အနီးကလေးပါလို.
မင်းပြောခဲ.တယ်....
ငှက်ဖြစ်တောင် တစ်ကိုင်းထဲနား
ရိုးသားတဲ.
မင်းအချစ်ဟာ
ငါ.အတွက် ပျားရည်မြစ်တစ်စင်း
ငှက်ကလေးတွေဟာ
သာမန်အားဖြင်.ချစ်စရာပါ
ဒါပေမယ်.
ဖန်တီးမှုပညာရှင် ဟစ်ရှ်ကော.ရဲ.
ငှက်များကတော.
ကမ္ဘာကျော်အောင်ကြောက်စရာကောင်းတဲ.
ရုပ်ရှင်ကားတစ်ခုဖြစ်သွားတယ်....။
အခုတော.လဲ ငါလေ
သံဘူးထဲမှာအကျဉ်းချခံထားတဲ.
ဘီယာလိုမနေလိုတော.ဘူး.....
ဧရာဝတီမြစ်ရေအလျှင်မှာ
တသွင်သွင်စီးဆင်းနေတဲ.
ရေမော်လီကျူး ကလေး
တစ်ခုဘဲ ဖြစ်ရ ဖြစ်ရ
ငါ.ဘ၀လွပ်လပ်ချင်တယ်...။
ကော်ဖီခါးခါးတစ်ခွက်
မျိုမကျရက်နိုင်တဲ. မင်းကို
ချို မြအောင် ကိုယ်က
လုပ်ပေးချင်သော်လည်း
ငါတတ်နိုင်တဲ.
ပျားရည်တစ်စက်ဟာ
မင်းအတွက်
ခါးသက်နေပြီ ပေါ.....။
မောင်ခိုင်မာ
အပြုံးတွေဟာ
ကိုကာကိုလာထက်
ချို မြခဲ.တယ်...။
အဲဒီတုန်းက
မိုးကုတ်စက်ဝိုင်းရဲ.
ခရီးအဆုံးဟာ
အနီးကလေးပါလို.
မင်းပြောခဲ.တယ်....
ငှက်ဖြစ်တောင် တစ်ကိုင်းထဲနား
ရိုးသားတဲ.
မင်းအချစ်ဟာ
ငါ.အတွက် ပျားရည်မြစ်တစ်စင်း
ငှက်ကလေးတွေဟာ
သာမန်အားဖြင်.ချစ်စရာပါ
ဒါပေမယ်.
ဖန်တီးမှုပညာရှင် ဟစ်ရှ်ကော.ရဲ.
ငှက်များကတော.
ကမ္ဘာကျော်အောင်ကြောက်စရာကောင်းတဲ.
ရုပ်ရှင်ကားတစ်ခုဖြစ်သွားတယ်....။
အခုတော.လဲ ငါလေ
သံဘူးထဲမှာအကျဉ်းချခံထားတဲ.
ဘီယာလိုမနေလိုတော.ဘူး.....
ဧရာဝတီမြစ်ရေအလျှင်မှာ
တသွင်သွင်စီးဆင်းနေတဲ.
ရေမော်လီကျူး ကလေး
တစ်ခုဘဲ ဖြစ်ရ ဖြစ်ရ
ငါ.ဘ၀လွပ်လပ်ချင်တယ်...။
ကော်ဖီခါးခါးတစ်ခွက်
မျိုမကျရက်နိုင်တဲ. မင်းကို
ချို မြအောင် ကိုယ်က
လုပ်ပေးချင်သော်လည်း
ငါတတ်နိုင်တဲ.
ပျားရည်တစ်စက်ဟာ
မင်းအတွက်
ခါးသက်နေပြီ ပေါ.....။
မောင်ခိုင်မာ
ကဗျာနဲ.ပတ်သက်လို.
ဒီကဗျာလေးမဖေါ်ခင်မှာနည်းနည်းလေးပြောပါရစေ။
သက်တမ်းအားဖြင်.ဆိုရင်ဒီကဗျာလေးဟာ
အနှစ်၂၀ နီးပါးရှိပါပြီ။ကြိုက်လို.အလွှတ်တောင်ရနေတယ်။
အမှတ်တရ အဖြစ် ဖေါ်ပြလိုက်ပါတယ်။ကျောင်းသားဘဝ
ကတည်းကမဂ္ဂဇင်းတခုမှာစဖတ်ခဲ.ရတာပါ။ကဗျာကိုရေးသား
သူကတော. မောင်ခိုင်မာ ဆိုတဲ.ဆရာတစ်ယောက်ပါ။ အခုအချိန်ထိ
ရှင်သန်နေတဲ. ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။
နှလုံးသားနဲ.ရှင်သန်ခံစားနိုင်ကြပါစေ.....။
သက်တမ်းအားဖြင်.ဆိုရင်ဒီကဗျာလေးဟာ
အနှစ်၂၀ နီးပါးရှိပါပြီ။ကြိုက်လို.အလွှတ်တောင်ရနေတယ်။
အမှတ်တရ အဖြစ် ဖေါ်ပြလိုက်ပါတယ်။ကျောင်းသားဘဝ
ကတည်းကမဂ္ဂဇင်းတခုမှာစဖတ်ခဲ.ရတာပါ။ကဗျာကိုရေးသား
သူကတော. မောင်ခိုင်မာ ဆိုတဲ.ဆရာတစ်ယောက်ပါ။ အခုအချိန်ထိ
ရှင်သန်နေတဲ. ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။
နှလုံးသားနဲ.ရှင်သန်ခံစားနိုင်ကြပါစေ.....။
တန်ဖိုး
အတူနေစဉ်မှာ
ကိုယ်.ကိုချစ်ခင်ပါစေ...
ခွဲခွာသွားစဉ်မှာ
ကိုယ်.ကိုလွမ်းဆွတ်ပါစေ..
ကိုယ်သေသွားတဲ.အခါ
နှမြောတသရှိပါစေ......။
အမည်မသိဆရာတော်တစ်ပါး
ကိုယ်.ကိုချစ်ခင်ပါစေ...
ခွဲခွာသွားစဉ်မှာ
ကိုယ်.ကိုလွမ်းဆွတ်ပါစေ..
ကိုယ်သေသွားတဲ.အခါ
နှမြောတသရှိပါစေ......။
အမည်မသိဆရာတော်တစ်ပါး
Monday 18 May 2009
မှတ်တမ်း
အေးမြတဲ.နေရာ
အလွမ်းဓါတ်ခံရှိသူ
သူပြောတဲ.စကား
မှတ်သားလောက်ပါပေ.။
ပုထုဇဉ်လူသားတိုင်း
အသိတရားကိုလက်ကိုင်ထား
ဝေဒနာအတွက်၊ဖြေရှာလို.ခက်နေရင်
သူပြောတဲ.စကားဟာကွယ်
” ကိုယ်ကချစ် ၇င် ပင်ပန်းတယ် ”
အလွမ်းဓါတ်ခံရှိသူ
သူပြောတဲ.စကား
မှတ်သားလောက်ပါပေ.။
ပုထုဇဉ်လူသားတိုင်း
အသိတရားကိုလက်ကိုင်ထား
ဝေဒနာအတွက်၊ဖြေရှာလို.ခက်နေရင်
သူပြောတဲ.စကားဟာကွယ်
” ကိုယ်ကချစ် ၇င် ပင်ပန်းတယ် ”
မှားလား
လူကိုမချစ်
ငွေကိုချစ်၏။
သူမပါအရာမရောက်သမို.
ကိုယ်တွေ.ကြုံ ၏...
ငွေမပါရင်
အဆင်မပြေသော်လည်း
ရင်ထဲအသည်းထဲက
အချစ်မပါရင်ဖြင်.
ငွေမရှာနိုင်ရင်
အချစ်ဆိုတာ
ပျေက်ကွယ်ပြီဘဲ...။
ငွေကိုချစ်၏။
သူမပါအရာမရောက်သမို.
ကိုယ်တွေ.ကြုံ ၏...
ငွေမပါရင်
အဆင်မပြေသော်လည်း
ရင်ထဲအသည်းထဲက
အချစ်မပါရင်ဖြင်.
ငွေမရှာနိုင်ရင်
အချစ်ဆိုတာ
ပျေက်ကွယ်ပြီဘဲ...။
ကာရံမလိုပါ
တစ်ဦးနှင်.တစ်ဦး
ယုယကာကြင်နာ
ချစ်တာကိုပဓါန
ဂုဏ်ဓနကိုအသာဖယ်
တကယ်တန်းသာ
ချစ်ကြရင်ကွယ်....
နောင်လာမယ်.
နှစ်တွေအတွက်
စိတ်ချရတယ်......။
ယုယကာကြင်နာ
ချစ်တာကိုပဓါန
ဂုဏ်ဓနကိုအသာဖယ်
တကယ်တန်းသာ
ချစ်ကြရင်ကွယ်....
နောင်လာမယ်.
နှစ်တွေအတွက်
စိတ်ချရတယ်......။
Thursday 7 May 2009
မြန်မာ.စိတ်
တန်ခူးကျော်လို.
ဗုဒ္ဓဖွားသည်.
လမြတ်ကဆုန်
ရောက်တော.မည်။
အဝေးကလပြည်.ညများစွာ
ဖြတ်သန်းလို.လာခဲ.ပေမယ်.
ဒို.ပြည်မှာလပြည်.နေ.ဆို
အထူးအမြတ်တစ်ခု
သတ်မှတ်လို.ပြု ကြ
ပွဲလမ်းသဘင်၊ဆင်ကာနွဲယှဉ်
ကျပ်တည်းမှုဆိုတာ၊အသာထား
အလှုအတန်းဆို၊ပဓါနတရား
သဒ္ဓါထက်သန်၊မြန်မာရဲ.မာန်မို.
အချိန်နေရာဘယ်လိုပင်ပြောင်းလည်း
မေ.ပျောက်မသွားတာ
ဒို.မြန်မာ.စိတ်ဘဲ။
ဗုဒ္ဓဖွားသည်.
လမြတ်ကဆုန်
ရောက်တော.မည်။
အဝေးကလပြည်.ညများစွာ
ဖြတ်သန်းလို.လာခဲ.ပေမယ်.
ဒို.ပြည်မှာလပြည်.နေ.ဆို
အထူးအမြတ်တစ်ခု
သတ်မှတ်လို.ပြု ကြ
ပွဲလမ်းသဘင်၊ဆင်ကာနွဲယှဉ်
ကျပ်တည်းမှုဆိုတာ၊အသာထား
အလှုအတန်းဆို၊ပဓါနတရား
သဒ္ဓါထက်သန်၊မြန်မာရဲ.မာန်မို.
အချိန်နေရာဘယ်လိုပင်ပြောင်းလည်း
မေ.ပျောက်မသွားတာ
ဒို.မြန်မာ.စိတ်ဘဲ။
မိတ်ဆွေစစ်
ဝမ်းသာရင်လဲသူ၇ှိတယ်
ဝမ်းနည်းရင်လဲသူရှိတယ်
ကြိတ်လို.ဆွေးလဲသူရှိတယ်
မှိတ်လို.ငေးလဲသူရှိတယ်။
ရုပ်ရှင်ရိုက်ကွင်းမဟုတ်
ဒါရိုက်တာခိုင်းစေချက်မဟုတ်။
ခံစားချက်ဖြစ်မှရောက်လာတာမို.
ထူးခြားတဲ.ငါ.ဘဝ
ဝမ်နည်းမှုများစွာ၊ခံစားမှု
အလီိလီအခါခါမို.
ငါ.ရဲ.မိတ်ဆွေထို “မျက်ရည်”ကို
အားနာလို.ကွယ်
နေမိတယ်........။
ဝမ်းနည်းရင်လဲသူရှိတယ်
ကြိတ်လို.ဆွေးလဲသူရှိတယ်
မှိတ်လို.ငေးလဲသူရှိတယ်။
ရုပ်ရှင်ရိုက်ကွင်းမဟုတ်
ဒါရိုက်တာခိုင်းစေချက်မဟုတ်။
ခံစားချက်ဖြစ်မှရောက်လာတာမို.
ထူးခြားတဲ.ငါ.ဘဝ
ဝမ်နည်းမှုများစွာ၊ခံစားမှု
အလီိလီအခါခါမို.
ငါ.ရဲ.မိတ်ဆွေထို “မျက်ရည်”ကို
အားနာလို.ကွယ်
နေမိတယ်........။
ကိုယ်တိုင်ကိုယ်ကျ
ကောင်းကင်ပြာပေါ်
ပျံကာဝဲ၊လေယာဉ်တွေ.ရင်လဲ
ပြောမပြတတ်တဲ.အသိရှိခဲ.တယ်။
တနေ.ကျငါလဲသွားရမှာဘဲလို.။
ကိုယ်တိုင်ကိုယ်ကျသွားခဲ.တဲ.အချိန်
၂၀၀၈ရဲ.မေလတွေမှာ
အသွားခရီးဖေါ်မပြတတ်တဲ.
အပျော်တွေရှိခဲ.တယ်။
မွေးရပ်မြေကိုပြန်ရလို.။
ရက်ပေါင်းရယ်၃၀
မိသားစုအရေးဆွေးနွေးလို.
ပူပင်ပေမယ်.၊ငါပျော်ခဲ.တယ်။
သွားချင်တဲ.နေရာ၊ဒေသမစုံပေမယ်.
အလည်ပိုင်းမြန်မာပြည်၊
နှံ.ခဲ.တယ်ပြောရမလောက်
ဘုရားစုံအောင်ဖူးခဲ.တယ်။
အပြန်ခ၇ီး၊မပြန်မပြီးမို.
ဝေးရမယ်.အသိရင်ထဲမချိအောင်
ဖြစ်ခဲ.တယ်။
စီးခဲ.တဲ.လေယာဉ်၊ထိုင်ခဲ.တဲ.နေရာ
ညလုံးပေါက်အိပ်မရ
သံယောဇဉ်တွေကိုသတိတယနဲ.
၇င်ဆိုင်ရမယ်.နေရာ
တဖန်ပြန်ခံစားရအုံးမှာမို.
မနက်ဖြန်ဆိုတာကြောက်မိတယ်....။
ပျံကာဝဲ၊လေယာဉ်တွေ.ရင်လဲ
ပြောမပြတတ်တဲ.အသိရှိခဲ.တယ်။
တနေ.ကျငါလဲသွားရမှာဘဲလို.။
ကိုယ်တိုင်ကိုယ်ကျသွားခဲ.တဲ.အချိန်
၂၀၀၈ရဲ.မေလတွေမှာ
အသွားခရီးဖေါ်မပြတတ်တဲ.
အပျော်တွေရှိခဲ.တယ်။
မွေးရပ်မြေကိုပြန်ရလို.။
ရက်ပေါင်းရယ်၃၀
မိသားစုအရေးဆွေးနွေးလို.
ပူပင်ပေမယ်.၊ငါပျော်ခဲ.တယ်။
သွားချင်တဲ.နေရာ၊ဒေသမစုံပေမယ်.
အလည်ပိုင်းမြန်မာပြည်၊
နှံ.ခဲ.တယ်ပြောရမလောက်
ဘုရားစုံအောင်ဖူးခဲ.တယ်။
အပြန်ခ၇ီး၊မပြန်မပြီးမို.
ဝေးရမယ်.အသိရင်ထဲမချိအောင်
ဖြစ်ခဲ.တယ်။
စီးခဲ.တဲ.လေယာဉ်၊ထိုင်ခဲ.တဲ.နေရာ
ညလုံးပေါက်အိပ်မရ
သံယောဇဉ်တွေကိုသတိတယနဲ.
၇င်ဆိုင်ရမယ်.နေရာ
တဖန်ပြန်ခံစားရအုံးမှာမို.
မနက်ဖြန်ဆိုတာကြောက်မိတယ်....။
တကယ်ပြောတာ
ငွေ
မင်းကိုလိုချင်လို.
အဝေးဆီငါလာခဲ.တယ်...
မျှော်လင်.ချက်တွေများစွာနဲ.ပေါ.
ရှင်ကြီးဝမ်းလဲဝင်ခဲ.ဘူးတယ်၊
ရှင်ငယ်ဝမ်းလဲဝင်ခဲ.ဘူးတယ်။
ထူးခြားတာတခုက
နှိပ်ကွပ်မှုဆိုတာဘဲပေါ.။
တရားဝင်နေလဲခံရတယ်
တရားမ၀င်နေလဲခံ၇တယ်။
နည်းတာများတာတစ်ခုပါဘဲ။
ရောက်တဲ.အချိန်က၁ကျပ်
ဒို.ဆီမှာ၂ကျပ်မို.
ဝမ်းသာလို.လဲနေခဲ.တယ်။
၁ကျပ်ဖြုန်းရင်၂ကျပ်ကုန်မှာမို.
ချွေတာလို.လဲသုံးခဲ.တယ်။
လက်ရှိအချိန်၊ဒို.ဆီမှာ၁မတ်
မင်းတို.ဆီမှာ၁ကျပ်မို.
လိုက်လို.ရယ်မမှီ
သက်တမ်းတယ်၇ှည်ကြာ
ကျွန်ဘ၀မှာအနေခက်တော.မှာမို.
မင်းကိုဘဲငါက
အရှုံးဘဲပေးလိုက်တော.မယ်။
မင်းကိုလိုချင်လို.
အဝေးဆီငါလာခဲ.တယ်...
မျှော်လင်.ချက်တွေများစွာနဲ.ပေါ.
ရှင်ကြီးဝမ်းလဲဝင်ခဲ.ဘူးတယ်၊
ရှင်ငယ်ဝမ်းလဲဝင်ခဲ.ဘူးတယ်။
ထူးခြားတာတခုက
နှိပ်ကွပ်မှုဆိုတာဘဲပေါ.။
တရားဝင်နေလဲခံရတယ်
တရားမ၀င်နေလဲခံ၇တယ်။
နည်းတာများတာတစ်ခုပါဘဲ။
ရောက်တဲ.အချိန်က၁ကျပ်
ဒို.ဆီမှာ၂ကျပ်မို.
ဝမ်းသာလို.လဲနေခဲ.တယ်။
၁ကျပ်ဖြုန်းရင်၂ကျပ်ကုန်မှာမို.
ချွေတာလို.လဲသုံးခဲ.တယ်။
လက်ရှိအချိန်၊ဒို.ဆီမှာ၁မတ်
မင်းတို.ဆီမှာ၁ကျပ်မို.
လိုက်လို.ရယ်မမှီ
သက်တမ်းတယ်၇ှည်ကြာ
ကျွန်ဘ၀မှာအနေခက်တော.မှာမို.
မင်းကိုဘဲငါက
အရှုံးဘဲပေးလိုက်တော.မယ်။
Monday 6 April 2009
ဆုတောင်း
ငှက်ကလေးတွေ
မြင်ရင်လဲ
ကျန်းမာလို.ချမ်းသာပါစေ။
ခွေးလေးတွေ
တွေ.ရင်လဲ
ကျမ်းမာလို.ချမ်းသာပါစေ။
အဆင်မပြေတဲ.သူတွေလဲ
ပြေလည်ကြပါစေ။
လိုအင်ဆန္ဒတစ်လုံးတစ်ဝနဲ.
ပြည်.စုံကြပါစေ။
ကာယကံရှင်ကိုယ်တိုင်လည်း
ထပ်တူထပ်မျှ............?
မြင်ရင်လဲ
ကျန်းမာလို.ချမ်းသာပါစေ။
ခွေးလေးတွေ
တွေ.ရင်လဲ
ကျမ်းမာလို.ချမ်းသာပါစေ။
အဆင်မပြေတဲ.သူတွေလဲ
ပြေလည်ကြပါစေ။
လိုအင်ဆန္ဒတစ်လုံးတစ်ဝနဲ.
ပြည်.စုံကြပါစေ။
ကာယကံရှင်ကိုယ်တိုင်လည်း
ထပ်တူထပ်မျှ............?
အမြင်မှန်
ကိုယ်. ပြည်နဲ.
စကားစပြော
အွန်စောနဲ.တွေ.ပါသလားတဲ.။
အိုပါးကိုအာဂုံဆောင်
အွန်လိုင်းကိုအချိန်ကုန်အောင်
သူတို.သိတာရုပ်ရှင်ထဲကမင်းသား
ဒို.သိတာလက်တွေ.ဘ၀က ရှီးဘား
ရှီးဘားရှက်ကီ၊ဂဲဆက်ကီနဲ.
နေ.စဉ်ခံစား၊နှစ်တွေများတော.
ရင်ထဲကအနှစ်၊ဖွင်.ကာလှစ်ရရင်ဖြင်.
ပဲပြုတ်ကိုတမ်းတ၊ငပိဖုတ်ကိုသတိတရနဲ.
ငါလေ......
ဒို.ပြည်က ထမင်းကြမ်းခဲလေးဘဲ
ယပ်ခပ်စားချင်တော.တယ်.......။
စကားစပြော
အွန်စောနဲ.တွေ.ပါသလားတဲ.။
အိုပါးကိုအာဂုံဆောင်
အွန်လိုင်းကိုအချိန်ကုန်အောင်
သူတို.သိတာရုပ်ရှင်ထဲကမင်းသား
ဒို.သိတာလက်တွေ.ဘ၀က ရှီးဘား
ရှီးဘားရှက်ကီ၊ဂဲဆက်ကီနဲ.
နေ.စဉ်ခံစား၊နှစ်တွေများတော.
ရင်ထဲကအနှစ်၊ဖွင်.ကာလှစ်ရရင်ဖြင်.
ပဲပြုတ်ကိုတမ်းတ၊ငပိဖုတ်ကိုသတိတရနဲ.
ငါလေ......
ဒို.ပြည်က ထမင်းကြမ်းခဲလေးဘဲ
ယပ်ခပ်စားချင်တော.တယ်.......။
ရှေ.ဆက်ဖို.
ဟိုအကြောင်းတွေး
ဒီအကြောင်းတွေး
ဟိုဟာကိုလဲတွေး
ဒီဟာကိုလဲတွေး
ပြီးခဲ.တာလဲတွေး
ဖြစ်ခဲ.တာလဲတွေး
ကောင်းတာတွေလဲတွေး
မကောင်းတာတွေလဲတွေး
မဖြစ်ခင်ကဟာလဲတွေး
ဖြစ်လာမယ်.အရာလည်းတွေး
ရှေ.ဆက်ဖို.လည်းတွေး
နောက်လှည်.ဖို.လည်းတွေး
အဖန်တစ်ရာမကတွေး
ကြံရာကမရသေးသမို.
နေ.လည်းတွေး၊ညလည်းတွေး
ဆံနွယ်တွေလည်းဖွေး
ရတက်ရယ်မအေး
ခက်ဖွယ်ကွယ်.အရေး.....။
ဒီအကြောင်းတွေး
ဟိုဟာကိုလဲတွေး
ဒီဟာကိုလဲတွေး
ပြီးခဲ.တာလဲတွေး
ဖြစ်ခဲ.တာလဲတွေး
ကောင်းတာတွေလဲတွေး
မကောင်းတာတွေလဲတွေး
မဖြစ်ခင်ကဟာလဲတွေး
ဖြစ်လာမယ်.အရာလည်းတွေး
ရှေ.ဆက်ဖို.လည်းတွေး
နောက်လှည်.ဖို.လည်းတွေး
အဖန်တစ်ရာမကတွေး
ကြံရာကမရသေးသမို.
နေ.လည်းတွေး၊ညလည်းတွေး
ဆံနွယ်တွေလည်းဖွေး
ရတက်ရယ်မအေး
ခက်ဖွယ်ကွယ်.အရေး.....။
ညဆိုင်း(ညဘက်အလုပ်)
နေ.မှာအိပ်
ညမှာနိုး...
နေ.ညမှားနေလားတဲ.
ညဘက်မှာအစာရှာ
နေ.ဘက်မှာအိပ်တာ
သူ.ရဲ.ခွန်အားပြည်.၀ဖို.
ပင်ကိုသဘာဝ
ဇီးကွက်မို.
လူအများအိပ်ချိန်မှာ
ဘ၀သမား၊မအိပ်နိုင်ရှာ
သဘာဝကိုဆန်.ကျင်လို.
ငွေကြေးအတွက်အားအင်မို.
နေ.ေ၇ာက်မှာလည်းစိုးရိမ်တယ်
ညရောက်မှာလည်း
ကြောက်မိတယ်......။
ညမှာနိုး...
နေ.ညမှားနေလားတဲ.
ညဘက်မှာအစာရှာ
နေ.ဘက်မှာအိပ်တာ
သူ.ရဲ.ခွန်အားပြည်.၀ဖို.
ပင်ကိုသဘာဝ
ဇီးကွက်မို.
လူအများအိပ်ချိန်မှာ
ဘ၀သမား၊မအိပ်နိုင်ရှာ
သဘာဝကိုဆန်.ကျင်လို.
ငွေကြေးအတွက်အားအင်မို.
နေ.ေ၇ာက်မှာလည်းစိုးရိမ်တယ်
ညရောက်မှာလည်း
ကြောက်မိတယ်......။
အသိ
မရောက်ဘူးတော.
ရောက်ဘူးချင်တယ်။
မသိသေးတော.
ရှင်းပြရန်မလွယ်
တိုင်းတပါးဆိုရင်
လုံးဝ (ok)ပြီထင်
ကိုယ်တိုင်ကြုံမှ
ယုံကြမှာမို.
ကိုယ်ချင်းစာတရားလေး
ထားသင်.တယ်......။
ရောက်ဘူးချင်တယ်။
မသိသေးတော.
ရှင်းပြရန်မလွယ်
တိုင်းတပါးဆိုရင်
လုံးဝ (ok)ပြီထင်
ကိုယ်တိုင်ကြုံမှ
ယုံကြမှာမို.
ကိုယ်ချင်းစာတရားလေး
ထားသင်.တယ်......။
Sunday 5 April 2009
ဆန္ဒ
နံနက်မိုးသောက်
အလင်းရောက်
စတင်ခဲ.ပြီ
လုပ်ငန်းခွင်ဆီ
နေ.ရက်ရာသီ
ပြောင်းလဲခဲ.ပြီ
အနာဂတ်ဆီမျော်ကာတွေးဆ
ဘ၀င်မှာမချိ၊ ရင်ဝေဒနာအသိတွေနဲ.
ပင်.သက်ကိုအခါခါချ
လွမ်းရက်တွေ ၊အ ခါ
၁၀၀၀ မက ရှိခဲ.ပြီမို.
ထပ်တိုးကာလည်းမဆွေးချင်ဘူးကွယ်
မြတ်နိုးရတဲ.ဆီကိုဘဲ ပြန်တော.မယ်...။
အလင်းရောက်
စတင်ခဲ.ပြီ
လုပ်ငန်းခွင်ဆီ
နေ.ရက်ရာသီ
ပြောင်းလဲခဲ.ပြီ
အနာဂတ်ဆီမျော်ကာတွေးဆ
ဘ၀င်မှာမချိ၊ ရင်ဝေဒနာအသိတွေနဲ.
ပင်.သက်ကိုအခါခါချ
လွမ်းရက်တွေ ၊အ ခါ
၁၀၀၀ မက ရှိခဲ.ပြီမို.
ထပ်တိုးကာလည်းမဆွေးချင်ဘူးကွယ်
မြတ်နိုးရတဲ.ဆီကိုဘဲ ပြန်တော.မယ်...။
မရှိမဖြစ်မို.လို.သာ...
ငွေ
ရှိခြင်းကိုလဲ သူပေးတယ်။
မရှိခြင်းကိုလဲသူပေးတယ်။
ကြောင်.ကျခြင်းကိုလဲသူပေးတယ်။
တောင်.တခြင်းကိုလဲသူပေးတယ်။
ကောင်းခြင်းကိုလည်းသူပေးတယ်။
ဆိုးခြင်းကိုလည်းသူပေးတယ်။
ဖျက်ဆီးခြင်းကိုလည်းသူပေးတယ်။
ရတက်မီးကိုလည်းသူပေးတယ်။
ပြောမကုံကျယ်၊လူ.ဘ၀အလည်မှာ
သူနဲ.ပတ်သက်နေသမျှ
ကမ်းဆိုတာဘယ်ဆီမသိ
လမ်းဆိုတာဘယ်ဆီအထိ
လှမ်းလျှောက်ရမလဲလို.
ဟစ်အော်ကာရယ်
မေးလိုက်ချင်တယ်...။
ရှိခြင်းကိုလဲ သူပေးတယ်။
မရှိခြင်းကိုလဲသူပေးတယ်။
ကြောင်.ကျခြင်းကိုလဲသူပေးတယ်။
တောင်.တခြင်းကိုလဲသူပေးတယ်။
ကောင်းခြင်းကိုလည်းသူပေးတယ်။
ဆိုးခြင်းကိုလည်းသူပေးတယ်။
ဖျက်ဆီးခြင်းကိုလည်းသူပေးတယ်။
ရတက်မီးကိုလည်းသူပေးတယ်။
ပြောမကုံကျယ်၊လူ.ဘ၀အလည်မှာ
သူနဲ.ပတ်သက်နေသမျှ
ကမ်းဆိုတာဘယ်ဆီမသိ
လမ်းဆိုတာဘယ်ဆီအထိ
လှမ်းလျှောက်ရမလဲလို.
ဟစ်အော်ကာရယ်
မေးလိုက်ချင်တယ်...။
Thursday 2 April 2009
လောကဇာတ်ခုံ
ငယ်ရာက ကြီး
ဖြတ်သန်းခဲ.ရ
ဘ၀တာတစ်ခုမှာ
အတွေ.အကြုံများစွာ
ရှိခဲ.တယ်....။
အကောင်နဲ.အဆိုး
အကြောင်းနဲ.အကျိုး
ဒွန်.တွဲကာနွဲလို.
လူများစွာနဲ.လဲ
ပေါင်းဖူးတယ်။
မွေးဖွားခြင်းက စ
ပြီးဆုံးခြင်းမတိုင်ခင်
ဘ၀သံသရာ
လောကဇာတ်ခုံပေါ်မှာ
အဆုံးအဖြတ်
မသုံးတတ်သရွေ.တော.
ရင်နင်.အောင်လည်း
ခံစားရအုံးမယ်....။
ဖြတ်သန်းခဲ.ရ
ဘ၀တာတစ်ခုမှာ
အတွေ.အကြုံများစွာ
ရှိခဲ.တယ်....။
အကောင်နဲ.အဆိုး
အကြောင်းနဲ.အကျိုး
ဒွန်.တွဲကာနွဲလို.
လူများစွာနဲ.လဲ
ပေါင်းဖူးတယ်။
မွေးဖွားခြင်းက စ
ပြီးဆုံးခြင်းမတိုင်ခင်
ဘ၀သံသရာ
လောကဇာတ်ခုံပေါ်မှာ
အဆုံးအဖြတ်
မသုံးတတ်သရွေ.တော.
ရင်နင်.အောင်လည်း
ခံစားရအုံးမယ်....။
တောင်ပြာတန်းကသိတယ်
ဝိုးတ၀ါးအမြင်
မြူတွေကအုံ.ဆိုင်း
ဥတုကညို.မှိုင်း
ဒို.ဆီမှာလည်းရှိပါတယ်။
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေ
မြေသင်းရနံ၊သင်းပျံပျံနဲ.
ဒို.ဆီမှာလည်းရှိပါတယ်။
လတ်ဆတ်သောလေ
အေးမြတဲ.ေ၇
ပူလောင်တဲ.နွေ
ဗလောင်ဆူလို.ကြွေ
တမ်းတလို.နေ
မှန်းဆလို.ဖြေ
ဒို.ရင်ထဲမှာ
အမြဲရှိတယ်......
မြူတွေကအုံ.ဆိုင်း
ဥတုကညို.မှိုင်း
ဒို.ဆီမှာလည်းရှိပါတယ်။
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေ
မြေသင်းရနံ၊သင်းပျံပျံနဲ.
ဒို.ဆီမှာလည်းရှိပါတယ်။
လတ်ဆတ်သောလေ
အေးမြတဲ.ေ၇
ပူလောင်တဲ.နွေ
ဗလောင်ဆူလို.ကြွေ
တမ်းတလို.နေ
မှန်းဆလို.ဖြေ
ဒို.ရင်ထဲမှာ
အမြဲရှိတယ်......
Subscribe to:
Posts (Atom)