Thursday 22 December 2011

နှစ်ချုပ်စာရင်း

ဒီဇင်ဘာ ပြီးတော့

နောက်တနှစ်စ

ရက် လ နှစ်တွေထပ်ကာေ၇

အသက်တွေတနှစ် ထပ်ခါကြီး

အိုမင်းလာတဲ့ အသိတရား

နုပျိုမှု ဆုတ်ယုတ်ခဲ့ပြီလား

၂၀၁၂ မကြာခင်စဖြစ်တော့မယ်

အိမ်အိုဟောင်းလေးထားခဲ့တယ်

ခင်မင်သူအပေါင်းနဲ့ ဝေးခဲ့တယ်

နောက်ပြန်ဆုတ်ချင်စိတ်ဆန္ဒ

အထိုင် မကျယိုင်လှတဲ့

အလိုမကျတဲ့ ခတ်ကာလမှာ

ရင်တွင်းဖြစ်တဲ့ အချစ်တွေလည်း

နေရေး စားေ၇း ကြီးပွားေ၇း

အေ၇း(၃)ပါးဗျာများလှလို့

မှင်နီတား ပြီး ပါယ်ခဲ့ရတယ်........



Monday 5 December 2011

သူသိအောင်

ချစ်သူ

ရွက်မကြွေခင်

အေ၇ာင်ပြောင်း

အေ၇ာင်စုံအသွေးစုံနဲ့

ငါ့နေရာမှာလှပနေတယ်တဲ့

တကယ်တော့

ပြင်းလွန်းတဲ့အအေးဒဏ်

ကြိတ်မခံနိုင်လို့သာ

အေ၇ာင်ပြောင်းပြီး 

ကြွေလွင့်ခဲ့ရတာပါ...

ရိုးတံသာကျန်

ပင်စည်မှာလည်း

သည်ဆောင်းအမြန်

ကုန်ဖို့သာမျှော်လင့်ရှာ......

Wednesday 30 November 2011

ဝေဒနာ

လွမ်းတာတွေ

စာမဖွဲ့ချင်ပါဘူး

ကြော်ငြာမှသိ

ဒီလိုဖြစ်မှာလဲ

ငါ.....စိုးတယ်။

အပိုင်းအခြား

အခိုက်အတန့်

မျက်စိတစ်မှိတ်

လျှပ်တစ်ပျက်

အောင့်သက်သက်နဲ့

ကျန်ခဲ့မှာလည်း

ငါ....စိုးတယ်......

Tuesday 29 November 2011

လမ်းပျောက်သူ

မိုးတစ်ခါလင်းပြန်ပေါ့

ငြိုးကာဆင်ညဉ့်နက်လည်း

ကျော်လွန်ကာမနက်ေ၇ာက်ပြီ

ဇီးကွက်ဆိုတဲ့ ညဉ့်ငှက်

ပျံသန်းသူသဏ္ဍန်အလား

ကိုယ် တိုင်ထင်မှတ်မှား

အများအိပ်စက်ညသန်းခေါင်

ငါ့အတွက်နေ့လည်ခေါင်

အာရုံတက်မနက်ခင်း

ငါ့အတွက်ညနေခင်း

ကမောက်ကမနဲ့

အုံးစားနေခဲ့

ဒီလိုနဲ့ မပြီးနိုင်တဲ့

ငါပါတ်သက် ခဲ့

ဒီတိုင်းပြည်........




Saturday 26 November 2011

လွမ်းလို့

ဒီအချိန်ဆို

နှစ်ခြိုက်စွာအိပ်ပျော်နေမှာပေါ့

တို့ ဘ၀တွေကအချိန်ပိုင်းခြား

နေရာခွဲခြား ဒေသကွဲပြား

ကမ္ဘာကြီး ပေါ်မှာဆိုပေမယ့်

ဝေးလွန်းလိုက်တာ

ချစ်ရသူရယ်.........

Thursday 24 November 2011

ဆောင်းတွင်းမိုး

သူ့ အချိန်ခါေ၇ာက်

ဆီးတားကာမရ

အေးလွန်းတဲ့ဒဏ်

ကြံခိုင်ကာထား

တင်းလို့ရယ်အား

မိုး လေးရွာမှ

သက်သာတယ်......။

Thursday 3 November 2011

လွတ်ငြိမ်းချမ်းသာ

ညေ၇ာင်ကိုတမ်း
လေ၇ာင်ကိုလွမ်းလို့
အေးစက်ခြင်းအတိ
သန်းခေါင်ကျော်အချိန်
ရင်တွင်းအပူဒဏ်
ဗလောင်ဆူပြန်လို့
ကံသာမရှိဥာဏ်သာမသိ
လင်းလိုက်ပါကံကြမ္မာရယ်

မရှိတာလည်းသိ
မဖြစ်တာလည်းသိ
ဒီကနေ့ကနေမနက်ဖန်
ဒီနှစ်ကနေနောက်နှစ်ထိ
ပြီးပါပြီဆိုတဲ့ဇတ်သိမ်း
တကယ်မလွတ်ငြိမ်းလို့
အခန်းဆက်ဇတ်လမ်း
ရိုက်ရမည်......

အေးချမ်းမှုကိုလိုချင်
တိတ်ဆိတ်မှုကိုနှစ်သက်
ပြောင်းပြန်မဖြစ်ခဲ့အသိတရား
အမှား နဲ့ အမှန်
ဥာဏ်ဝေးကာစဉ်းစာတွေး
အမှန်ပေးဖို့ မဖြစ်နိုင်သေး
မှိုင်တွေးလို့ ထပ်ကာဝေး

နှောက်လှည့်ရန်စဉ်းစား
အစကတစ်ပြန်စဖြစ်ရင်
ခတ်သစ်ရဲ့သဘောထား
အသပြာမပါရင်အမောသား
ပြောထားတာသိရက်နဲ့
နောက်ဆုတ်ဖို့အားတင်း
အကြောင်းအကျိုးအတွက်
အကောင်းအဆိုးအလေးက
ဘယ်ဘက်ကိုသာမည်ထင်

စိတ်ဆန္ဒအကျဉ်းကျ
လွတ်မြောက်ဖို့ ချခဲ့တဲ့
ဟင်း....ဆိုတဲ့ သက်ပြင်း
ကာယကံလည်းမမြောက်
ဝဇီကံလည်းမဖေါက်
မနောကံသာ မြောက်ခဲ့လို့
လွတ်ငြိမ်း လို့ ချမ်းသာ
အတည်ပြုဖို့ရာ အခက်ပါ။

၃ရက်၁၁လ၂၀၁၁ခုနှစ် မနက်၎နာရီအကျော်

Wednesday 2 November 2011

သိချင်

နေ့ တစ်နေ့ကို

ငါမပိုင်ပါဘူး

သွေးသားလည်ပါတ်

ခွန်အားဖြည့်ဖို့အဟာရ

အင်အားဖြစ်ဖို့အိပ်စက်ရ

အချိန်ကျပြန်ငြင်းမနိုင်

ပြီးမနိုင်တဲ့ ဒီအေ၇း

တွေးသထက်တွေး

အပြီးအေးနိုင်မယ့်

ရက် ကလေးတစ်ခု

ဘယ်တော့များလည်း

မသိနိုင်............





Tuesday 18 October 2011

ကဗျာဆိုတာ


ကဗျာဆိုတာ

လူ့စဉ်းစားဥာဏ်ရဲ့ ပဲ့တင်သံ

လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ

လူ့စိတ်ဓါတ်ရဲ့ မည်ဟီးသံ

လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ

ကဗျာဆိုတာ

ကျမ တို့ ရဲ့ ရုန်း ကန်သံ ပါ ပဲ.......။

ေ၇းသားသူ ....ဒေါ်အောင်ဆန်းစုကြည်

ယခု အထက်ဖေါ်ပြပါ ကဗျာလေးကို

ကိုလံဘီယာနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကဗျာပွဲတော်မှာရွတ်ဖို့ ကဗျာဆရာဒါ၇ိုက်တာ

မင်းထင်ကိုကိုကြီးကို ဒေါ်အောင်ဆန်းစုကြည်မှေ၇းပေး တဲ့ စာလေးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ေ၇းသားသောအခုကဗျာလေးဟာရိုးရှင်းပြီးသိမ်မွေ.ကာဆိုလိုရင်းကို

ထိေ၇ာက်မှုရှိစေပါတယ်...စာေ၇းသူ ကိုယ်တိုင်ကြိုက်လွန်းပါသောကြောင့် ယခုလိုဖေါ်ပြပါသည်။

ကဗျာနှင့် ဓါတ်ပုံကို (7days news journal )မှ တဆင့်ကူးယူပြီး ဖေ့ဘုတ်စာမျက်နှာမှတဆင့်

ဖေါ်ပြပါသည်...

Monday 26 September 2011

မထားခဲ့ပါနဲ့


ခဏတာအလည်ေ၇ာက်သည်ဖြစ်စေ

မျက်စိလည်လမ်းမှားတာဘဲဖြစ်စေ

စမ်းသပ်ဖို့ အတွက်ဘဲဖြစ်စေ

ဝဋ်ကြွေးလက်ကျန်ခံဖို့အတွက်ဖြစ်စေ

ငါ့နှလုံးသားကို ခလုတ်တိုက်လို့

တဖန်ပြန်သစ် စခဲ့ရတဲ့အချစ်ကို

အပြစ်အမြင်ချစ်သခင်ဟု

တွယ်တာစွဲလန်းရင်မှာနွမ်းပြီး

ဒီတစ်ခါ လည်းခွဲခွာနုတ်ဆက်

ငါ့ကိုမထားခဲ့ပါနဲ့ ချစ်သူ....

Sunday 18 September 2011

အများအမြင်


လမ်း...မဆုံးအောင်လျှောက်

ေ၇ာက်တဲ့နေရာရတဲ့အသိ

ငါလွမ်းတတ်တဲ့ဝေဒနာ

တိတ်တဆိတ်ကြိတ်မှိတ်ကာဖြေ

သိုသိပ်စွာနဲ့မျိုသိပ်ကာထား

အပြင်လူအမြင်မှာတော့

လန်းဆန်းနေတဲ့လူသား.......

Monday 5 September 2011

အသိ


တစ်နေ့တာ

အမှားမရှိစေရဘူး

အမှန်ကိုငါမြင်နေပေမယ့်

မှန်အောင်နေဖို့ကအခက်လေ

သတိတရားနဲ့ အသိတရားဖက်လို့

မတော်တရော်တစ်ခါတစ်လေအတွေး

စာနာကူကာပေးလို့ဘယ်မှာလဲ ငါ့အေ၇း

နားလည်ပေးပါ


သိစေချင်လို့ မဟုတ်ဘူး

ဖွင့်ဟလိုက်တာပါ...

ဆွံ့ အနေတာမဟုတ်ဘူး

မျိုသိပ်ထားတာပါ....

ခံစားချက်မရှိတာမဟုတ်ဘူး

အခံရ ခက်နေတာပါ.....

မလွမ်းတတ်တာမဟုတ်ဘူး

ဝေဒနာထပ်တိုးနေတာပါ..

မချစ်တတ်လို့မဟုတ်ဘူး

ချစ်ခြင်းရဲ့ အပြစ်

ရင်ဖွင့်လို့ကြည့်တော့

နှလုံးသား ဒဏ်ရာ

ပြန်ကုရအုံးမှာမို့

အချစ် ကို

တားဆီးထားတာပါ......။

Saturday 3 September 2011

ချစ်လို့


ကာလတစ်ခုကြာ

ခိုင်မာလာတဲ့အဖြစ်

ဆန်းစစ်ကာကြည့်တော့

အချစ် တဲ့........

တစ်စုံတစ်ခုအတွက်

ပေးဆပ်ခဲ့တဲ့နှလုံးသား

အဝေးဆီလွှင့်ပါသွား

သုံးမရဘူးပြောမလား

အသုံးချခံပစ္စည်းတစ်ခု

သတ်မှတ်ကာပြုပြီး

တစ်ချိန်မှာ

စွန့်ပြစ်လို့ထားခဲ့ရင်

အသုံးဝင်ဆဲနေ့အထိ

ပေးဆပ်နေမှာပါ.........

Sunday 21 August 2011

ငါ့ ရဲ့ အချစ်


အပြစ်မဖို့ ပါနဲ့တော့

နှစ်ချို.ခဲ့တာလည်းကြာပါပြီ

မနက်ခင်းအတွေး

လေညှင်းလေးတွေတောင်

အားနာမိပါတယ်....

သန်းခေါင်ယံအတွေး

အမှောင်ယံမှာလည်း

ဆွေးခဲ့ဘူးပါတယ်...

မျက်ရည်တွေအခါခါကျလို့

ကြိတ်ကာမျိုသိပ်

စိတ်ဆန္ဒတွေကလည်း

မပြည့်ခဲ့ပါတယ်...

မကျေမလည်

မပြေလည်တဲ့ဘ၀နဲ့

မသေမသပ်နဲ့

ကျေနပ်စွာချစ်နေဆဲပါ

အချစ်ဆုံးသူရယ်......


Friday 19 August 2011

ရွာ


တို့ မြို.တော်ေ၇ာက်

စိတ်တွေကယောက်ဂယက်

လောကနဲ့အဆက်သွယ်ပြတ်

ဘယ်နေရာမှာဘာဖြစ်

သူများပြောမှ သိရတယ်

ဆက်သွယ်ေ၇းကွန်ယက်

အင်တာ နက်ဆိုတာကလည်း

ဆိုင်သွားသုံးမှရပါတယ်

ကော်နရှင် ကမကောင်း

မေးဖွင့် ဖို့ထိုအေ၇း

အချိန်တွေ ပေးရင်း

ဆိုင်ထဲ မှာအချိန်ကုန်တယ်

ကျော်နည်း ခွ နည်း

ရှောင်လင် နည်းလို

ထွင်းကာ သိမှ

တို့ဆီက အင်တာနက်

အဆင့်မြင့်တယ်........

Thursday 11 August 2011

မွေးရပ်


ဘာလိုလိုနဲ့

ငါသွားချင်တဲ့ ခရီး

လေယာဉ်ကြီးစီးလို့

အမြင့်ပေခြောက်သောင်း

မိုင်ထောင်သောင်းနဲ့

ငါ့ ကိုတင်ကာခေါ်သွားပြီ

အခေါက်ခေါက်အခါခါ

ေ၇ာက်ပါသော်လည်း

ရိုးအီမသွားနိုင်

ငါ့အိမ်တိုင် ကို

နောက်တစ်ခါလည်း

လာအုံးမည်......။

Thursday 28 July 2011

ငြိမ်းချမ်းေ၇း

စမ်းတစ်ဝါးဝါး

လမ်းဆက်သွားရင်း

နယ်မြေသစ်ဆီ

ကျွံဝင်ခဲ့ပြီ

အစိမ်းသက်သက်

သိကျွမ်းခက်ပြီ

ရန်သူလားမိတ်ဆွေလား

မကွဲ မပြား

ခရီးဆက်သွားမည်...

စစ်မြေပြင်ရှေ.တန်းမဟုတ်

ေ၇ဗူးနဲ့ ရိက္ခာထုပ်

လုံလောက်စွာမပါသော်လည်း

နှလုံးသား လက်နက်

သံယောဇဉ် ကျည်အပြည့်

လည်စည်းကအပြာေ၇ာင်

ခါးမှာအဖြူေ၇ာင်ချည်နှောင်လို့

ဒီတိုက်ပွဲအတွက်

အသင့်ဖြစ်ပြီ...

Thursday 21 July 2011

သိခဲ့တယ်


အချစ်

သက်သေအဖြစ်နဲ့

ဘယ်အရာ ငါ့မှာပြရမလဲ

ချစ်တယ်ဆိုတဲ့ တဖွဖွစကား

ခက်ခဲလှချည်ရဲ့ တို့ဘ၀တွေ

အမြင့်ကိုေ၇ာက်အောင်လှမ်းဖို့အေ၇း

တစ်ခါလှမ်းတိုင်း ယိုင်ကာလွမ်းရလို့

ဝေးကွာလွန်းတဲ့ အခြေအနေ

သိခဲ့ပါတယ် ချစ်သူ...........

Monday 18 July 2011

တော်ရာ


မုန်တိုင်းရှိလို့ မိုးရွာတာ

ဒီအချိန်အရမ်းပူတဲ့နွေလေ

မုန်တိုင်းကိုကျေးဇူးတင်ရမလား

ပူလွန်းတဲ့နွေကိုအပြစ်ဖို့မှာလား

လူ့အလို နတ်မလိုက်နိုင်ခဲ့

အေးရင်လဲသွေးခဲမတတ်

ပူရင်လည်းချွေးတပြိုက်ပြိုက်

အစွန်းေ၇ာက်တဲ့ အရပ်

ကျေနပ်အောင် နေတတ်ဖို့

လောကဓံတရားလက်ကိုင်ထား

အသိတွေပွား မေတ္တာထားရင်း

တော်ရာအရပ်မှာနေခဲ့တယ်.......

Thursday 14 July 2011

ဆုတောင်း


သရုပ်ဆောင်ကောင်းခဲ့တာမဟုတ်ဘူး
အပူရုပ်ကိုပြင်မြူးကာရွှင်လို့
လူအများကသိခဲ့တာပါ.....
တစ်နေရာမှာတစ်ယောက်တည်း
နေလာတာကြာခဲ့လို့
ကိုယ့်စကားကိုပြောကိုယ်ပိုင်တဲ့အတွေး
ကိုယ်မြင်ရာကိုယ်ေ၇းပြီး
သိသိသာသာထူးပြီး
မသိမသာရူးခဲ့တာပါ.....

ပြင်ပအခြေအနေကြည့်တော့လည်း
ငွေနောက်လိုက်လို့ အချို.လည်း
လူဖြစ်ရှုံးကြတယ်...
မသာယာတဲ့အရပ်မှာ
ယမကာအရက် မှီကာဖက်ပြီး
အရက်ကျွန်ဖြစ်ကြတယ်..။

ဆန့်ကျင်ဘက်အထိအတွေ့ကို
သာယာမက်မော
ဘာသာမဲ့လူမျိုးကွဲ
တဏ္ဍာကိုစိတ်စွဲပြီး
ေ၇ာက်တဲ့ဆီမှာနေဖို့ဘဲလို့
တွေးသူတွေလည်းရှိတယ်။

ဒီသက်ရွယ်ထိ စိတ်ကြံရာမရ
နိဗ္ဗာန်ကိုတပြီး မျက်မှေက်ပြုပါရစေလို့
ဆုံးဖြတ်ဖို့ကြံသူတွေလည်းရှိတယ်...။

အကြောင်းကိုယ်စီနဲ့ ဝေးတဲ့ဆီမှာ
ကျင်လည်ကြက်စား..အိုလူသားတို့
ဖြစ်သမျှကြုံ လူ့ဘ၀ဘုံမှာ
လူလည်းကျန်းမာစိတ်လည်းချမ်းသာ
ဘေးဘယာပ..ပစ္စည်းဥစ္စာကြွယ်ဝခြင်းသည်
ဟောတုဖြစ်ပါစေသတည်းလို့
ကြာနီကန် တရား အဆုံးသတ်ပြီး
ဆုတောင်းလိုက်တယ်.....။

Sunday 10 July 2011

၎ လအကြာ....


၂၀၁၁ မတ်လ၁၁

အချိန်က ၂နာရီ၄၅

ပြင်းလွန်းတဲ့ ငလျင်အား

၈ဒဿမ၉ တဲ့လား

အော်..ဘုရား..ဘုရား

ဘယ်လိုတွေဘာတွေဖြစ်

ပြင်းချက်ကမသက်သာ

ရုပ်ရှင်ထဲကအလား

သဏ္ဍန်တူမမှားအောင်

ကြမ်းတမ်းစွာသရုပ်ဆောင်

လှိုင်းတံပိုး ဘေးဆိုးက

ကျေ၇ာက်ခဲ့တယ်.....

မိတ်ဆွေအသိများစွာရှိလို့

စိတ်တွေပူခေါင်းတွေကြီး

သောကပူပင်ဖြစ်ခဲ့တယ်

သတင်းမေးဖို့အေ၇း

စီကာစဉ်ဖုံးနံပါတ်များစွာထဲက

ဘာကြောင့်မှန်း မသိ

ဦးစားပေး (၁) ဖြစ်ပြီး

မင်းနံပါတ်ကိုမှ

ဦးစွာပထမနှိပ်မိတယ်.......

Thursday 7 July 2011

JULY


ဂျူလိုင်မှာ

ခရီးတစ်ခုအစပြုထွက်ခွာ

နှစ်တွေကြာခဲ့

ရက်ရာဇာ ပြဿဒါး

မရွေးခဲ့ လို့လား

နေ့ကောင်းရက်မြတ်

မသိခဲ့တာလား

မင်းတို့ထွက်ရက်ရာဇာ

ဆို၇ိုးလည်းရှိခဲ့တာဘဲ

တရားလားမှားလား

လှေကြုံလိုက်

သိသလိုနဲ့မိုက်

မရှိသလိုအခိုက်မှာ

အစုအဝေးငါ့နဘေးမှာ

တရားတဲ့ နောင်တ

အပုံအပင်....

Sunday 3 July 2011

စိုးစိတ်


ညတစ်ည ရဲ့အတ္တုပတ္တိ

ခံစားမှုရှိပြီးဖြစ်လို့

ရင်ခွင်ပျောက်သူ

တစ်ယောက်အနေနဲ့

တစ်ညတာခရီးတွေက

ရှည်လျားနေလေရဲ့

တကယ်လားလို့

ခဏခဏမေးချင်ခဲ့

အိပ်မက်တွေလားလို့

ထင်ေ၇ာင်မှားခဲ့

ချစ်တယ်ဆိုတဲ့

အနက်အဓိပ္ပါယ်

တန်ဖိုးထားတယ်ဆိုတဲ့

ဥပဒေတစ်ခု

ဘောင်ခတ်ပြီးဖြစ်နေတဲ့

တစ်ခုသောနှလုံးသား

အမှဲ့ချွေမှာလားဆိုပြီး

စိုးထိတ်နေသူ........

Thursday 30 June 2011

အနားသတ်ကမ်းစပ်


ငါသွားတဲ့လမ်း
စမ်းတ၀ါးဝါးနဲ့
နှစ်ရှည်လများ
လျှောက်ကာသွားခဲ့ပေါ့
ပျော်စရာနေ့တွေလည်း
တချို.တ၀က်ရှိခဲ့တယ်...
တမ်းတစရာ
လွမ်းခဲ့တဲ့အရာတွေလည်း
ငါကိုယ်ပိုင်ဖြစ်ခဲ့ပါတယ်...
သိသိသာသာနဲ့
အောင်မြင်မှုဆိုတာ
တိုးတက်မလာပေမယ့်
ဒီ့အပြင်လမ်းထပ်ကာငါလှမ်းလို့
ရွေးဖို့အတွက် မရှိခဲ့ပါ....
သက်ေ၇ာက်မှုရှိတဲ့
တုန့်ပြန်မှုတွေနဲ့
ငါ့ဆီေ၇ာက်ရှိ
နူးညံတဲ့အချစ်ကိုလည်း
သိမ်ငယ်မှုတွေနဲ့
တုန့်ပြန်မှု ဆိုတာ
မတတ်စွမ်းခဲ့ပါ....
သံယောဇဉ်အရင်းအနှီး
တန်ဖိုးရယ်ကြီးလေတော့
အပြင်လူမသိ
ဒီလူသာ ရင်ထဲထိခဲ့တာပါ..
လွမ်းတတ်တာ ၀ါသနာလို့
ငါ့ဟာငါပြောငါ့ဇတ်မျောမှာ
အဆန်မရှိစုန်ကာဆင်းပြီး
သမုဒ္ဓရာေ၇စီးကြောင်း
မျောပါပြောင်းလို့
အနားသတ်မဲ့ ကမ်းစပ်
ငါ့ဆီတစ်နေ့
ေ၇ာက်လာပါလို့သာ.....

Tuesday 28 June 2011

မိုးသည်းနေ့



ဥတုနွေခုလိုအချိန်မှာ

အိုက်ခါပူ နွမ်းလျှနဲ့

အေးစက်မည့်အေ၇း

တွေးကာနေတယ်..

မုန်တိုင်းရယ်ထန်

မိုးရယ်ပြန်ကာရွာလေတော့

အပြင်မှာအေးရင်မှာဆွေးပြန်တယ်

ခဏတာစဲ ပြန်ကာသည်းပြီး

ညှိုးကာမစဲ ဆိုလ်းမှာ

မိုးတွေသည်းနေတယ်

မှိုင်းညို့ ကာအုံ.ဆိုင်း

တစိမ့်စိမ့်နဲ့အေး

လွမ်းဆွေးကာတွေးရင်း

အပြင်မှာမိုး မစဲ

ငါ့ရင်မှာမိုးသည်းတယ်....

လေပြင်းတွေတိုက်မိုးကထန်

မူမမှန်မတည်ငြိမ်ပြန်တော့

ကောက်ခါငင်အတွေးတွေနဲ့

ကဗျာတွေေ၇းဖြစ်ပြန်တယ်....

Thursday 23 June 2011

ထာဝရအတွက်


အချစ်ကိုလေ

ဆိုလိုချက်အမျိုးမျိုး

ဖွင့်ဟမှုအသွယ်သွယ်နဲ့

စီကာပါတ်ကုံးသီကာသုံးပြီး

ချစ် တတ်ကြပါတယ်...

သူ့မှာ နောက်ဆက်တွဲအနေနဲ့

သ၀န်တို၊အမြင်ပို၊အလွမ်းအဆွေး

သောကဗျာပါတွေလဲ ရှိတယ်

ဒီ့ထက်ပိုကာအဆုံးသတ်

အမုန်းဇတ်တွေနဲ့ ပြီးတယ်

ဒီလိုမဖြစ်အောင်

နားလည်မှုကိုဆောင်

စာနာကာတွက်ဆ

ညှာတာကာယုယပြီး

မာနတွေခ၀ါချ

သဒ္ဒါတွေတိုး

အကြင်နာ မိုးလို့

ကြည်ဖြူစွာ ချစ်ကြစို့....

Tuesday 21 June 2011

ဒါဟာအချစ်

ချစ်သူ

ငါတမ်းတစွာ သတိရမိပါရဲ့

ပိုင်ဆိုင်မှုမရှိတဲ့ နေရာ

လွတ်လပ်မှုမရှိတဲ့အဖြစ်

၂း၃၀ ဆိုတဲ့အချိန်အပိုင်းအခြား

ဝေးကွာစွာ ဒို့တတွေကို

ပိုင်းခြားကာ ထားလေသလား

နူးညံတဲ့ စကားလုံးတွေ

ညင်သာတဲ့ အတွေ့ အထိ

သောက်လေငတ်မပြေဆားငန်ေ၇

ရင်ထဲဆူးညိ မတွေ့စဖူး

အတွေ့ထူးလို့

နှလုံးသားကျွမ်းအောင်

ဖြစ်ခဲ့ရတယ်ဆိုရင်

ဒါဟာအချစ်လို့ ဆိုနိုင်မလား

Thursday 9 June 2011

နားခိုရာ


စာေ၇းလိုက်ပါတယ် ချစ်သူ

မင်း ကို လွမ်း တဲ့ ရက် တွေ

အမြင့်ပျံငှက်တစ်ကောင်လို

တောင်ပံဖြန့်အားခွန်စိုက်လို့

ငါ ပျံ သန်း နေ ပါ တယ်.....

နားခိုရာဘယ်ဝယ်ဘယ်ဆီ

ငါ့ ခ ရီး တကယ် မနီးလို့

ညောင်း ကျ တောင် ပံ

ဆက် မ ပျံ နိုင် လည်း

နောက် ဆုံး ထွက် သက်

ချစ် သူ ရှိ တဲ့ ခို နားရင်ခွင်

နှ လုံး သား သ ခင် ဆီ

ေ၇ာက် အောင် ပျံ ဖို့

ကြိုး စား မယ်.................။

Monday 30 May 2011

ငါ့ ရဲ့ စာ


မသိမသာနဲ့
ရှိတာတွေဖေါ်ကာထုတ်ပြီး
ခံစားမှုသဏ္ဍန်
ထပ်တူမှန်တာတွေ
တစ်ကြောင်းစနှစ်ကြောင်းစနဲ့
တွေး ရင်း ရေး ၇င်း
စာသားကဗျာအင်္လကာတွေ
သန္ဓေတည်ပေါက်ဖွား
ရှင်သန်တယ်......
တစ်ချို.တစ်လေ
ဖတ်မိရာကစ
ရင်ဘတ်တူ ပုံစံတူလို့
ကောမန့်မှာေ၇း
အားဆက်ပေးပြီး
ငါ့စာသားတွေ တိုးလာတယ်။
စိတ်ခံစားမှုတွေေ၇းတယ်
လက်တွေ့ကျတာတင်ပြတယ်
အလွန်အကျူးလင်္ကာမြောက်
တမ်းခြင်းလွမ်းခြင်းလည်းရှိတယ်။
တန်ဖိုးရယ် မသတ်မှတ်ပါ
အခမဲ့လို့လဲ မပြောဝံပါ
အချိန်ကုန်အလေလိုက်
ပေါက်ပေါက်ရှာရှာတွေး
ကမောက်ကမအရာတွေ
မေ၇းခဲ့ ပါ ဘူး....
စံ တင် အောင်
မသတ်မှတ်နိုင်ပေမယ့်
အ မှန်မြင်အောင်
ရင် တွင်း ဖြစ် တွေ
ငါေ၇း အုံး မယ်..............။

Friday 27 May 2011

ယုံပါ့မလား


အ၀တ်စုတ် လက်ကကိုင်

မရှိရှိတဲ့ဖုန် ပြောင်အောင်သုတ်

လှည်း၇တဲ့ တမျက်စည်း

ကြမ်းပြင်က မှန်သားအသွင်

ဆေးလိုက်ရတဲ့ အိမ်သာ

ဖွေရှာကာ အချိန်ကုန်စေဖို့

စက်ရုံကား သူဋ္ဌေးကား

ပြောင်နေအောင် ဆေးလိုက်တယ်

ဒီနိုင်ငံက အလုပ်မရှိတဲ့ ရက်တွေ

Wednesday 25 May 2011

ရင်ခွင်ဟောင်း

တို့ငယ်ငယ်
အရွယ်တွေတုန်းက
ကဗျာစာပေ
ခံစားချက်မှသရုပ်သဏ္ဍန်
ဖေါ်ကာသီကျူး
ရင်တွင်းရူးလို့
ခေါ်ရလောက်အောင်
ရှိခဲ့တယ်....။
ပန်းနုေ၇ာင်အိပ်မက်တွေ
အလွမ်းဒဿနတွေ
ဟန်ဆောင်မဲ့
ချစ်ခြင်းတရားတွေ
ဒါတွေလည်းရှိခဲ့တယ်...။
သောကခြေရာစာစုကဗျာတွေ
ဆရာမောင်စိန်ဝင်းရေးခဲ့တယ်
နွယ်ဂျာသိုင်းဝတ္တုတွေ
လူဖတ်များတယ်....။
ကာရံလည်းညီတယ်
စာစုတွေကအနှစ်ရှိတယ်...။
အနှစ်၂၀တမ်းခြင်းလို့ပြော
ကုန်လွန်တဲ့ရက်စွဲတွေလောက်
ခုအချိန်အနှစ်မရှိတာတွေ
ပြန်ကာတမ်းပြီး
လွမ်းရတယ်...........

Tuesday 24 May 2011

အသစ်


အသစ်အသစ်တွေဖြစ်လို့

အချစ် အချစ်တွေ တိုးလာတာပါ

ဟောင်းမသွားဘူးဘယ်ခါ

ငါနေထိုင်တာဒီနေရာ....

ပျော်မွေ့လို့နေတာမဟုတ်ပါ

မဖြစ်လို့နေ အပြစ်မဖို့ပေ

စိတ်ဆန္ဒအာရုံတွေမှာ

အရင်တိုင်းမပြောင်းလဲပါဘူး..

အသစ်တွေ့လည်းမပြောင်းဘူး..

အချစ်တွေလည်းမဟောင်းဘူး....

Sunday 22 May 2011

မစိမ်းပါနဲ့

ချစ်သူ
ငါ့ဝင်းကျင်မှာ
လေပြင်းတွေတိုက်ခတ်
မိုးတွေစွေရွာသွန်း
အုံ့ကာဆိုင်းမှိုင်းညို့ညို့
အရွက်အခက်စိမ်းကာစိုပြီး
အေးစက်စက်အငွေ့အသက်နဲ့
တမ်းတသသလွမ်းရအောင်
ဖြစ်နေတယ်.....
အချိန်တွေတိုင်း သတိရမှုက
တက်နေပမာခက်ဝေဖြာပြီး
ထွန်းလင်းတောက်ပနေပါတယ်
စပါးခင်းစိမ်းတောင်တန်းကစိမ်း
အစိမ်းသက်သက်ကုန်လွန်ရမယ့်
အစိမ်းေ၇ာင်နေ့စွဲရက်တွေထဲမှာ
ချစ်သူရယ်..ငါ့ကိုလေ
စိမ်းမသွားပါနဲ့..............

Saturday 23 April 2011

ချည်တိုင်


စနေညခရီးနှင်

တနင်္ဂနွေမနက်ခရီးဆက်Add Video

တပါတ်မှာဒီတစ်ရက်

စိတ်ထွက်ပေါက်ဟဲ့လို့

နှစ်နဲ့ချီကာသွားခဲ့တယ်...။

ချေရာတွေလည်းထပ်

နေရာတွေလည်းနှံ့လို့

ကြိုးမပါလွှတ်လိုက်တဲ့

အချိန်တန်ပြန်လာခဲ့လို့

မပြောလည်းသိနေတာမို့

တနင်္ဂနွေည

မတတ်သာမှိုင်တွေစွာနဲ့

ချည်တိုင်ကိုပြန်ခဲ့တယ်...။

Thursday 14 April 2011

ပိတောက်ဆီ

ပိတောက်ရယ်

ခွဲခဲ့တာကြာပေါ့

ငယ်ဘ၀စ

ယနေ့ထိတိုင်

အကျွမ်းတ၀င်

ပန်းသခင်မို့

မင်းကိုအမြဲ

သတိရတယ်

တွေ့ချင်မြင်ချင်

နမ်းရှိုက်ချင်လည်း

သင်းပျံတဲ့

မင်းရနံ့ကို


တမ်းတပေမယ့်

အပန်းမပြေခဲ့

ကာလရှည်ကြာ

ချိုးကာရေတွက်

ထောင်ချီသော

ရက်တွေကြောင့်


ပြန်ဆုံဖို့အေ၇း

ငါ့ကိုလေ....

သင်္ကြန်အမှီ

ပိတောက်ဆီ

ပြန်ပို့ပေးပါ.....။



Thursday 7 April 2011

တစ်စုံတရာ=?


မှားနေတာကို မှားတယ်လို့

သိလိုက်ရတဲ့အချိန်မှာ

ငါ့မှာပြင်ဆင်ခွင့်ဆိုတာ

မရှိတော့ဘူး...

မချစ်သော်လည်း

အောင့်ကာနမ်း

မနမ်းသော်လည်း

ပင့်သက်ရှုပေမယ့်

ကာလရှည်ကြာ

ခံခဲ့တာတွေများတော့

အသားကျပြီလို့

မသိစိတ်ကထင်ပေမယ့်

သိစိတ်ဝင်လာတဲအချိန်

ပြင်းထန်စွာပေါက်ကွဲချင်ပေမယ့်

တစ်စုံတရာတွေအတွက်

တင်းကျပ်စွာထိန်းချုပ်ထားလိုက်တယ်။

Friday 1 April 2011

အဝေးကလွမ်း


သတိရမိတယ် သင်္ကြန်

ဒီတနှစ်လည်း

ငါလွမ်းရမယ်ထင်ရဲ့

သေချာစွာပြင်ဆင်ထားပေမယ့်

ငါပိုင်တဲ့ အရာနတ္ထိဖြစ်လို့

ငါ့ကိုယ်ငါနှစ်သိမ့်ပြီး

ဝေးဝေးကသာ လွမ်းတော့မယ်....။

ဓါတ်ပုံကို getsuyoobi ဘလော့မှကူယူဖေါ်ပြပါသည်။

Wednesday 30 March 2011

မပိုင်သူ


နုတ်ဆက်တယ် ဖေဖေါ်ဝါရီ
ဒီတနှစ် ၂၈ နဲ့ ပြီးခဲ့တယ်...
နှစ်တစ်ခုရဲ့ ဒုတိယလဖြစ်တယ်
အမှတ်တရနေ့တွေရှိတယ်...။
အထင်ကရသတ်မှတ်ချက်တွေရှိတယ်
၁၃ ဖေဖေါ်ဝါရီ ဗိုလ်ချုပ်မွေးတယ်
၁၂ရက်မှာပြည်ထောင်စုနေ့တဲ့
၁၄ရက်မှာခတ်ပေါ်ဝေါဟာရဖြစ်တဲ့
ချစ်သူများနေ့တဲ့
ငါ့အတွက်လဲ အထင်ကရနေ့ရှိခဲ့တယ်
ဖေဖေါ်ဝါရီ ၁၃
ငါ့ရဲ့ ပိုင်ဆိုင်မှု..ထိန်းချုပ်မရနိုင်တဲ့စိတ်
လိုအင်တွေ ပိုင်ဆိုင်ဖို့
ငါ့အနာဂါတ်တွေပေးဆပ်တဲ့နေ့
ငါ့အရေးမှန်သမျှ အပိုင်ပေးခဲ့တယ်
တွက်ကြည့်ရင်(၁၇) နှစ်
ရူးတယ်လို့ပြောချင်ပြော
ပေါတယ်လို့ ဆိုချင်ဆို
ဂေါက်တယ်ဆိုပြီး သတ်မှတ်ချင်မှတ်
အဲဒီအချိန် ရာစုနှစ်တစ်ခုက
လောဘမရှိဘူး..သောကမရှိဘူး
မာနမရှိဘူး အပူမရှိဘူး
ရိုးသားစွာချစ်ခဲ့တဲ့စိတ်
အစိုးမရအောင်ပူလောင်ပြီးလွမ်း
အပိုင်လိုချင် ဆန္ဒစွမ်းကြောင့်
ငါ့ကိုယ်ငါမပိုင်တာ
ခုမှသိတယ်..............

Friday 25 March 2011

လပြည့်ညအတွေး


လပြည့် ည စာတွေရေး

ဘာလိုလိုနဲ့တပေါင်းလတဲ့

အရင်ကကြားဘူးတယ်

တပေါင်း၊တန်ခူး

အကြောင်းမထူးရင်

ထူးချင်ထူး မထူးချင်လဲနေ

စိတ်ကူးထဲမြူးချင်မြူးနေ

အာရုံမှာလဲ ရူးချင်ရူးနေ

နွေလည်ခေါင်အပူတောမှာ

နှစ်သိမ့်ပြီးဖြေသိမ့်လိုက်တယ်

သံဿရာ ခရီးရှည်.......

Thursday 24 March 2011

နိဟွန်းကသူငယ်ချင်းသို့


တကယ်ဆို ငါတို့

အဝေးကြီးမှာမဟုတ်ဘူး

အပိုင်းအခြားတစ်ခုက

ရှိခဲ့လို့သာဝေးတယ်ထင်တာ

မင်းနေရာမှာ မင်းဘာသာ

အနည်ကျနေပေမယ့်

ငါကတော့ကြိုးစားနေဆဲပါ

အချိန်တိုင်းလည်းသတိရနေမြဲပါ

ဦးတည်ချက်ငါတို့ရွေးတာ

အသပြာဖြစ်ခဲ့တာမို့

ကိုယ့်လမ်းကိုလျှောက်ရင်း

ကပ်သုံးပါးဘေးဆိုးရန်မှ

လွပ်ကင်းလို့အေးချမ်းစွာ

နေနိုင်ဖို့ ငါဆုတောင်းပေးမှာ။

Saturday 19 March 2011

အဝေးဆုံးမှာ

အိမ်ကိုပြန်ရင်

ဘာလုပ်မလဲ

လက်ရှိနေရာ....လက်သုံးစကား

ဒီမှာငွေရတယ်..အလှအပပေါတယ်

ဒါမျိုးလေးနဲ့သာရရင်

တသက်လုံးမပြန်

ကျွန်ဆက်ခံမယ်တဲ့

အတုယူမှာလား..အားကျဖို့လား

မွေးခဲ့တဲ့မြေ..ကြီးပြင်းရာအရပ်

ငွေရှာဖို့အတွက်..၀မ်းရေးအတွက်

ငါတို့လာခဲ့တာ

အချိန်တန်ရင်..အိမ်ပြန်ဖို့

သေချာလို့...ထပ်မေးရင်

အိမ်ပြန်ဖို့..အချိန်တန်ရင်

ဒီစကားဝေ့လည်ကြောင်ပတ်

အဖြေမတတ်သရွေ.

ကျွန်ဘ၀..၀ဲဂယက်မှာ

သက်တမ်းတွေရှည်

အိမ်နဲ့ဝေးအုံးမယ်......။

Friday 18 March 2011

မှားလား

အတွေး

ဘယ်ထိဆက်ရှိနေမလဲ

တကယ်တော့ငါမတွေးချင်ဘူး

စိတ်အာရုံထွေပြားလို့

ခဏလေးအေးချမ်းရင်တောင်

တန်ဖိုးရှိလှဟဲ့လို့

စိတ်ကူးလေးနဲ့ကျေနပ်ဖို့လည်း

ငါ့မှာမရှိပါ.......

လိုအပ်မှု..လိုအင်တွေ

ငါဖြည့်ဆည်းလို့

ငါ့ဖို့ငါ့အတွက်လည်း

မဟုတ်ခဲ့ပါ..။

ဒီနေရာအနေကြာ

ကြုံခဲ့ရဘုံဘဝ

ကောင်း.ဆိုး..နှစ်တန်

အတူရှိလို့

မရှာဘဲရတဲ့တရား

ငါ့ဘာသာငါမှားလားလို့

ဒွိဟစိတ် နဲ့ သုညပါ....

Thursday 27 January 2011

နေ့စဉ်


ပေးတာယူ

ခိုင်းတာလုပ်

ကြွေးတာစား

ထားရာနေ

မတရားလဲခံ

ပြန်ကာလဲမပြော

လက်ရှိက

ကင်းမရလို့

ခေါင်းညိတ်ပြီး

သီးခံလိုက်တယ်

နောက်နေ့လဲ

ဒီလိုဘဲဆက်အုံး....

Monday 17 January 2011

နှစ်ဦးအစ


မနက်ခင်း

မိုးသာလင်းတယ်....

နေမမြင်ရပါ.....

ဆောင်းတွင်းမနက်ခင်းက

ပြုစားလို့..နေကိုကွယ်တယ်

သူစွမ်းသလောက်ေ၇ကိုတောင်ခဲတယ်

နေရာအနှံ အဖြူရောင်ကြီးစိုး

snow(ခ)နှင်းတွေ ကျဆင်းခဲ့တယ်...

မနှစ်ကဆောင်းကိုလည်း..ငါသတိရတယ်

ဒီနှစ်ပိုအေးတယ်လို့.ပြောကြတယ်...

ရှိမြဲဒီနေရာမှာ..ငါရှိနေပါတယ်...

ဥတုပြင်းတာလဲငါခံခဲ့တယ်

တရားမဲ့တာတွေလည်း..မြိုသိပ်ပါတယ်...

မချိုမြိန်နိုင်တဲ့..နေ့စဉ်အတွေးတွေဟာ

အိပ်ချိန်မှာ..ယောင်ရမ်း..အတွေ့တွေကကြမ်းလို့

ဆင်ချင်ကာနေပြီး..ကိုယ့်စိတ်ကိုယ်ဆုံးမတယ်

မိုးလင်းမှာတောင်..ငါကြောက်တယ်.....။

Sunday 9 January 2011

ကျေးဇူးပါ


ခံစားမှုဖြစ်လာတဲ့ အချိန်တိုင်းမှာ...စာစုလေးတွေရေးဖြစ်ခဲ့ပါတယ်...စာမျက်နှာပေါ်မတင်
ဖြစ်ခဲ့ပေမယ့်..ဒိုင်ယာယီပေါ်မှာတင်ရှိပါတယ်...နှစ်တစ်ခုပြောင်းသွားခဲ့ပါတယ်....
ဒီနေရာလေးကိုလာလည်ကြသူတွေ...အင်အားဖြည့်စာလေးတွေရေးပေးကြတဲ့ သူတွေအားလုံးကို
နှလုံးသားတစ်နေရာမှ ကျေးဇူးတင်စကားဆိုပါရစေ....ပျော်စရာတွေမေ၇းဖြစ်ပဲ..အလွမ်း..အဆွေး
တွေသာရှိတဲ့နေရာဖြစ်လို့ ရောက်လာတဲ့သူတွေကိုလဲ..တောင်းပန်ပါတယ်..ဘယ်လိုပင်ဖြစ်စေ...
“ ယနေ့ကြွလာ..မိတ်သဟာ..ချမ်းသာကိုယ်စိတ်မြဲပါစေလို့ ”