Saturday 23 April 2011
ချည်တိုင်
စနေညခရီးနှင်
တနင်္ဂနွေမနက်ခရီးဆက်
တပါတ်မှာဒီတစ်ရက်
စိတ်ထွက်ပေါက်ဟဲ့လို့
နှစ်နဲ့ချီကာသွားခဲ့တယ်...။
ချေရာတွေလည်းထပ်
နေရာတွေလည်းနှံ့လို့
ကြိုးမပါလွှတ်လိုက်တဲ့
အချိန်တန်ပြန်လာခဲ့လို့
မပြောလည်းသိနေတာမို့
တနင်္ဂနွေည
မတတ်သာမှိုင်တွေစွာနဲ့
ချည်တိုင်ကိုပြန်ခဲ့တယ်...။
Thursday 14 April 2011
ပိတောက်ဆီ
ပိတောက်ရယ်
ခွဲခဲ့တာကြာပေါ့
ငယ်ဘ၀စ
ယနေ့ထိတိုင်
အကျွမ်းတ၀င်
ပန်းသခင်မို့
မင်းကိုအမြဲ
သတိရတယ်
တွေ့ချင်မြင်ချင်
နမ်းရှိုက်ချင်လည်း
သင်းပျံတဲ့
မင်းရနံ့ကို
တမ်းတပေမယ့်
အပန်းမပြေခဲ့
ကာလရှည်ကြာ
ချိုးကာရေတွက်
ထောင်ချီသော
ရက်တွေကြောင့်
ပြန်ဆုံဖို့အေ၇း
ငါ့ကိုလေ....
သင်္ကြန်အမှီ
ပိတောက်ဆီ
ပြန်ပို့ပေးပါ.....။
ခွဲခဲ့တာကြာပေါ့
ငယ်ဘ၀စ
ယနေ့ထိတိုင်
အကျွမ်းတ၀င်
ပန်းသခင်မို့
မင်းကိုအမြဲ
သတိရတယ်
တွေ့ချင်မြင်ချင်
နမ်းရှိုက်ချင်လည်း
သင်းပျံတဲ့
မင်းရနံ့ကို
တမ်းတပေမယ့်
အပန်းမပြေခဲ့
ကာလရှည်ကြာ
ချိုးကာရေတွက်
ထောင်ချီသော
ရက်တွေကြောင့်
ပြန်ဆုံဖို့အေ၇း
ငါ့ကိုလေ....
သင်္ကြန်အမှီ
ပိတောက်ဆီ
ပြန်ပို့ပေးပါ.....။
Thursday 7 April 2011
တစ်စုံတရာ=?
မှားနေတာကို မှားတယ်လို့
သိလိုက်ရတဲ့အချိန်မှာ
ငါ့မှာပြင်ဆင်ခွင့်ဆိုတာ
မရှိတော့ဘူး...
မချစ်သော်လည်း
အောင့်ကာနမ်း
မနမ်းသော်လည်း
ပင့်သက်ရှုပေမယ့်
ကာလရှည်ကြာ
ခံခဲ့တာတွေများတော့
အသားကျပြီလို့
မသိစိတ်ကထင်ပေမယ့်
သိစိတ်ဝင်လာတဲအချိန်
ပြင်းထန်စွာပေါက်ကွဲချင်ပေမယ့်
တစ်စုံတရာတွေအတွက်
တင်းကျပ်စွာထိန်းချုပ်ထားလိုက်တယ်။
Friday 1 April 2011
အဝေးကလွမ်း
သတိရမိတယ် သင်္ကြန်
ဒီတနှစ်လည်း
ငါလွမ်းရမယ်ထင်ရဲ့
သေချာစွာပြင်ဆင်ထားပေမယ့်
ငါပိုင်တဲ့ အရာနတ္ထိဖြစ်လို့
ငါ့ကိုယ်ငါနှစ်သိမ့်ပြီး
ဝေးဝေးကသာ လွမ်းတော့မယ်....။
ဓါတ်ပုံကို getsuyoobi ဘလော့မှကူယူဖေါ်ပြပါသည်။
Subscribe to:
Posts (Atom)