ဒီဇင်ဘာ
အေးစက်မည့်လ
သွေးခဲမည့်လ
အရင်ကသည်နေရာ
အနေမတတ်
ရင်ခွင်လှိုက်ဆွေး
တစ်ထောင့်တစ်ည
ပုံပြင်လေးပေါ့လေ
ရင်ခွင်ကအနွေးဓါတ်
အပြင်မှာအရှိန်ပြင်း
ခုများတော့ပကတိ
အလွမ်းရယ်မရှိ
အကျွမ်းတ၀င်
မညီညွတ်လို့
ခံစားချက်တွေ
ချပြဖို့တောင်
ငါရင်လေးနေတယ်...........
Friday 7 December 2012
Thursday 6 September 2012
တိုးတိတ်
ကာရံတွေလွတ်ကျ
နိုးထခြင်းမနက်တစ်ခုမှာ
အချစ်နဲ့စမလား
လွမ်းနေမှာလား
ငါမသိသလိုနဲ့
စာမစီချင်ပါဘူး
ကဗျာမပီပြင်တော့တဲ့
တခန်းရပ်ဇတ်လမ်း
ငါ့လမ်းငါရွေး
ငါ့အတွေး နဲ့ငါဝေး
ဆုံဖြစ်မယ့်တစ်နေ့တော့
ဒီဘ၀မှာရှိအုံးမယ်........
နိုးထခြင်းမနက်တစ်ခုမှာ
အချစ်နဲ့စမလား
လွမ်းနေမှာလား
ငါမသိသလိုနဲ့
စာမစီချင်ပါဘူး
ကဗျာမပီပြင်တော့တဲ့
တခန်းရပ်ဇတ်လမ်း
ငါ့လမ်းငါရွေး
ငါ့အတွေး နဲ့ငါဝေး
ဆုံဖြစ်မယ့်တစ်နေ့တော့
ဒီဘ၀မှာရှိအုံးမယ်........
Monday 3 September 2012
ဓါတ်သိ
အဆင်းသဏ္ဍာန်မမျှလို့
နင်းကန်ကာခြေစုန်ရပ်
မိုက်တာလား
မညင်းပြန်လည်းခက်
ငြိမ်ခံကာပြန်မပြော
အ တာလား
ဖြစ်သမျှအကြောင်း
အကောင်းဘဲလို့
တိမ်လိုလွှင့်ပါး
ရင်ထဲမှစကား.............
နင်းကန်ကာခြေစုန်ရပ်
မိုက်တာလား
မညင်းပြန်လည်းခက်
ငြိမ်ခံကာပြန်မပြော
အ တာလား
ဖြစ်သမျှအကြောင်း
အကောင်းဘဲလို့
တိမ်လိုလွှင့်ပါး
ရင်ထဲမှစကား.............
Tuesday 17 July 2012
ကိုယ်ပိုင်ည
နောက်ကျနေ၀င်
ခဏနေ သန်းခေါင်ေ၇ာက်
ဒီလိုနဲ့သာ မိုးထိန်လင်း
မနက်ဖန်တရက်ေ၇ာက်ပြန်ပြီ
အိပ်ပျက်တယ်ဆိုမလား
ကိုယ့်ကိုယ် ကိုနှိပ်စက်လား
မှေးစက် မပျော်သန်းခေါင်ကျော်
တာရှည် ကြာကာလာခဲ့ပြီ
အိပ်မက် ကြာရှည်
သိပ်ခက်တာတွေ
အပြင်မှာကြုံတွေ့
ညမှာချွေးသိပ်
နေ့မှာ စိုးထိတ်
တိုးတိတ်စွာ ထား
ငါ့ပိုင်တဲ့ အချိန်အား
လွတ်မြောက်ထွက်ပေါက်
ပေးသင့်ပြီ...............
ခဏနေ သန်းခေါင်ေ၇ာက်
ဒီလိုနဲ့သာ မိုးထိန်လင်း
မနက်ဖန်တရက်ေ၇ာက်ပြန်ပြီ
အိပ်ပျက်တယ်ဆိုမလား
ကိုယ့်ကိုယ် ကိုနှိပ်စက်လား
မှေးစက် မပျော်သန်းခေါင်ကျော်
တာရှည် ကြာကာလာခဲ့ပြီ
အိပ်မက် ကြာရှည်
သိပ်ခက်တာတွေ
အပြင်မှာကြုံတွေ့
ညမှာချွေးသိပ်
နေ့မှာ စိုးထိတ်
တိုးတိတ်စွာ ထား
ငါ့ပိုင်တဲ့ အချိန်အား
လွတ်မြောက်ထွက်ပေါက်
ပေးသင့်ပြီ...............
Tuesday 3 July 2012
ငါ
အပြင်မှာ မိုးတစ်ဖွဲဖွဲ
မိုးဥတု ဆိုရမလား
နွေရက်တွေကလည်း
ေ၇ာက်နေဆဲပါ....
ကြာလာတဲ့ အတွေး
ငေးကာတွေးကာဆွေး
ကာ၇ံမညီ စာမပီပြင်
ပြစ်ကာထားခဲ့ စာမျက်နှာ
လွမ်းရရက်ရှည်ကြာ......
စိတ်ထဲပေါ်လာ ချကာေ၇း
ဘ၀အစိတ်အပိုင်း
တစ်နေရာမှာ
ပိုင်ပါတယ် မဆိုသာဘူး
အချိန်ကလည်း
ကိုယ့်ဘက်မပါ....
မညီညာတာသိ
ကံဆိုတာ အနိမ့်အမြင့်
လက်ချောင်းတွေတောင်
ရှည် တို မညီဘူး
အသိတရားရင့်ပြီလား
အရှေ့ကိုသာလျှောက်
ခရီးဆုံးရင်ရပ်....
ဒီတခါတကယ်လား
ထပ်ကာသွား....
မပီပြင်ခဲ့ ရက်တွေမှာ
စိတ်ကိုကုစား မှားတာလား
ယနေ့ထက်တိုင်.....
မိုးဥတု ဆိုရမလား
နွေရက်တွေကလည်း
ေ၇ာက်နေဆဲပါ....
ကြာလာတဲ့ အတွေး
ငေးကာတွေးကာဆွေး
ကာ၇ံမညီ စာမပီပြင်
ပြစ်ကာထားခဲ့ စာမျက်နှာ
လွမ်းရရက်ရှည်ကြာ......
စိတ်ထဲပေါ်လာ ချကာေ၇း
ဘ၀အစိတ်အပိုင်း
တစ်နေရာမှာ
ပိုင်ပါတယ် မဆိုသာဘူး
အချိန်ကလည်း
ကိုယ့်ဘက်မပါ....
မညီညာတာသိ
ကံဆိုတာ အနိမ့်အမြင့်
လက်ချောင်းတွေတောင်
ရှည် တို မညီဘူး
အသိတရားရင့်ပြီလား
အရှေ့ကိုသာလျှောက်
ခရီးဆုံးရင်ရပ်....
ဒီတခါတကယ်လား
ထပ်ကာသွား....
မပီပြင်ခဲ့ ရက်တွေမှာ
စိတ်ကိုကုစား မှားတာလား
ယနေ့ထက်တိုင်.....
Wednesday 23 May 2012
အဆိပ်ပန်း
နေပူမှ စိမ်းလန်း
စိုပြေတဲ့ ပန်းအလှတွေနဲ့
ပနံသင့်လို့ကဗျာဆန်
ပင်ပျိုတွေရွက်နုဖြာလို့
ပင်အိုတွေကြား
လှနေတယ်.......
ပင်မြင့်က ပန်းတော်ဝင်အလား
အသွင်တင့်စွာ အလှဆင်ရင်း
မာနတံခွန်လွှင့်ကာထူလို့
သူလိုကိုယ်အရွယ်တူတွေကို
မတူကာမတန်ဘူးရယ်လို့
ဘ၀င်မြင့်လှချည်လား
ပန်းသခင်ရယ်..
၇နံကထုံကာသင်း
၇ှုရှိုက်ယစ်မူး အလှထူးလို့
စွဲဆောင်ရာတပ်မက်နေရင်း
အတန်ကြာမှ သိလိုက်တာက
မင်းဟာလေ....
အဆိပ်ပန်း တစ်ပွင့်
ဖြစ်ကာနေတယ်.......
စိုပြေတဲ့ ပန်းအလှတွေနဲ့
ပနံသင့်လို့ကဗျာဆန်
ပင်ပျိုတွေရွက်နုဖြာလို့
ပင်အိုတွေကြား
လှနေတယ်.......
ပင်မြင့်က ပန်းတော်ဝင်အလား
အသွင်တင့်စွာ အလှဆင်ရင်း
မာနတံခွန်လွှင့်ကာထူလို့
သူလိုကိုယ်အရွယ်တူတွေကို
မတူကာမတန်ဘူးရယ်လို့
ဘ၀င်မြင့်လှချည်လား
ပန်းသခင်ရယ်..
၇နံကထုံကာသင်း
၇ှုရှိုက်ယစ်မူး အလှထူးလို့
စွဲဆောင်ရာတပ်မက်နေရင်း
အတန်ကြာမှ သိလိုက်တာက
မင်းဟာလေ....
အဆိပ်ပန်း တစ်ပွင့်
ဖြစ်ကာနေတယ်.......
Friday 18 May 2012
Tuesday 20 March 2012
အသိတရား
မနက်ဖန်
သိလျက်နဲ့
ဒီနေ့ကိုနေတတ်အောင်
နေဖို့ကြိုးစားရင်း
သွားတာသွားနေ
လှုပ်ရှားမှုမရပ်သရွှေ.
အကြောင်းအရာအစုံနဲ့
ဖြစ်ပြီးရင်ပျက်
အဘက်ဘက်ကတွက်တော့
ရှည်လျားထွေပြားပြီး
ဦးနှောက်တွေစား
မျက်မှောက်အမှားတွေလား
အမြင်မှာမပီပြင်ဘူး
ေ၇ှ့တလှမ်း
ထပ်ကာတိုးတိုင်း
အသိတရားတွေ
ပိုလာတယ်...........
သိလျက်နဲ့
ဒီနေ့ကိုနေတတ်အောင်
နေဖို့ကြိုးစားရင်း
သွားတာသွားနေ
လှုပ်ရှားမှုမရပ်သရွှေ.
အကြောင်းအရာအစုံနဲ့
ဖြစ်ပြီးရင်ပျက်
အဘက်ဘက်ကတွက်တော့
ရှည်လျားထွေပြားပြီး
ဦးနှောက်တွေစား
မျက်မှောက်အမှားတွေလား
အမြင်မှာမပီပြင်ဘူး
ေ၇ှ့တလှမ်း
ထပ်ကာတိုးတိုင်း
အသိတရားတွေ
ပိုလာတယ်...........
Monday 20 February 2012
တန်ကြေး
ရုန်းကန်အားနဲ့
အသပြာငွေအတွက်
စွန့်ကာစားလို့
ပြောမကုန်တဲ့
လောကကျယ်မှာ
အပေးအယူ
အရင်းအနှီး
မကြားရက်အောင်
ရှိခဲ့ကြားမှာ
တွယ်ကာနှောင်ဖွဲ့
သံယောဇဉ်လည်း
တဖွဖွပြောတဲ့
အချစ် ဆိုတာလည်း
နှလုံးသားသက်သက်
ခံစားမှုတွေလည်း
ဒီ အသပြာအတွက်
လဲ ခဲ့ ကြ တယ်.........
Wednesday 15 February 2012
အမေ ထံသို့
မသိတာ မဟုတ်ခဲ့ဘူးအမေ
မရှိတာကို ထုတ်ပြောဖို့ခက်တာပါ
စွန့်ခွာတာကြာခဲ့တော့
အမေ့ရင်ကိုသတိရပါတယ်လမ်းတွေကခက်တယ်အမေ
အလှမ်းတွေလည်းကွာဝေးတော့
အမေ့သားအသိတွေက
ပြင်ဖို့ကြိုးစားရင်း
ခက်သထက်ခက်
နက်သထက်နက်ပါတယ်
အမေ့ဆီကပို့သမေတ္တာတွေလေ
သား ကျေနပ်စွာခံယူရင်းနဲ့
သားမပျော်တဲ့ ဒီလိုနေရာတွေမှာ
ဝမ်းစာအတွက်ကြိတ်မှိတ်ငြိမ်ခံရင်း
တာဝန်မကျေတဲ့ သားအပြစ်တွေအတွက်
ခွင့်လွှတ်ပါလို့ တောင်းပန် ကန်တော့ရင်း
အမေ ကျန်းမာချမ်းသာပါစေလို့သာ.......
Wednesday 8 February 2012
လွမ်း တဲ့အခါ
လွမ်းတဲ့အခါ
စာရွက်ပေါ်ချမေ၇းဖြစ်တဲ့
နှလုံးသားမှစကားတွေလဲ
ငါ့စိတ်ထဲဖွင့်အံထွက်လို့
ချစ်သူဆီအေ၇ာက်
သွားခဲ့တယ်.....
လွမ်းတဲ့အခါ
ကျမျက်ရည်တစက်နှစ်စက်
မျက်ဝန်းမှာခိုစီးကာစိုလို့
လူမသိအောင်လဲ
ဖြစ်ခဲ့တယ်.....
လွမ်းတဲ့အခါ
ချစ်သူ၇ှိတဲ့ဆီ
နှစ်ယောက်ဆုံခွင့်
ချစ်တင်းနှီးနှော
မြူးကာပျော်လို့
အိပ်မက်ခါခါ
မက်ခဲ့တယ်.....
လွမ်းတဲ့အခါ
အိုးအိမ်ထူထောင်
သူ့ရဲ့ဘ၀မြင့်မားလှပ
အခြေကျဖို့
ကြိုးစားအားသွန်
မကြာခင်နီးဖို့
ကိုယ့်အားကိုယ်ပေး
နှစ်သိမ့်ရင်းသာ
နေပါတယ်....
စာရွက်ပေါ်ချမေ၇းဖြစ်တဲ့
နှလုံးသားမှစကားတွေလဲ
ငါ့စိတ်ထဲဖွင့်အံထွက်လို့
ချစ်သူဆီအေ၇ာက်
သွားခဲ့တယ်.....
လွမ်းတဲ့အခါ
ကျမျက်ရည်တစက်နှစ်စက်
မျက်ဝန်းမှာခိုစီးကာစိုလို့
လူမသိအောင်လဲ
ဖြစ်ခဲ့တယ်.....
လွမ်းတဲ့အခါ
ချစ်သူ၇ှိတဲ့ဆီ
နှစ်ယောက်ဆုံခွင့်
ချစ်တင်းနှီးနှော
မြူးကာပျော်လို့
အိပ်မက်ခါခါ
မက်ခဲ့တယ်.....
လွမ်းတဲ့အခါ
အိုးအိမ်ထူထောင်
သူ့ရဲ့ဘ၀မြင့်မားလှပ
အခြေကျဖို့
ကြိုးစားအားသွန်
မကြာခင်နီးဖို့
ကိုယ့်အားကိုယ်ပေး
နှစ်သိမ့်ရင်းသာ
နေပါတယ်....
Saturday 28 January 2012
ချစ်ကြတယ်
အချိန်တွေက ခြား
နေရာတွေက ဝေး
ဥတုတွေလည်း မတူ
ခြားနား ကွဲပြား
စာနာမှုတရားနဲ့
မင်းနဲ့ ဒို့ ကြားမှာ
စိတ်ချင်းဆက်နွယ်
တယ်လီပသီ လို့
ခေါ်ရမလောက်အောင်
အသည်းတွေပေါက်မတတ်
ချစ်ကြတယ်...............
နေရာတွေက ဝေး
ဥတုတွေလည်း မတူ
ခြားနား ကွဲပြား
စာနာမှုတရားနဲ့
မင်းနဲ့ ဒို့ ကြားမှာ
စိတ်ချင်းဆက်နွယ်
တယ်လီပသီ လို့
ခေါ်ရမလောက်အောင်
အသည်းတွေပေါက်မတတ်
ချစ်ကြတယ်...............
Thursday 26 January 2012
Thursday 12 January 2012
တစ်မိုးအောက်
ထိန်းထားတဲ့ ကြားက
လွတ်ထွက်သွားခဲ့တာ
“ချစ် ”စကားတစ်ခွန်းပါ။
အသက်ကာလပိုင်းခြား
နုနယ်တဲ့အလှဘုရားလို့
တင်စားလို့ခေါ်ချင်စရာ
အမြင်မမှားစရာတော်ဝင်သူပါ။
ကံတရားရဲ့ဒဏ်
အမှတ်ထားလို့ခံခဲ့ရလည်း
ဖေးမကာ ကူလက်တွဲလို့
အားသစ်တဖန်ဖြစ်စေပြန်တယ်။
ပိုင်ဆိုင်မှုမလိုဘူး
ပြိုင်ဆိုင်မှုမလိုဘူး
ချစ်စစ်သာအရင်းခံ
ကြံခိုင်လို့အားကိုတင်း
ပြိုင်ဘက် နဲ့လည်း
စစ်မခင်းနိုင်ပါ.....
သူ့ဆီက အကြင်နာ
သာယာသံလေပြေညှင်း
ရင်ကိုခွင်းထိုးဖေါက်လို့
တစ်မိုးအောက်တစ်ယောက်သာ
ချစ်ခဲ့ရသူပါ........
လွတ်ထွက်သွားခဲ့တာ
“ချစ် ”စကားတစ်ခွန်းပါ။
အသက်ကာလပိုင်းခြား
နုနယ်တဲ့အလှဘုရားလို့
တင်စားလို့ခေါ်ချင်စရာ
အမြင်မမှားစရာတော်ဝင်သူပါ။
ကံတရားရဲ့ဒဏ်
အမှတ်ထားလို့ခံခဲ့ရလည်း
ဖေးမကာ ကူလက်တွဲလို့
အားသစ်တဖန်ဖြစ်စေပြန်တယ်။
ပိုင်ဆိုင်မှုမလိုဘူး
ပြိုင်ဆိုင်မှုမလိုဘူး
ချစ်စစ်သာအရင်းခံ
ကြံခိုင်လို့အားကိုတင်း
ပြိုင်ဘက် နဲ့လည်း
စစ်မခင်းနိုင်ပါ.....
သူ့ဆီက အကြင်နာ
သာယာသံလေပြေညှင်း
ရင်ကိုခွင်းထိုးဖေါက်လို့
တစ်မိုးအောက်တစ်ယောက်သာ
ချစ်ခဲ့ရသူပါ........
Subscribe to:
Posts (Atom)