Wednesday 20 May 2009

ခြောက်ခမ်းသွားတဲ.အိမ်မက်မြစ်

မင်းနဲ.ငါ တွေ.စတုန်းက
 အပြုံးတွေဟာ
 ကိုကာကိုလာထက်
 ချို မြခဲ.တယ်...။
 အဲဒီတုန်းက
 မိုးကုတ်စက်ဝိုင်းရဲ.
 ခရီးအဆုံးဟာ
 အနီးကလေးပါလို.
 မင်းပြောခဲ.တယ်....
  ငှက်ဖြစ်တောင် တစ်ကိုင်းထဲနား
  ရိုးသားတဲ.
   မင်းအချစ်ဟာ
   ငါ.အတွက် ပျားရည်မြစ်တစ်စင်း
   ငှက်ကလေးတွေဟာ
  သာမန်အားဖြင်.ချစ်စရာပါ
  ဒါပေမယ်.
  ဖန်တီးမှုပညာရှင် ဟစ်ရှ်ကော.ရဲ.
  ငှက်များကတော.
  ကမ္ဘာကျော်အောင်ကြောက်စရာကောင်းတဲ.
ရုပ်ရှင်ကားတစ်ခုဖြစ်သွားတယ်....။
  အခုတော.လဲ ငါလေ
သံဘူးထဲမှာအကျဉ်းချခံထားတဲ.
 ဘီယာလိုမနေလိုတော.ဘူး.....
ဧရာဝတီမြစ်ရေအလျှင်မှာ
တသွင်သွင်စီးဆင်းနေတဲ.
ရေမော်လီကျူး ကလေး
တစ်ခုဘဲ ဖြစ်ရ ဖြစ်ရ
ငါ.ဘ၀လွပ်လပ်ချင်တယ်...။
ကော်ဖီခါးခါးတစ်ခွက်
မျိုမကျရက်နိုင်တဲ. မင်းကို
ချို မြအောင် ကိုယ်က
လုပ်ပေးချင်သော်လည်း
 ငါတတ်နိုင်တဲ.
 ပျားရည်တစ်စက်ဟာ
မင်းအတွက်
   ခါးသက်နေပြီ ပေါ.....။
                                     မောင်ခိုင်မာ

No comments:

Post a Comment