Tuesday 3 November 2009

လိုအပ်ချက်


ချစ်သူ
လွမ်းရမယ်.အရာဟာ
ငါနဲ.အတူအမြဲရှိခဲ.တယ်
သွားအတူ၊လာအတူ
အိပ်အတူ၊နေအတူ
ဟိုးတစ်ချိန်က
ဒီလိုအကြောင်းတွေ
ဖြစ်မယ်လို.မထင်ခဲ.ဘူး
တမ်းတတဲ.ဒီစိတ်
အိပ်စက်လို.
အိပ်မက်ဆိုတဲ.
နေရာမှာတောင်
သူဟာနေရာယူလာခဲ.
ကုစားပေးမယ်.
အချိန်ဆိုတဲ.
သမားယောင်
ငါ.အတွက် ဆေးမရှိဘူး။

No comments:

Post a Comment