Monday 29 November 2010

ငါ့အဖြစ်


ကောင်းကင်မှာကြယ်တွေလက်

လမင်းက ထိန်ထိန်သာ

ဒီအချိန်..ဒီနေရာ

မတည်ငြိမ်ပါ..စိတ္တဇ နဲ့

ရင်ခွင်မှာ အပူမီးကထွက်

ရင်မှာသာမအေးတယ်

အပြင်မှာကပိုအေးတယ်

ဆောင်းတွင်းအိပ်မက်

ဂယောက်ဂယက် လို့ပြော

မနှောက်ယှက်ပါနဲ့ ဆိုလည်း

ရောက်ဆဲသက္ကရာဇ် ခုချိန်တိုင်

မပြောင်းလဲတဲ့ အိပ်မက်တွေ

ထပ်တ လဲ လဲ မက်ခဲ့တယ်...။

No comments:

Post a Comment