Monday 17 January 2011

နှစ်ဦးအစ


မနက်ခင်း

မိုးသာလင်းတယ်....

နေမမြင်ရပါ.....

ဆောင်းတွင်းမနက်ခင်းက

ပြုစားလို့..နေကိုကွယ်တယ်

သူစွမ်းသလောက်ေ၇ကိုတောင်ခဲတယ်

နေရာအနှံ အဖြူရောင်ကြီးစိုး

snow(ခ)နှင်းတွေ ကျဆင်းခဲ့တယ်...

မနှစ်ကဆောင်းကိုလည်း..ငါသတိရတယ်

ဒီနှစ်ပိုအေးတယ်လို့.ပြောကြတယ်...

ရှိမြဲဒီနေရာမှာ..ငါရှိနေပါတယ်...

ဥတုပြင်းတာလဲငါခံခဲ့တယ်

တရားမဲ့တာတွေလည်း..မြိုသိပ်ပါတယ်...

မချိုမြိန်နိုင်တဲ့..နေ့စဉ်အတွေးတွေဟာ

အိပ်ချိန်မှာ..ယောင်ရမ်း..အတွေ့တွေကကြမ်းလို့

ဆင်ချင်ကာနေပြီး..ကိုယ့်စိတ်ကိုယ်ဆုံးမတယ်

မိုးလင်းမှာတောင်..ငါကြောက်တယ်.....။

No comments:

Post a Comment