Wednesday, 30 March 2011

မပိုင်သူ


နုတ်ဆက်တယ် ဖေဖေါ်ဝါရီ
ဒီတနှစ် ၂၈ နဲ့ ပြီးခဲ့တယ်...
နှစ်တစ်ခုရဲ့ ဒုတိယလဖြစ်တယ်
အမှတ်တရနေ့တွေရှိတယ်...။
အထင်ကရသတ်မှတ်ချက်တွေရှိတယ်
၁၃ ဖေဖေါ်ဝါရီ ဗိုလ်ချုပ်မွေးတယ်
၁၂ရက်မှာပြည်ထောင်စုနေ့တဲ့
၁၄ရက်မှာခတ်ပေါ်ဝေါဟာရဖြစ်တဲ့
ချစ်သူများနေ့တဲ့
ငါ့အတွက်လဲ အထင်ကရနေ့ရှိခဲ့တယ်
ဖေဖေါ်ဝါရီ ၁၃
ငါ့ရဲ့ ပိုင်ဆိုင်မှု..ထိန်းချုပ်မရနိုင်တဲ့စိတ်
လိုအင်တွေ ပိုင်ဆိုင်ဖို့
ငါ့အနာဂါတ်တွေပေးဆပ်တဲ့နေ့
ငါ့အရေးမှန်သမျှ အပိုင်ပေးခဲ့တယ်
တွက်ကြည့်ရင်(၁၇) နှစ်
ရူးတယ်လို့ပြောချင်ပြော
ပေါတယ်လို့ ဆိုချင်ဆို
ဂေါက်တယ်ဆိုပြီး သတ်မှတ်ချင်မှတ်
အဲဒီအချိန် ရာစုနှစ်တစ်ခုက
လောဘမရှိဘူး..သောကမရှိဘူး
မာနမရှိဘူး အပူမရှိဘူး
ရိုးသားစွာချစ်ခဲ့တဲ့စိတ်
အစိုးမရအောင်ပူလောင်ပြီးလွမ်း
အပိုင်လိုချင် ဆန္ဒစွမ်းကြောင့်
ငါ့ကိုယ်ငါမပိုင်တာ
ခုမှသိတယ်..............

Friday, 25 March 2011

လပြည့်ညအတွေး


လပြည့် ည စာတွေရေး

ဘာလိုလိုနဲ့တပေါင်းလတဲ့

အရင်ကကြားဘူးတယ်

တပေါင်း၊တန်ခူး

အကြောင်းမထူးရင်

ထူးချင်ထူး မထူးချင်လဲနေ

စိတ်ကူးထဲမြူးချင်မြူးနေ

အာရုံမှာလဲ ရူးချင်ရူးနေ

နွေလည်ခေါင်အပူတောမှာ

နှစ်သိမ့်ပြီးဖြေသိမ့်လိုက်တယ်

သံဿရာ ခရီးရှည်.......

Thursday, 24 March 2011

နိဟွန်းကသူငယ်ချင်းသို့


တကယ်ဆို ငါတို့

အဝေးကြီးမှာမဟုတ်ဘူး

အပိုင်းအခြားတစ်ခုက

ရှိခဲ့လို့သာဝေးတယ်ထင်တာ

မင်းနေရာမှာ မင်းဘာသာ

အနည်ကျနေပေမယ့်

ငါကတော့ကြိုးစားနေဆဲပါ

အချိန်တိုင်းလည်းသတိရနေမြဲပါ

ဦးတည်ချက်ငါတို့ရွေးတာ

အသပြာဖြစ်ခဲ့တာမို့

ကိုယ့်လမ်းကိုလျှောက်ရင်း

ကပ်သုံးပါးဘေးဆိုးရန်မှ

လွပ်ကင်းလို့အေးချမ်းစွာ

နေနိုင်ဖို့ ငါဆုတောင်းပေးမှာ။

Saturday, 19 March 2011

အဝေးဆုံးမှာ

အိမ်ကိုပြန်ရင်

ဘာလုပ်မလဲ

လက်ရှိနေရာ....လက်သုံးစကား

ဒီမှာငွေရတယ်..အလှအပပေါတယ်

ဒါမျိုးလေးနဲ့သာရရင်

တသက်လုံးမပြန်

ကျွန်ဆက်ခံမယ်တဲ့

အတုယူမှာလား..အားကျဖို့လား

မွေးခဲ့တဲ့မြေ..ကြီးပြင်းရာအရပ်

ငွေရှာဖို့အတွက်..၀မ်းရေးအတွက်

ငါတို့လာခဲ့တာ

အချိန်တန်ရင်..အိမ်ပြန်ဖို့

သေချာလို့...ထပ်မေးရင်

အိမ်ပြန်ဖို့..အချိန်တန်ရင်

ဒီစကားဝေ့လည်ကြောင်ပတ်

အဖြေမတတ်သရွေ.

ကျွန်ဘ၀..၀ဲဂယက်မှာ

သက်တမ်းတွေရှည်

အိမ်နဲ့ဝေးအုံးမယ်......။

Friday, 18 March 2011

မှားလား

အတွေး

ဘယ်ထိဆက်ရှိနေမလဲ

တကယ်တော့ငါမတွေးချင်ဘူး

စိတ်အာရုံထွေပြားလို့

ခဏလေးအေးချမ်းရင်တောင်

တန်ဖိုးရှိလှဟဲ့လို့

စိတ်ကူးလေးနဲ့ကျေနပ်ဖို့လည်း

ငါ့မှာမရှိပါ.......

လိုအပ်မှု..လိုအင်တွေ

ငါဖြည့်ဆည်းလို့

ငါ့ဖို့ငါ့အတွက်လည်း

မဟုတ်ခဲ့ပါ..။

ဒီနေရာအနေကြာ

ကြုံခဲ့ရဘုံဘဝ

ကောင်း.ဆိုး..နှစ်တန်

အတူရှိလို့

မရှာဘဲရတဲ့တရား

ငါ့ဘာသာငါမှားလားလို့

ဒွိဟစိတ် နဲ့ သုညပါ....