ဘယ်ထိဆက်ရှိနေမလဲ
တကယ်တော့ငါမတွေးချင်ဘူး
စိတ်အာရုံထွေပြားလို့
ခဏလေးအေးချမ်းရင်တောင်
တန်ဖိုးရှိလှဟဲ့လို့
စိတ်ကူးလေးနဲ့ကျေနပ်ဖို့လည်း
ငါ့မှာမရှိပါ.......
လိုအပ်မှု..လိုအင်တွေ
ငါဖြည့်ဆည်းလို့
ငါ့ဖို့ငါ့အတွက်လည်း
မဟုတ်ခဲ့ပါ..။
ဒီနေရာအနေကြာ
ကြုံခဲ့ရဘုံဘဝ
ကောင်း.ဆိုး..နှစ်တန်
အတူရှိလို့
မရှာဘဲရတဲ့တရား
ငါ့ဘာသာငါမှားလားလို့
ဒွိဟစိတ် နဲ့ သုညပါ....
No comments:
Post a Comment