
ခွဲခဲ့တာကြာပေါ့
ငယ်ဘ၀စ
ယနေ့ထိတိုင်
အကျွမ်းတ၀င်
ပန်းသခင်မို့
မင်းကိုအမြဲ
သတိရတယ်
တွေ့ချင်မြင်ချင်
နမ်းရှိုက်ချင်လည်း
သင်းပျံတဲ့
မင်းရနံ့ကို
တမ်းတပေမယ့်
အပန်းမပြေခဲ့
ကာလရှည်ကြာ
ချိုးကာရေတွက်
ထောင်ချီသော
ရက်တွေကြောင့်
ပြန်ဆုံဖို့အေ၇း
ငါ့ကိုလေ....
သင်္ကြန်အမှီ
ပိတောက်ဆီ
ပြန်ပို့ပေးပါ.....။
No comments:
Post a Comment