Sunday 22 May 2011

မစိမ်းပါနဲ့

ချစ်သူ
ငါ့ဝင်းကျင်မှာ
လေပြင်းတွေတိုက်ခတ်
မိုးတွေစွေရွာသွန်း
အုံ့ကာဆိုင်းမှိုင်းညို့ညို့
အရွက်အခက်စိမ်းကာစိုပြီး
အေးစက်စက်အငွေ့အသက်နဲ့
တမ်းတသသလွမ်းရအောင်
ဖြစ်နေတယ်.....
အချိန်တွေတိုင်း သတိရမှုက
တက်နေပမာခက်ဝေဖြာပြီး
ထွန်းလင်းတောက်ပနေပါတယ်
စပါးခင်းစိမ်းတောင်တန်းကစိမ်း
အစိမ်းသက်သက်ကုန်လွန်ရမယ့်
အစိမ်းေ၇ာင်နေ့စွဲရက်တွေထဲမှာ
ချစ်သူရယ်..ငါ့ကိုလေ
စိမ်းမသွားပါနဲ့..............

3 comments:

  1. သံယောဇဉ်တွေ ပြည့်နေတဲ့ ကဗျာလေး ခံစားအားပေး လျှက်ပါ သံယောဇဉ်ရေ....:):)

    ReplyDelete
  2. စပါးခင်းကစိမ်းတောင်တန်းကစိမ်း
    မင်းကတော့ငါ့ကိုမတိမ်းပါနဲ့နော်။။။။
    ဆက်ရေးပေးတာပါသူငယ်ချင်းရေ.......

    ReplyDelete
  3. အချိန်တွေတိုင်း သတိရမှုက
    တက်နေပမာခက်ဝေဖြာပြီး
    ထွန်းလင်းတောက်ပနေပါတယ်။ ကောင်းလိုက်တဲ့စာသားလေး
    ချစ်သူနှင့်အမြန်ပြန်ဆုံနိုင်ပါစေ...

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete