စမ်းတစ်ဝါးဝါး
လမ်းဆက်သွားရင်း
နယ်မြေသစ်ဆီ
ကျွံဝင်ခဲ့ပြီ
အစိမ်းသက်သက်
သိကျွမ်းခက်ပြီ
ရန်သူလားမိတ်ဆွေလား
မကွဲ မပြား
ခရီးဆက်သွားမည်...
စစ်မြေပြင်ရှေ.တန်းမဟုတ်
ေ၇ဗူးနဲ့ ရိက္ခာထုပ်
လုံလောက်စွာမပါသော်လည်း
နှလုံးသား လက်နက်
သံယောဇဉ် ကျည်အပြည့်
လည်စည်းကအပြာေ၇ာင်
ခါးမှာအဖြူေ၇ာင်ချည်နှောင်လို့
ဒီတိုက်ပွဲအတွက်
အသင့်ဖြစ်ပြီ...
Thursday, 28 July 2011
Thursday, 21 July 2011
သိခဲ့တယ်

အချစ်
သက်သေအဖြစ်နဲ့
ဘယ်အရာ ငါ့မှာပြရမလဲ
ချစ်တယ်ဆိုတဲ့ တဖွဖွစကား
ခက်ခဲလှချည်ရဲ့ တို့ဘ၀တွေ
အမြင့်ကိုေ၇ာက်အောင်လှမ်းဖို့အေ၇း
တစ်ခါလှမ်းတိုင်း ယိုင်ကာလွမ်းရလို့
ဝေးကွာလွန်းတဲ့ အခြေအနေ
သိခဲ့ပါတယ် ချစ်သူ...........
Monday, 18 July 2011
တော်ရာ

မုန်တိုင်းရှိလို့ မိုးရွာတာ
ဒီအချိန်အရမ်းပူတဲ့နွေလေ
မုန်တိုင်းကိုကျေးဇူးတင်ရမလား
ပူလွန်းတဲ့နွေကိုအပြစ်ဖို့မှာလား
လူ့အလို နတ်မလိုက်နိုင်ခဲ့
အေးရင်လဲသွေးခဲမတတ်
ပူရင်လည်းချွေးတပြိုက်ပြိုက်
အစွန်းေ၇ာက်တဲ့ အရပ်
ကျေနပ်အောင် နေတတ်ဖို့
လောကဓံတရားလက်ကိုင်ထား
အသိတွေပွား မေတ္တာထားရင်း
တော်ရာအရပ်မှာနေခဲ့တယ်.......
Thursday, 14 July 2011
ဆုတောင်း

သရုပ်ဆောင်ကောင်းခဲ့တာမဟုတ်ဘူး
အပူရုပ်ကိုပြင်မြူးကာရွှင်လို့
လူအများကသိခဲ့တာပါ.....
တစ်နေရာမှာတစ်ယောက်တည်း
နေလာတာကြာခဲ့လို့
ကိုယ့်စကားကိုပြောကိုယ်ပိုင်တဲ့အတွေး
ကိုယ်မြင်ရာကိုယ်ေ၇းပြီး
သိသိသာသာထူးပြီး
မသိမသာရူးခဲ့တာပါ.....
ပြင်ပအခြေအနေကြည့်တော့လည်း
ငွေနောက်လိုက်လို့ အချို.လည်း
လူဖြစ်ရှုံးကြတယ်...
မသာယာတဲ့အရပ်မှာ
ယမကာအရက် မှီကာဖက်ပြီး
အရက်ကျွန်ဖြစ်ကြတယ်..။
ဆန့်ကျင်ဘက်အထိအတွေ့ကို
သာယာမက်မော
ဘာသာမဲ့လူမျိုးကွဲ
တဏ္ဍာကိုစိတ်စွဲပြီး
ေ၇ာက်တဲ့ဆီမှာနေဖို့ဘဲလို့
တွေးသူတွေလည်းရှိတယ်။
ဒီသက်ရွယ်ထိ စိတ်ကြံရာမရ
နိဗ္ဗာန်ကိုတပြီး မျက်မှေက်ပြုပါရစေလို့
ဆုံးဖြတ်ဖို့ကြံသူတွေလည်းရှိတယ်...။
အကြောင်းကိုယ်စီနဲ့ ဝေးတဲ့ဆီမှာ
ကျင်လည်ကြက်စား..အိုလူသားတို့
ဖြစ်သမျှကြုံ လူ့ဘ၀ဘုံမှာ
လူလည်းကျန်းမာစိတ်လည်းချမ်းသာ
ဘေးဘယာပ..ပစ္စည်းဥစ္စာကြွယ်ဝခြင်းသည်
ဟောတုဖြစ်ပါစေသတည်းလို့
ကြာနီကန် တရား အဆုံးသတ်ပြီး
ဆုတောင်းလိုက်တယ်.....။
Sunday, 10 July 2011
၎ လအကြာ....

၂၀၁၁ မတ်လ၁၁
အချိန်က ၂နာရီ၄၅
ပြင်းလွန်းတဲ့ ငလျင်အား
၈ဒဿမ၉ တဲ့လား
အော်..ဘုရား..ဘုရား
ဘယ်လိုတွေဘာတွေဖြစ်
ပြင်းချက်ကမသက်သာ
ရုပ်ရှင်ထဲကအလား
သဏ္ဍန်တူမမှားအောင်
ကြမ်းတမ်းစွာသရုပ်ဆောင်
လှိုင်းတံပိုး ဘေးဆိုးက
ကျေ၇ာက်ခဲ့တယ်.....
မိတ်ဆွေအသိများစွာရှိလို့
စိတ်တွေပူခေါင်းတွေကြီး
သောကပူပင်ဖြစ်ခဲ့တယ်
သတင်းမေးဖို့အေ၇း
စီကာစဉ်ဖုံးနံပါတ်များစွာထဲက
ဘာကြောင့်မှန်း မသိ
ဦးစားပေး (၁) ဖြစ်ပြီး
မင်းနံပါတ်ကိုမှ
ဦးစွာပထမနှိပ်မိတယ်.......
Thursday, 7 July 2011
JULY

ဂျူလိုင်မှာ
ခရီးတစ်ခုအစပြုထွက်ခွာ
နှစ်တွေကြာခဲ့
ရက်ရာဇာ ပြဿဒါး
မရွေးခဲ့ လို့လား
နေ့ကောင်းရက်မြတ်
မသိခဲ့တာလား
မင်းတို့ထွက်ရက်ရာဇာ
ဆို၇ိုးလည်းရှိခဲ့တာဘဲ
တရားလားမှားလား
လှေကြုံလိုက်
သိသလိုနဲ့မိုက်
မရှိသလိုအခိုက်မှာ
အစုအဝေးငါ့နဘေးမှာ
တရားတဲ့ နောင်တ
အပုံအပင်....
Sunday, 3 July 2011
စိုးစိတ်

ညတစ်ည ရဲ့အတ္တုပတ္တိ
ခံစားမှုရှိပြီးဖြစ်လို့
ရင်ခွင်ပျောက်သူ
တစ်ယောက်အနေနဲ့
တစ်ညတာခရီးတွေက
ရှည်လျားနေလေရဲ့
တကယ်လားလို့
ခဏခဏမေးချင်ခဲ့
အိပ်မက်တွေလားလို့
ထင်ေ၇ာင်မှားခဲ့
ချစ်တယ်ဆိုတဲ့
အနက်အဓိပ္ပါယ်
တန်ဖိုးထားတယ်ဆိုတဲ့
ဥပဒေတစ်ခု
ဘောင်ခတ်ပြီးဖြစ်နေတဲ့
တစ်ခုသောနှလုံးသား
အမှဲ့ချွေမှာလားဆိုပြီး
စိုးထိတ်နေသူ........
Subscribe to:
Posts (Atom)