
၂၀၁၁ မတ်လ၁၁
အချိန်က ၂နာရီ၄၅
ပြင်းလွန်းတဲ့ ငလျင်အား
၈ဒဿမ၉ တဲ့လား
အော်..ဘုရား..ဘုရား
ဘယ်လိုတွေဘာတွေဖြစ်
ပြင်းချက်ကမသက်သာ
ရုပ်ရှင်ထဲကအလား
သဏ္ဍန်တူမမှားအောင်
ကြမ်းတမ်းစွာသရုပ်ဆောင်
လှိုင်းတံပိုး ဘေးဆိုးက
ကျေ၇ာက်ခဲ့တယ်.....
မိတ်ဆွေအသိများစွာရှိလို့
စိတ်တွေပူခေါင်းတွေကြီး
သောကပူပင်ဖြစ်ခဲ့တယ်
သတင်းမေးဖို့အေ၇း
စီကာစဉ်ဖုံးနံပါတ်များစွာထဲက
ဘာကြောင့်မှန်း မသိ
ဦးစားပေး (၁) ဖြစ်ပြီး
မင်းနံပါတ်ကိုမှ
ဦးစွာပထမနှိပ်မိတယ်.......
No comments:
Post a Comment