
သိစေချင်လို့ မဟုတ်ဘူး
ဖွင့်ဟလိုက်တာပါ...
ဆွံ့ အနေတာမဟုတ်ဘူး
မျိုသိပ်ထားတာပါ....
ခံစားချက်မရှိတာမဟုတ်ဘူး
အခံရ ခက်နေတာပါ.....
မလွမ်းတတ်တာမဟုတ်ဘူး
ဝေဒနာထပ်တိုးနေတာပါ..
မချစ်တတ်လို့မဟုတ်ဘူး
ချစ်ခြင်းရဲ့ အပြစ်
ရင်ဖွင့်လို့ကြည့်တော့
နှလုံးသား ဒဏ်ရာ
ပြန်ကုရအုံးမှာမို့
အချစ် ကို
တားဆီးထားတာပါ......။
No comments:
Post a Comment