လေ၇ာင်ကိုလွမ်းလို့

သန်းခေါင်ကျော်အချိန်
ရင်တွင်းအပူဒဏ်
ဗလောင်ဆူပြန်လို့
ကံသာမရှိဥာဏ်သာမသိ
လင်းလိုက်ပါကံကြမ္မာရယ်
မရှိတာလည်းသိ
မဖြစ်တာလည်းသိ
ဒီကနေ့ကနေမနက်ဖန်
ဒီနှစ်ကနေနောက်နှစ်ထိ
ပြီးပါပြီဆိုတဲ့ဇတ်သိမ်း
တကယ်မလွတ်ငြိမ်းလို့

ရိုက်ရမည်......
အေးချမ်းမှုကိုလိုချင်
တိတ်ဆိတ်မှုကိုနှစ်သက်
ပြောင်းပြန်မဖြစ်ခဲ့အသိတရား
အမှား နဲ့ အမှန်
ဥာဏ်ဝေးကာစဉ်းစာတွေး
အမှန်ပေးဖို့ မဖြစ်နိုင်သေး
မှိုင်တွေးလို့ ထပ်ကာဝေး
နှောက်လှည့်ရန်စဉ်းစား
အစကတစ်ပြန်စဖြစ်ရင်
ခတ်သစ်ရဲ့သဘောထား
အသပြာမပါရင်အမောသား
ပြောထားတာသိရက်နဲ့
နောက်ဆုတ်ဖို့အားတင်း
အကြောင်းအကျိုးအတွက်
အကောင်းအဆိုးအလေးက
ဘယ်ဘက်ကိုသာမည်ထင်

စိတ်ဆန္ဒအကျဉ်းကျ
လွတ်မြောက်ဖို့ ချခဲ့တဲ့
ဟင်း....ဆိုတဲ့ သက်ပြင်း
ကာယကံလည်းမမြောက်
ဝဇီကံလည်းမဖေါက်
မနောကံသာ မြောက်ခဲ့လို့
လွတ်ငြိမ်း လို့ ချမ်းသာ
အတည်ပြုဖို့ရာ အခက်ပါ။
၃ရက်၁၁လ၂၀၁၁ခုနှစ် မနက်၎နာရီအကျော်
No comments:
Post a Comment