Thursday 12 January 2012

တစ်မိုးအောက်

ထိန်းထားတဲ့ ကြားက

လွတ်ထွက်သွားခဲ့တာ

“ချစ် ”စကားတစ်ခွန်းပါ။

အသက်ကာလပိုင်းခြား

နုနယ်တဲ့အလှဘုရားလို့

တင်စားလို့ခေါ်ချင်စရာ

အမြင်မမှားစရာတော်ဝင်သူပါ။

ကံတရားရဲ့ဒဏ်

အမှတ်ထားလို့ခံခဲ့ရလည်း

ဖေးမကာ ကူလက်တွဲလို့

အားသစ်တဖန်ဖြစ်စေပြန်တယ်။

ပိုင်ဆိုင်မှုမလိုဘူး

ပြိုင်ဆိုင်မှုမလိုဘူး

ချစ်စစ်သာအရင်းခံ

ကြံခိုင်လို့အားကိုတင်း

ပြိုင်ဘက် နဲ့လည်း

စစ်မခင်းနိုင်ပါ.....

သူ့ဆီက အကြင်နာ

သာယာသံလေပြေညှင်း

ရင်ကိုခွင်းထိုးဖေါက်လို့

တစ်မိုးအောက်တစ်ယောက်သာ

ချစ်ခဲ့ရသူပါ........


No comments:

Post a Comment