Wednesday 15 February 2012

အမေ ထံသို့

မသိတာ မဟုတ်ခဲ့ဘူးအမေ
မရှိတာကို ထုတ်ပြောဖို့ခက်တာပါ
စွန့်ခွာတာကြာခဲ့တော့
အမေ့ရင်ကိုသတိရပါတယ်

လမ်းတွေကခက်တယ်အမေ
အလှမ်းတွေလည်းကွာဝေးတော့
အမေ့သားအသိတွေက
ပြင်ဖို့ကြိုးစားရင်း
ခက်သထက်ခက်
နက်သထက်နက်ပါတယ်

အမေ့ဆီကပို့သမေတ္တာတွေလေ
သား ကျေနပ်စွာခံယူရင်းနဲ့
သားမပျော်တဲ့ ဒီလိုနေရာတွေမှာ
ဝမ်းစာအတွက်ကြိတ်မှိတ်ငြိမ်ခံရင်း

တာဝန်မကျေတဲ့ သားအပြစ်တွေအတွက်
ခွင့်လွှတ်ပါလို့ တောင်းပန် ကန်တော့ရင်း
အမေ ကျန်းမာချမ်းသာပါစေလို့သာ.......





                   

No comments:

Post a Comment