Wednesday 23 May 2012

အဆိပ်ပန်း

နေပူမှ စိမ်းလန်း
စိုပြေတဲ့ ပန်းအလှတွေနဲ့
ပနံသင့်လို့ကဗျာဆန်
ပင်ပျိုတွေရွက်နုဖြာလို့
ပင်အိုတွေကြား
လှနေတယ်.......

ပင်မြင့်က ပန်းတော်ဝင်အလား
အသွင်တင့်စွာ အလှဆင်ရင်း
မာနတံခွန်လွှင့်ကာထူလို့
သူလိုကိုယ်အရွယ်တူတွေကို
မတူကာမတန်ဘူးရယ်လို့
ဘ၀င်မြင့်လှချည်လား
ပန်းသခင်ရယ်..

၇နံကထုံကာသင်း
၇ှုရှိုက်ယစ်မူး အလှထူးလို့
စွဲဆောင်ရာတပ်မက်နေရင်း
အတန်ကြာမှ သိလိုက်တာက
မင်းဟာလေ....
အဆိပ်ပန်း တစ်ပွင့်
ဖြစ်ကာနေတယ်.......

No comments:

Post a Comment