Thursday 23 June 2011

ထာဝရအတွက်


အချစ်ကိုလေ

ဆိုလိုချက်အမျိုးမျိုး

ဖွင့်ဟမှုအသွယ်သွယ်နဲ့

စီကာပါတ်ကုံးသီကာသုံးပြီး

ချစ် တတ်ကြပါတယ်...

သူ့မှာ နောက်ဆက်တွဲအနေနဲ့

သ၀န်တို၊အမြင်ပို၊အလွမ်းအဆွေး

သောကဗျာပါတွေလဲ ရှိတယ်

ဒီ့ထက်ပိုကာအဆုံးသတ်

အမုန်းဇတ်တွေနဲ့ ပြီးတယ်

ဒီလိုမဖြစ်အောင်

နားလည်မှုကိုဆောင်

စာနာကာတွက်ဆ

ညှာတာကာယုယပြီး

မာနတွေခ၀ါချ

သဒ္ဒါတွေတိုး

အကြင်နာ မိုးလို့

ကြည်ဖြူစွာ ချစ်ကြစို့....

1 comment:

  1. ချိုမြသော ကဗျာလေးပါ။ ကဗျာထဲကလိုပဲ မာနတွေကင်းပြီး နားလည်စာနာမှုတွေ နဲ့ မေတ္တာအားများတဲ့ အချစ်ကသာ တကယ်အေးမြတာပါ...

    ReplyDelete