Thursday 30 June 2011

အနားသတ်ကမ်းစပ်


ငါသွားတဲ့လမ်း
စမ်းတ၀ါးဝါးနဲ့
နှစ်ရှည်လများ
လျှောက်ကာသွားခဲ့ပေါ့
ပျော်စရာနေ့တွေလည်း
တချို.တ၀က်ရှိခဲ့တယ်...
တမ်းတစရာ
လွမ်းခဲ့တဲ့အရာတွေလည်း
ငါကိုယ်ပိုင်ဖြစ်ခဲ့ပါတယ်...
သိသိသာသာနဲ့
အောင်မြင်မှုဆိုတာ
တိုးတက်မလာပေမယ့်
ဒီ့အပြင်လမ်းထပ်ကာငါလှမ်းလို့
ရွေးဖို့အတွက် မရှိခဲ့ပါ....
သက်ေ၇ာက်မှုရှိတဲ့
တုန့်ပြန်မှုတွေနဲ့
ငါ့ဆီေ၇ာက်ရှိ
နူးညံတဲ့အချစ်ကိုလည်း
သိမ်ငယ်မှုတွေနဲ့
တုန့်ပြန်မှု ဆိုတာ
မတတ်စွမ်းခဲ့ပါ....
သံယောဇဉ်အရင်းအနှီး
တန်ဖိုးရယ်ကြီးလေတော့
အပြင်လူမသိ
ဒီလူသာ ရင်ထဲထိခဲ့တာပါ..
လွမ်းတတ်တာ ၀ါသနာလို့
ငါ့ဟာငါပြောငါ့ဇတ်မျောမှာ
အဆန်မရှိစုန်ကာဆင်းပြီး
သမုဒ္ဓရာေ၇စီးကြောင်း
မျောပါပြောင်းလို့
အနားသတ်မဲ့ ကမ်းစပ်
ငါ့ဆီတစ်နေ့
ေ၇ာက်လာပါလို့သာ.....

1 comment:

  1. သံယောဇဉ်အရင်းနှီး
    တန်ဖိုးရယ်ကြိးလေတော့
    အပြင်လူမသိ ဒီလူရင်သာ ထိခဲ့တာ ..တဲ့လား..
    ကောင်းလိုက်တဲ့ စာသား ...
    ခံစားအားပေးလျှက်..

    ReplyDelete